
လမ်းပျောက်နေတဲ့ လူငယ်တွေ ဒီမေးခွန်းတွေဖြေကြည့်ပါ။
လူငယ်တွေဟာ ဒီကာလမှာ ဘာလုပ်ရမှန်းမသိဖြစ်နေကြတာ မြင်ရတာ တကယ်စိတ်မကောင်းဖြစ်ရပါတယ်။
လူငယ်တွေဟာ အင်မတန်တန်ဖိုးရှိပါတယ်။
အင်မတန် သင်ယူနိုင်တယ်။တွေးနိုင်တယ်။လုပ်နိုင်တယ်။
ဒါ့ကြောင့် အထူးသဖြင့် ၁၈ – ၂၅ ကြားလူငယ်တွေ လမ်းပျောက်နေတာကို အဖြစ်မခံနိုင်ပါဘူး။
လမ်းဖောက်တယ်ဆိုတာကလဲ မိမိကိုယ်တိုင်ပေါ်ပဲမူတည်ပါတယ်။
ဆင်ခြေတွေပေးပြီး ဘယ်အချိန်အထိနေမှာလဲ ?ဘာမှလုပ်လို့မရဘူးဆိုပြီး ဘယ်အချိန်အထိ ထိုင်နေမှာလဲ ?
စိတ်ဓာတ်မကျပါနဲ့ ။
လုပ်စရာရှိတာဆက်လုပ်ပါ။ သင်ယူစရာရှိတာသင်ယူပါ။ ဘာမှမလုပ်နိုင်တဲအခြေအနေဆိုပြီးအချိန်တွေအလကားအကုန်မခံပါနဲ့။
ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေရင် ဒီမေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။
✅1. ကိုယ်ဟာ ဘယ်လိုလူလဲ?
✅2.ကိုယ့်ဘဝမှာဘယ်လိုပုံစံမျိုးနဲ့အောင်မြင်ချင်တာလဲ ?
✅3.ဘယ်နယ်ပယ်မှာအောင်မြင်ချင်တာလဲ… ?
✅4.ဘယ်တော့အောင်မြင်ချင်တာလဲ… ?
✅5.ဘယ်အနေအထားထိအောင်မြင်ချင်တာလဲ…?
ဒါတွေ ခေါင်းအေးအေးထားပြီးစဉ်းစားပါ ။
ဒီအချက်တွေဟာ ဘဝမှာ အဓိကFoundation တွေပါ။
သေချာစဉ်းစားပါ။အချိန်ပေးသင့်ရင်ပေးပါ။
အဲ့လိုမှမတွေးခဲ့ရင် ကိုယ်မပျော်ရတဲ့အလုပ်တွေလုပ်ရပါလိမ့်မယ်။
ဘဝက အချိန်တွေသာကုန်နေပေမဲ့အဓိပ္ပာယ်မဲ့သလိုဖြစ်နေမယ်။
ကိုယ်ကဘာဖြစ်ချင်လဲသိမှ ဘယ်လမ်းသွားရမလဲ ဆိုတာသိပါလိမ့်မယ်။
ဆက်မေးရမဲ့ မေးခွန်းတွေက
✅6. ဘယ်လိုအောင်မြင်အောင်လုပ်မှာလဲ (ဆင်ခြင်မပေးပါနဲ့ )
✅7. ဘာ စ လုပ်ရင်ရမလဲ…?
✅8. ဘယ်အချိန်စလုပ်မှာလဲ …?(Just do it now)
ကောက်ရိုးမီးတော့မဖြစ်ပါစေနဲ့ ။စဉ်ဆက်မပြတ် လုပ်ပါ။
သူများ ဖောက်တဲ့လမ်းကို မလျှောက်ပါနဲ့။
ကိုယ်လမ်းကိုဖောက်ပြီး ကိုယ်လမ်းကို လျှောက်ပါ။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website