
တစ်ခါတုန်းက ဒသနိကဗေဒ ပါမောက္ခတစ်ယောက် က အတန်းမစခင်မှာ စားပွဲပေါ်မှာ ပစ္စည်း ပစ္စယ တချို့ တင်ပြီးတော့ ရပ်နေပါတယ်။
အတန်းလည်းစရော … ဘာမပြောညာမပြော နဲ့ ခရား အလွတ်တစ်ခု ကို ယူပြီးတော့ ကျောက်ခဲတွေ ထည့်လိုက်ပါတယ်။
ပြီးတော့ မှ “ဒီ ခရားက ပြည့်နေပြီလား” လို့ ကျောင်းသားတွေကို မေးလိုက်ပါတယ် …
ကျောင်းသား တွေကလည်း “ပြည့်နေပါပြီ” လို့ ဖြေကြပါတယ် … ။
အဲဒါနဲ့ ပါမောက္ခကြီးက ကျောက် စရစ်ခဲလေးတွေ ကောက်ပြီးတာ့ ခရားထဲကို လောင်းထည့် လိုက်ပါတယ် … ။
ခရားကို ဖြည်းဖြည်းခြင်း လှုပ်ပြီးတော့ ဆက်ထည့်ပါတယ် … ။
ကျောက်စရစ်ခဲလေး တွေက ပထမ ထည့်ထားတဲ့ ကျောက်ခဲတွေကြားက နေရာလွတ်လေးတွေကို … ရသလောက် နေရာဝင်ယူ ကြပါတယ်။
ပါမောက္ခကြီးက ကျောင်းသားတွေကို “ဒီ ခရားက ပြည့်နေပြီလား” လို့ ဆက်မေးပြန်ပါတယ် … ။
ကျောင်းသားတွေကလည်း “ပြည့််နေပါပြီ” လို့ ထပ်ဖြေကြပြန်ပါတယ် … ။
ဆက်ပြီးတော့ ပါမောက္ခကြီးက သဲတစ်ဗူးကို ယူပြီးတော့ ခရားထဲကို လောင်းထည့်ပြန်ပါတယ် … ။
သဲတွေကလည်း ခရားထဲမှာရှိတဲ့ နေရာလွတ်မှန်သမျှ နေရာဝင်ယူလိုက်ပါတယ် … ။
နောက် ထပ်တစ်ကြိမ် ဆက်ပြီးတော့ ပါမောက္ခကြီးက “ခရားက ပြည့်ပြီလား” မေးပြန်ပါတယ် … ။
ကျောင်းသားများကလည်း “ဟုတ်ကဲ့ပါ” လို့ တစ်ညီတစ်ညွတ်တည်း ဖြေကြပါတယ် … ။
“ကဲ … ဒီခရားကို မင်းတို့ ဘဝ လို့ ဆိုကြပါစို့ …
ကျောက်ခဲတွေက မင်းတို့ဘဝရဲ့ အရေးကြီး တဲ့ အရာတွေပဲ …
ဆိုလိုတာက ကိုယ့်ရဲ့မိသားစု၊ ကျန်းမာရေး၊ တွေပေါ့ …
ကျန်တဲ့အရာတွေ ဆုံးရှုံးရင် တောင်မှ အရေးကြီးတာတွေက ကိုယ့်ဘဝထဲမှာ ကျန်နေသေးပါတယ် … ။
ကျောက်စရစ်ခဲတွေကတော့ မင်းတို့ရဲ့ အလုပ်အကိုင်၊ အိမ်၊ ကား စတဲ့ အခြားကိစ္စတွေပေါ့ … ၊
သဲတွေကတော့ ဘဝရဲ့ အသေးအဖွဲ့ကိစ္စ လေးတွေပေါ့ …
တကယ်လို့သာ မင်းတို့က သဲတွေကိုသာ ခရားထဲကို အရင်ထည့်လိုက်မယ် ဆိုရင် ကျောက်ခဲတွေ၊
ကျောက်စရစ်ခဲတွေ ထည့်ဖို့ နေရာ ရှိမှာ မဟုတ်တော့ဘူး … မင်းတို့ရဲ့ လုပ်နိုင် သမျှ စွမ်းအားတွေ၊ အချိန်တွေကို အသေးအဖွဲ့ ကိစ္စလေးတွေအတွက်ပဲ အသုံးပြု လိုက်မယ်ဆိုရင်၊
အခြားအရေးကြီးတဲ့ ကိစ္စတွေကို လုပ်နိုင်တော့မှာ မဟုတ်တော့ပါဘူး ။
ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ကြပါ … ၊
မိသားစုကို အချိန်ပေးပါ၊ အလုပ် ကိစ္စတွေကို ဂရုစိုက်ပါ … ကျန်တာတွေ ကတော့ သဲတွေလိုပါပဲ … ” လို့ ပါမောက္ခကြီးက ဆုံးမပါတယ် … ။
ကျွန်တော်တို့ ဘဝတွေတိုင်းဟာ အချိန်တွေနဲ့ တည်ဆောက်ထားတာပါ … ကုန်လွန်သွားတဲ့ အချိန်တွေကို ပြန်လိုချင်လို့ မရပါဘူး။
ဒါကြောင့်မို့ ရထားတဲ့ လူဘဝ အချိန်ခဏလေးကို ဘဝအတွက် အရေးမပါ တာတွေ နဲ့ မကုန်ဆုံးစေဘဲ …
အရေးကြီးတာတွေကိုအရင်လုပ်ပြီး … တန်ဖိုးရှိအောင် လုပ်ကြပါစို့ …. ။
Credit – Aung Ko Latt (ရာမညမြေ)