သင်မြင်ဖူးကြားဖူးမှာမဟုတ်တဲ့ ကမ္ဘာ့အထူးဆန်းဆုံးသစ်သီး(၇) မျိုး

စာဖတ်သူပရိသတ်တွေထဲ သစ်သီးတွေကို အရမ်းကြိုက်တဲ့သူရှိလားမသိဘူး။ရှိရင်တော့ ပရိသတ်တို့အကြိုက်တွေ့လောက်တဲ့ ကမ္ဘာပေါ်က အထူးဆန်းဆုံး သစ်သီး(7) မျိုးကို ဖော်ပြသွားမှာဖြစ်ပါတယ်။

(၁)ဗုဒ္ဓရဲ့လက် လို့ခေါ်တဲ့ ဒီအသီးကတော့ အရည်ရယ် အသားရယ်လို့ သေသေချာချာမရှိပေမယ့် အခွံတွေက ချိုပြီးစားလို့ကောင်းပါတယ်တဲ့။

(၂)သစ်တုံးပန်းသီးလို့ခေါ်တဲ့ ဒီပန်းသီးကတော့ ဒိုင်နိုတောဥနဲ့တောင် တူပါတယ်။ချိစ့်နဲ့စပျစ်သီးနဲ့ရောထားတဲ့အနံ့ရှိပါတယ်။

(၃)Ackee လို့ခေါ်တဲ့ ဒီအသီးကတော့ Jamaica မှာရှိပါတယ်။အထူးသတိထားရမှာက သူ့ဟာသူ ပွင့်လာပြီးမှသာ စားရပါတယ် မဟုတ်ရင်တော့ အတိတ်မေ့ (သို့) သေတဲ့အထိ ဖြစ်စေတတ်ပါတယ် ။

(၄)ရေခဲမှုန့်ပဲသီး လို့ခေါ်တဲ့ ဒီအသီး ၃ ပေလောက်ထိ ကြီးတတ်ပါတယ်။အသီးရဲ့အရသာက တကယ် ရေခဲမှုန့်နဲ့တူပါတယ်။

(၅)Pineberries လို့ခေါ်တဲ့ စတော်ဘယ်ရီအဖြူလေးကတော့ စတော်ဘယ်ရီနဲ့နာနတ်သီးအရသာ ပေါင်းစပ်ထားတဲ့ အရသာပါ။

(၆)စုန်းမလက်ချောင်းစပျစ်သီး လို့ခေါ်တဲ့ ဒီလိုစပျစ်သီးလည်းရှိပါတယ်နော်။သာမန် စပျစ်သီးတွေထက် အများကြီးပိုချိုပါတယ်။

(၇)Horned Melon လို့ခေါ်တဲ့ အစွယ်ပါ သခွားသီးမျိုးဖြစ်ပါတယ်။Jelly Melon လို့လည်းခေါ်ပြီးတော့ အရသာကတော့ သခွားသီးနဲ့တူပါတယ်။

ဝင်ရောက်ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။
Shwe Yaung Myanmar (writer -KK)