သင်းခွေချပ် နဲ့ ပတ်သတ်ပြီး ယုံတမ်းစကားများ

ရိုးမပေါ်တက်ပြီး သစ်ခုတ်ဝါးခုတ်ကြတဲ့သူတွေ အချင်းချင်းလူစုကွဲကြတဲ့အခါ အူသံပေးပြီး ဆက်သွယ်ကြပါတယ်။

တောထဲမှာ နာမည် မခေါ်ရဘူး။ ခေါ်မိရင် သင်းခွေချပ်က မှတ်ထားပြီး အဲဒီနာမည်ကို ခေါ်တတ်တယ်။ ပြန်ထူးမိရင် သေတာပဲတဲ့။

သင်းခွေချပ်ကို Pangolin လို့ခေါ်ပါတယ်။ အာရှတိုက်နဲ့ အာဖရိကတောင်ပိုင်းမှာ တွေ့ရတယ်။

ပုရွက်စားကောင်မျိုးပါ၊ခြတွေ၊ ပုရွက်ဆိတ်တွေကို စားတယ်။ တစ်ကိုယ်လုံး အကြေးခွံမာတွေပြည့်နေတယ်။

သူ့မှာ သွားတွေ မရှိဘူး။ သင်းခွေချပ်က အန္တရာယ်နဲ့ကြုံလာရင် ထွက်မပြေးတတ်ဘူး။

ခေါင်းကို အထဲမှာထားပြီး တစ်ကိုယ်လုံးကို လုံးပစ်လိုက်တာ။

အဲဒါကြောင့် သင်းခွေချပ်တွေ့ရင် လန့်အောင်သာ ခြောက်ပေးလိုက်။ လုံးသွားရင် အသာလေး ကောက်ယူလိုက်ရုံပဲ။

တရုတ်တို့၊ ဗီယက်နမ်တို့မှာ သင်းခွေချပ်သားကို စျေးကြီးပေးစားကြတယ်။

တရုတ်တိုင်းရင်းဆေးဆရာတွေက သင်းခွေချပ် အခွံတွေကို အရောင်လျော့ဆေးတွေ၊ ကင်ဆာပျောက်ဆေးတွေ ဖော်ကြတယ်။

ဒါကြောင့် သင်းခွေချပ်ဟာ စျေးကောင်းရတယ်။ မှောင်ခိုစျေးကွက် ရှိတယ်။

သင်းခွေချပ်တစ်ကောင် ဖမ်းမိလာပြီဆိုရင် သေတ္တာထဲထည့်ပြီး သော့ခတ်ထားတာတောင် ညဘက်ရောက်ရင် ပျောက်သွားတတ်တယ်လို့ ဆိုကြပါတယ်။

သူ့မှာ ကိုယ်ပျောက်နိုင်တဲ့ အကြေးခွံတစ်ခု ရှိလို့ တဲ့။ လမိုက်ညမှာ သူ့ရဲ့ အကြေးခွံတစ်ခုချင်းကို ဆေးကြိမ်လုံးနဲ့ တို့ကြည့်၊

စွမ်းတဲ့အကြေးခွံကို ထောက်မိရင် ကောင်းကင်မှာ ကြယ်တွေလတွေ မြင်ရတယ် တဲ့။

အဲဒီအကြေးခွံကို ဖြုတ်ယူပြီး ဆောင်ထားရင် ကိုယ်ပျောက်တယ် တဲ့။ ယုံတမ်းစကား ရှိတယ်။

ကျွန်တော်တို့ကတော့ လက်တွေ့ အသုံးချပါတယ်။ သင်းခွေချပ်အကြေးခွံကို လက်စွပ်ထွင်းဝတ်ကြတယ်။ ဂစ်တာလက်ခတ် လုပ်ကြတယ်။

တချို့လည်း အပေါက်ဖောက်ပြီး လည်ပင်းမှာ အလှဆွဲကြတယ်။ နိုင်ငံခြားက သူဌေးတွေကတော့ လက်ကိုင်အိတ် လုပ်ကြတယ်တဲ့။

အခုတော့ ဒီသတ္တဝါလေးတွေလည်း သိပ်မတွေ့ရတော့ပါဘူး။ ရှားပါးလာပြီ။

မကြာခင် မျိုးသုဉ်းပျောက်ကွယ်သွားမယ်လို့တောင် ထင်မိပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website