နှစ်ပေါင်း ၃၀ ကြာအောင် Mobile Legends ဂိမ်းဆော့ခွင့် ပိတ်ခံလိုက်ရတဲ့ ကလေး

Mobile Legend ဂိမ်းဆိုရင် လူငယ်လူရွယ်တွေသာမက၊

ကျောင်းသားလူငယ်တွေပါ တမ်းတမ်းစွဲနေတဲ့ဂိမ်းဆိုတာကို အားလုံးသိပြီးသားဖြစ်မှာပါ။

ကိုယ်နေ့တိုင်းနီးပါး အချိန်ပေးပြီး ဆော့နေရာကနေ ရက်သောင်းချီပြီး၊

ဂိမ်းဆော့ခွင့်အပိတ်ခံလိုက်ရမယ်ဆိုရင်တော့ ဘယ်သူမဆို ပြင်းပြင်းထန်ထန်ကြေကွဲမိမှာအမှန်ပါပဲ။

အခုဓါတ်ပုံလေးထဲမှာ အားရပါးရငို​ကြွေးနေတဲ့ကလေးလေးကတော့ သူစွဲစွဲလမ်းလမ်းဆော့နေတဲ့၊

Mobile Legend ဂိမ်းကစားခြင်းကို ၁၀၉၄၉ရက်ကျော်ကြာ အပိတ်ခံလိုက်ရတဲ့အတွက် ကြေကွဲဝမ်းနည်းနေတာပဲဖြစ်ပါတယ်။

ဒါကိုဖခင်ဖြစ်သူက သားရဲ့ဖြစ်ပျက်နေပုံကို အင်တာနက်ပေါ်တင်ကာ သားဖြစ်သူကြေကွဲနေပုံလေးကို မှတ်တမ်းတင်ခဲ့တာပဲဖြစ်ပါတယ်။

ဂိမ်းဆော့ခွင့်ရက်ပေါင်း၁သောင်းကျော်အပိတ်ခံလိုက်ရတာဟာ နှစ်၃၀အပိတ်ခံလိုက်ရတာဖြစ်လို့ ၊

ကလေးငယ်ကတော့ ဘေးပတ်ဝန်းကျင်ကိုတောင်ဂရုမစိုက်နိုင်ဘဲ တစ်ဦးတည်းနေရခက်နေရှာပါတယ်။

ဖခင်ဖြစ်သူကတော့ သားဖြစ်သူဂိမ်းဆော့ခွင့်အပိတ်ခံရတဲ့အကြောင်းအရင်းကိုမတင်ထားပေမယ့် ။

အင်တာနက်သုံးစွဲသူတွေကတော့ cheat code တွေကိုသုံးစွဲမိလို့ အဘမ်းခံရတာဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

Shwe Yaung Myanmar ( Writer – LLA )