
အိမ်မှာထားရင် ကံကောင်းခြင်းတွေရောက် လာစေတဲ့ ပစ္စည်း (၇)မျိုး….
အိမ် တွင်းမှာ ရိုးရှင်းတဲ့ ပစ္စည်းလေးတွေကို သုံးပြီး ကောင်းတဲ့စွမ်းအင်တွေ ပိုတိုးလာအောင်၊ အညံ့တွေ လျော့အောင် လုပ်လို့ရပါတယ်။
အခုပြောပြမယ့်နည်းလမ်းက ဗေဒင်၊ ယ တြာ၊ အဆောင်လက်ဖွဲ့ မဟုတ်ပါဘူး။
နိုင်ငံအသီးသီးရဲ့ ဓလေ့ထုံးတမ်းတွေမှာကံကောင်းစေတယ်လို့ ယုံကြည်ထားကြတဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။
(၁) ဓာတ်(၅)မျိုး…
တရုတ်ရိုးရာ နည်းလမ်းတွေထဲက အရိုးရှင်းဆုံးနဲ့ အခြေခံအကျဆုံး တစ်ခုကတော့ အိမ်တွင်းမှာ သစ်သား၊ ရေ၊ သတ္တု၊ မြေကြီး၊ မီး စတဲ့ ဓာတ်(၅)မျိုးကို ထားရှိခြင်းပါပဲ။
တရုတ်သမားတော်ကြီးတွေရဲ့ အဆိုအရ သစ်သား (သို့မဟုတ်) ရေကို အိမ်ရဲ့ဘဏ္ဍာရှိတဲ့နေရာမှာထားရင် ပိုပြီးအကျိုးဖြစ်ထွန်းစေပါတယ်။
(၂) မြင်းခွာ..
အိုင်းရစ်ချ်လူမျိုးတွေရဲ့အယူအဆမှာ မြင်း ခွာကို ကံကောင်းခြင်းအဖြစ် သတ်မှတ်ကြပါတယ်။
အချို့ကလည်းမြင်းခွာဟာမကောင်းဆိုးဝါး ရန် ကကာကွယ်ပေးတယ်လို့ ဆိုကြပါတယ် ။
အိမ်ရှေ့တံခါးပေါက်ရဲ့ အပေါ်မှာ မြင်းခွာ ကိုထားခြင်းက အိမ်ကို အကာအကွယ်ဖြစ်စေပါတယ်။
(၃) ဆင်သင်္ကေတ….
ဗုဒ္ဓဘာသာမှာရော ဟင်ဒူဘာသာမှာပါ ဆင်ကို အထွဋ်အမြတ်ထားကြပါတယ်။
ဆင်သင်္ကေတကို အမျိုးမျိုးသော ကံကောင်းခြင်းတွေအတွက် သုံးကြပါတယ်။
နောက်ပြီး ဆင်ရဲ့ကိုယ်အနေဟန်ထား၊ အ သွင်အပြင်ပေါ်မူတည်ပြီးတော့လည်း အကျိုးပေးကွာခြားတယ်လို့ ဆိုကြပါတယ်။
ဥပမာ – ဆင်နှာမောင်းက အပေါ်မြှောက်နေတဲ့ပုံစံဆိုရင် ကံကောင်းခြင်းတွေ ဖိတ်ခေါ်တဲ့သဘောမျိုးဆောင်ပါတယ်။
(၄) လိပ်သင်္ကေတ…
တရုတ်ဓလေ့ထုံးစံအချို့မှာ လိပ်သင်္ကေတဟာ အိမ်ရဲ့အစောင့်အရှောက်ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။
ပြောရမယ်ဆိုရင် လိပ်ဟာ တရုတ် Feng Shui ဂိုဏ်းတွေရဲ့ အစောင့်အရှောက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
လိပ်ကို ခွန်အားကြီးမားတဲ့ သင်္ကေတအဖြစ် သတ်မှတ်ထားကြတာပါ။
လိပ်အစစ်ဖြစ်စေ၊ အတုဖြစ်စေ အိမ်ရဲ့ ရှေ့တံခါး၊ နောက်တံခါးတွေမှာ ထားခြင်းကအိမ်ကို အညံ့တွေက ကာကွယ်ပေးပြီး၊ ကံ ကောင်းခြင်းတွေကို ဝင်လာစေပါတယ်။
(၅) အနီရောင်…
ကမ္ဘာတစ်ဝှမ်းက နိုင်ငံအတော်များများရဲ့ ဓလေ့ထုံးစံမှာ အနီကို ကံကောင်းစေတဲ့အရောင်အဖြစ် သတ်မှတ်ထားကြပါတယ်။
တရုတ်နှစ်သစ်ကူးဆိုရင် အနီရောင်တွေနဲ့အလှဆင်ကြပြီး အန်ဘောင်းကိုလည်း အနီရောင်အိတ်နဲ့ ထည့်ပေးကြပါတယ်။
အိန္ဒိယမှာလည်း မင်္ဂလာပွဲဆိုရင် သတို့သမီးတော်တော်များများဟာ သန့်စင်ခြင်းနဲ့ကံ ကောင်းခြင်း သင်္ကေတအဖြစ် အနီရောင်ဝတ်စုံကို ဝတ်ဆင်ကြပါတယ်။
ဒါကြောင့် သင့်အိမ်မှာ အနီရောင်ပန်းအိုး၊ အနီရောင်ချိတ်၊ အနီရောင်ကော်ဇောကို ထားခြင်းက ကံကောင်းခြင်းတွေ တိုးပွားစေနိုင်ပါတယ်။
(၆) ဝက်သင်္ကေတ…
ဝက်သင်္ကေတကို ကံကောင်းခြင်းအဖြစ် မှတ်ယူတာက ဂျာမန်လူမျိုးတွေပါ။
ဒီအယူကတော့ ဘာသာရေး အယူမဟုတ်ပါဘူး။
သမိုင်းကြောင်းအယူပါ၊
အလယ်ခေတ်လောက်ကတည်းက ဥရောပနိုင်ငံတွေမှာ ဝက်သင်္ကေတဟာ ချမ်းသာကြွယ်ဝခြင်းနဲ့ ကံကောင်းခြင်းအဆောင်အဖြစ် ယုံကြည်ထားကြတာပါ။
ဝက်မွေးပြီဆိုရင် ချမ်းသာလာတော့မယ်ဆိုတဲ့ နိမိတ်ပါပဲတဲ့။ အခြားသော ကျွဲ၊ နွား၊ ကြက်တွေနဲ့ စမ်းသပ်ကြည့်ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။
ဝက်ကသာ ကံကောင်းစေခဲ့တာကြောင့် ယ နေ့တိုင် ဝက်သင်္ကေတာကို ကံကောင်းခြင်းအဖြစ် သတ်မှတ်ထားကြတာပါ။
(၇) ဝက်သစ်ချသီး…
စကင်ဒနေဗီးယားနိင်ငံတွေမှာ ဝက်သစ်ချသီးတွေကို ပန်းကန်လုံးထဲထည့်ပြီး (သို့) ပြတင်းပေါက်မှာ ချိတ်ဆွဲပြီး အလှဆင်တာက အိမ်ကို အကာအကွယ်ဖြစ်စေတယ်လို့ ယုံကြည်ကြပါတယ်။
သင်လည်း ကံကောင်းချင်တယ်ဆိုရင်တော့ အိမ်မှာ ဝက်သစ်ချသီးတွေနဲ့ အလှဆင်ထားလိုက်ပါ။
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google and Others
Website