မိန်းကလေးတွေ ပျင်းလာပြီဆိုရင် စဥ်းစားမိတတ်ကြတဲ့ ကိစ္စ (၄) မျိုး

မိန်းကလေးတွေက ကမ္ဘာ့အထူးဆန်းဆုံး သတ္တဝါတွေ လို့တောင် အမှတ် မှားလောက်အောင် သူတို့ အကျင့်တွေက ထူးခြားလွန််း လှပါတယ်……

ရစ်တဲ့နေရာမှာ နှစ်ယောက် မရှိအောင် တော်ကြတာ များသလို ပျင်းတဲ့အခါမှာလည်း ဖြေရခက်လောက်အောင် အတွေးများတဲ့ သူတွေ ဖြစ်ပါ တယ်။

သူတို့တွေ ပျင်းနေပြီဆိုတာနဲ့ ဒီအရာတွေကို တွေးနေ တတ်ကြ ပါတယ်။

(၁) ဘာစားရင်ကောင်းလဲ….

ပျင်းတာနဲ့ စတွေးတာ ကတော့ ဘာစားရင် ကောင်းမလဲ ဆိုတာ ပါပဲ။

ပျင်းနေတဲ့အခါ သူတို့က စားစရာ စားဖို့ တန်းတွေးနေတတ်ပြီး စားစရာပုံတွေနဲ့ဗီဒီယိုတွေကို အွန်လိုင်းမှာ လိုက်ရှာနေတော့ တာပါပဲ။

ဟိုဟာလုပ်စားရင် ကောင်းမလား မကောင်းမလားနဲ့ ဘာမှ မစားဖြစ်ဘဲ ပျင်းရိနေတာကလည်း သူတို့ပါပဲ။

(၂) ငါနဲ့ ဘာနဲ့ လိုက်လဲ…..

ဘာလုပ်လို့ လုပ်ရမှန်း မသိတဲ့အခါ သူတို့က ဖက်ရှင်တွေကို သတိရ သွားတတ် ပါတယ်။

မင်းသမီးပုံတွေ၊ အကျႌဒီဇိုင်းတွေကို လိုက်ကြည့်ပြီးငါက ဘယ်လို အဝတ်အစားနဲ့ လိုက်လဲနဲ့ သူတို့ ကြိုက် တာက သူတို့နဲ့ လိုက်လား ဆိုတာတွေ လိုက်တွေးနေ တတ်ကြ ပါသေးတယ်။

အရမ်း စိတ်ပါ သွားရင်တော့ ဘီရိုထဲကနေ တထည်ပြီး တစ်ထည် ထုတ်ဝတ်ကြည့်တော့တာပါပဲ။

(၃) အပြင်သွားရင်ကောင်းမှာပဲ…..

သူတို့တွေက ပျင်းပြီး တကယ့်ကို ဘာမှ လုပ်စရာ မရှိတော့ဘူးလို့ ထင်တာနဲ့ အပြင်သွားရင် ကောင်းမလား ဆိုပြီးလည်း တွေးတတ်ကြ ပါသေးတယ်။

ဘယ်သွားရင် ကောင်းမလဲ စဉ်းစားရင်း ကနေ ခရီးစဉ်တွေ အကြောင်းတွေပါ လိုက်ဖတ်မိရင်း အွန်လိုင်းပေါ်ကနေ ကမ္ဘာပတ် ဖြစ်နေတာ ကလည်း သူတို့ပါပဲ။

(၄) ဆံပင်ကို ဘယ်လိုပုံစံ လုပ်ရင် ကောင်းမလဲ မသိဘူး….

သူတို့ ပျင်းတဲ့အခါ ဆံပင်လည်း အငြိမ်နေရတာ မဟုတ် ပါဘူး ။

မှန်ကို ကြည့်လိုက် ငါ ဘယ်လို ပုံစံနဲ့ လိုက်လဲဆိုပြီး စိတ်ကူးယဉ် လိုက်နဲ့ဆံပင်ပုံစံတွေကို အင်တာနက်မှာ လိုက်ရှာနေတတ် ပါသေး တယ်။

Credit – Kham