အိုးပိုင် အိမ်ပိုင် ဘဝမျိုး နဲ့ နေလိုသူတိုင်း ပြုလုပ်သင့်တဲ့ ကုသိုလ် တစ်ခု

အိုးပိုင်အိမ်ပိုင်နေလိုသော်နေစရာအိမ်နဲ့ပတ်သက်လို့ခက်ခဲတဲ့ ပုဂ္ဂိုလ်တွေလည်းရှိပါတယ်။

ဘုန်းကြီးရဲ့ဒကာတစ်ယောက်မှာအိမ်နဲ့ပတ်သက်ပြီးအခက်အခဲဖြစ်နေတော့ဘုန်းကြီးကစဉ်းစားပေးတယ်။

တစ်ဖက်သားကိုနေစရာချမ်းသာပေးရမယ်သူ့မှာကလည်းသူများအိမ်ငှားနေရတာဆိုတော့ပေးစရာကမရှိဘာလုပ်ရမလဲစဉ်းစားပြီးစာကလေးတွေအတွက်အိမ်ဆောက်ခိုင်းလိုက်တယ်။

အိမ်ဆောက်တဲ့အခါနှလုံးသွင်းရမှာကအပေးနဲ့သွားရမယ်။ စာကလေးတွေမှာမိုးကလာမှာဆိုရင်နေစရာမရှိလို့မိုးတွေကစိုလို့။

တချို့စာကလေးတွေမှာသစ်ကိုင်းမှာနားနေရင်းနဲ့အအေးပတ်ပြီးပြုတ်ကျသေတာရှိသေးတယ်။အင်မတန်ဆင်းရဲရှာတယ်။

အဲဒီတော့အိမ်ကလေးတွေဆောက်ပေးရအုံးမယ်ဆိုတဲ့စေတနာအပြည့်နဲ့အမိုးလေး၊အကာလေးနဲ့ကပြင်လေးနဲ့၊စားစရာနေရာလေးနဲ့အိမ်လေးကိုသေချာစဉ်းစားပြီးတော့ဆောက်ပါဆောက်ပြီးတော့ကျကျနနအိမ်အဖြစ်လှူပေးပါ။

အဲဒီလိုအကြိမ်ရေများစွာလှူပေးပြီးစာကလေးတွေလည်းနေဖြစ်ပြီဆိုရင်၀မ်းသာပီတိဖြစ်ရမယ်။

အဲဒီလိုပုဂ္ဂိုလ်ဆိုရင်သတ္တိကိန်းတာနဲ့တစ်ပြိုက်နက်သူ့အတွက်နေစရာပူမနေရဘဲရလာမယ်ရမှာအမှန်ပဲဆိုတာနားလည်ကြ၊သဘောပေါက်ကြပါနှလုံးသွေးထဲမှာစိတ်ထဲမှာသတ္တိသွင်းရမှာကိုဆိုလိုတာဖြစ်တယ်။

ဒီထက်အလွန်သစ်ပင်ကြီးမျိုးတွေစိုက်ပျိုးခြင်းကျောင်းသိမ်၊ဇရပ်စသည်တို့ဆောက်လှူပြီး ပီတိဖြစ်နိုင်လျှင်ပိုပြီးအားကောင်းမယ်လို့မှတ်ကြပါ။

ကျေးဇူးရှင်ပိုင်းလော့ဆရာ‌ တော်ကြီး…

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website