မျက်နှာအရင်သစ်ပြီးမှ သွားတိုက် သင့်တဲ့ အကြောင်းအရင်း

မျက်နှာသစ်ပြီးမှ သွားတိုက်ပါ…..

သင် နံနက်အိပ်ယာထတဲ့အခါ မျက်နှာသစ်ပြီးမှ သွားတိုက်ပါသလား???

ဒါမှမဟုတ် သွားကို သွားပွတ်တံနဲ့အရင်တိုက်ပြီး ပလုတ်ကျင်း၊ ခံတွင်းသန့်စင်ပြီးမှ မျက်နှာသစ်လေ့ရှိသလား…?

ဒီလို အကျင့်လုပ်ခဲ့တာကောနှစ်ပေါင်းကြာပြီလား…?

ညအိပ်ပျော်သောအခါတွင် ဝမ်းတွင်းအစာခြေ အင်္ဂါစုများမှာ အနားရလေသည်။

ထိုအခါ အစာဟောင်းအိမ်မှ အပုပ်အခိုးများသည် အကြောများမှတဆင့် အထက်မျက်နှာ၊ မျက်စိ၊ ဦးခေါင်း အထိ တက်ကြလေသည်။

အစာသစ်အိမ်မှလည်း အစာခြေပြီး ကြွင်းကျန်သည့် အစာခြေဝမ်းမီးခေါ် အက်ဆစ်အခိုးအငွေ့များသည် လည်ချောင်းမှတဆင့် သွား၊ သွားဖုံး၊ အာခေါင်များသို့ တက်နေကြလေသည်။

နံနက်ထ၍ မျက်နှာသစ်လိုက်သောအခါတွင် အောင်းနေသော အခိုးအငွေ့များသည်။

အအေးရှိရာ အပူလာသည်ဆိုသည့်အတိုင်း ရေအေးနှင့် ထိတွေ့ပွတ်သပ်ပေးရာ မျက်နှာပြင်သို့အငွေ့ပျံပြီး ထွက်သွားကြလေသည်။

ထိုအခါ မျက်စိမှုန်စေမည့် အခိုးအငွေ့များ သွားနှင့် သွားဖုံးတို့တွင် အောင်းနေသော အခိုးအငွေ့များလည်း ပါသွားကြပြီး ရှင်းလင်းသွားလေသည်။

ထို့နောက်မှ သွားတိုက်သောအခါတွင် အခိုးကုန်ပြီးသော သွားနှင့် သွားဖုံးတို့မှာပို၍ သန့်ရှင်းစင်ကြယ်သွားရလေသည်။

မျက်နှာမသစ်ဘဲ သွားတိုက်လျှင် အာခေါင်မှတစ်ဆင့် အပုပ်အခိုးအငွေ့များသည်။

ဦးခေါင်းနောက်စေ့နှင့် မျက်စိအာရုံကြောများအထိ ရောက်သွားခြင်းကြောင့် မျက်စိဝေခြင်း၊ ကြည့်မကောင်းခြင်း၊ အရွယ်မတိုင်မီ မျက်စိမှုန်ခြင်း၊ မျက်မှန်စောစောတပ်ရခြင်းတို့ဖြစ်နိုင်လေသည်။

နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ သွား၊ သွားဖုံးနဲ့ ခံတွင်းမှာ အပုပ်အခိုးရှိရင် အဲဒီ အခိုးအငွေတွေဟာ အာခေါင်ကတဆင့် နှာရိုးရင်းနဲ့ မျက်စိအထိတက်ပြီးဒုက္ခပေးတယ်ဆိုတဲ့ တွေ့ရှိချက်ပါပဲ။

ဒါကြောင့် လူတစ်ယောက်ဟာသွားမကောင်းရင် မျက်စိလည်းမွဲတာတွဲပြီး ဖြစ်လေ့ရှိပါတယ်။

“ မဟာစည် ဆရာတော်ကြီးကလည်း မျက်နှာသစ်ပြီးမှ သွားတိုက်ရန် မိန့်ကြားခဲ့ဖူးပါသည် ”

မျက်နှာသစ်ပြီးမှ သွားတိုက်ကြပါ………..။

(ကြည်လွင်မြင့်(မုဒြာ)၏ မျက်နှာသစ်ပြီးမှ သွားတိုက်ပါ စာအုပ်မှထုတ်နုတ်ဖော်ပြပါသည်)

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website