
လူတစ်ယောက်ရဲ့အလုပ်အကိုင်ကိုကြည့်ပြီး သူ့ရဲ့အဆင့်အတန်းကို သတ်မှတ်လို့မရပါဘူး။
အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုတဲ့အတိုင်းပဲ ကိုယ့်လုပ်ငန်းမှာ ကျွမ်းကျွမ်းကျင်ကျင်လုပ်ကိုင်နိုင်တယ်ဆိုရင် ဒီလူကို ပရော်ဖက်ရှင်နယ်တစ်ဦးရယ်လို့ သတ်မှတ်ရမှာပါပဲ။
ဒီကိစ္စနဲ့ပတ်သတ်ပြီး အမျိုးသားတစ်ဦးက သူ့အဖြစ်အပျက်ကို အင်တာနက်ပေါ်ကနေတစ်ဆင့် မျှဝေထားပါတယ်။
စားပွဲထိုးတစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုတဲ့သူ့ကို အများက လှောင်ရယ်ကြပေမယ့် ၊
သူကတော့ တခြားအလုပ်မပြောင်းဘဲ ဘယ်အလုပ်မဆိုကြိုးစားရင်အောင်မြင်နိုင်တယ်ဆိုတာကို သက်သေပြချင်ခဲ့ပါတယ်။
Jhay Suarez Tuyor လို့အမည်ရတဲ့ ထိုအမျိုးသားဟာ စားပွဲထိုးတစ်ယောက်အနေနဲ့ အထင်အမြင်အသေးခံရတဲ့ကြားက လုံ့လထားကာကြိုးစားခဲ့ပြီး
နှစ်များစွာကြာလာပြီးနောက်မှာတော့ အိမ်ကြီးတစ်လုံးကိုပိုင်ဆိုင်လာခဲ့ပါတယ်။
၁၀နှစ်နီးပါး စားပွဲထိုးအဖြစ် လုပ်ကိုင်ခဲ့ပြနောက်မှာတော့ အခြေခံလုပ်သားတွေကို အထင်သေးသူအများစုကို၊
သူ့အလုပ်အကိုင်ကနေလည်း အောင်မြင်မှုရနိုင်ကြောင်း သူ့ရဲ့ပိုင်ဆိုင်မှုကနေတစ်ဆင့် သက်သေပြနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ စားပွဲထိုးတစ်ယောက်ဖြစ်ရတာမလွယ်ကူကြောင်း၊စားပွဲထိုးတွေဟာ နားနားနေနေနေရတာမဟုတ်ဘဲ၊
စားသုံးသူတွေအပေါ် ဝန်ဆောင်မှုပေးဖို့အမြဲစောင့်ကြည့်နေရကြောင်း၊ ၈နာရီလုံးလုံးဝတ်စုံပြည့်ဖြင့် လိုအပ်တာဖြည့်ဆည်းပေးဖို့အသင့်ရှိနေရကြောင်း ၊
စတာတွေကို သူ့ရဲ့ဖေ့ဘွက်စာမျက်နှာမှာ ရေးသားဖော်ပြရင်း သူပိုင်ဆိုင်တဲ့အိမ်ကြီးကိုလည်း ဓါတ်ပုံနဲ့တကွမျှဝေပေးခဲ့ပါတယ်။
Shwe Yaung Myanmar ( Writer – LLA )