ထမင်းပေါင်းအိုးကို ဇနီးအဖြစ် သတ်မှတ်ပြီး လက်ထပ်လိုက်သူ

အင်တိုနီးရှားနိုင်ငံက အမျိုးသားတစ်ယောက်ရဲ့ မင်္ဂလာသတင်းဟာ အင်တာနက်သုံးစွဲသူတွေကိုအံ့အားသင့်စေခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ ထိုအမျိုးသားဘေးမှာရှိနေတဲ့သတို့သမီးဟာ အမျိုးသမီးတစ်ယောက်မဟုတ်ဘဲ ထမင်းပေါင်းအိုးတစ်လုံးဖြစ်နေတာကြောင့်ပါပဲ။

Khoirul လို့အမည်ရတဲ့ ထိုအမျိုးသားဟာ သူကိုယ်တိုင်သတို့သားဝတ်စုံကိုဝတ်ဆင်ထားပြီး ၊

ပုဝါအဖြူခြုံပေးထားတဲ့ ပေါင်းအိုးလေးနဲ့အတူရိုက်ထားတဲ့ဓါတ်ပုံလေးနဲ့ “solemnisation ceremony” လို့ရေးသားထားတဲ့စာသားလေးကို သူ့ရဲ့အင်တာနက်စာမျက်နှာမှာ တွဲတင်ခဲ့ပါတယ်။

သူဟာ ဒီပုံလေးမှာဟာသအနေနဲ့ သူ့သတို့သမီးဖြစ်တဲ့ ပေါင်းအိုးလေးအကြောင်း ကောင်းတဲ့အချက်လေးတွေကိုရေးသားထားပါသေးတယ်။

ဒီပေါင်းအိုးလေးကြောင့်သူထမင်းစားရတဲ့အပြင် စကားမများတဲ့ သူ့ရဲ့သတို့သမီးဟာ ဖြူစင်ပြီး သူ့အတွက်ပြည့်စုံတယ်လို့ ဟာသနှောပြောခဲ့ပါသေးတယ်။

ဒါပေမဲ့ဓါတ်ပုံတင်ပြီး ၄ ရက်အကြာမှာပဲကွာရှင်းလိုက်ကြောင်းကြေညာလိုက်ပါတယ်။

Khoirul ကတော့ သူကွာရှင်းခဲ့ရတဲ့အကြောင်းအရင်းကတော့ သူ့ရဲ့ဇနီးထမင်းပေါင်းအိုးလေးဟာ၊

ထမင်းချက်ကောင်းပေမယ့် ဟင်းချက်ရာမှာ ကျွမ်းကျင်မှုမရှိတဲ့အတွက်ပဲဖြစ်တယ်လို့ဆိုထားပါတယ်။

သူ့ရဲ့ဟာသပို့စ်လေးတွေဟာ လူအများကိုအံ့အားသင့်စေတဲ့အပြင် ရယ်မောပျော်ရွှင်ခဲ့ရတာတော့အမှန်ပါပဲ။

ကဲပရိသတ်ကြီးလည်း ထိုအမျိုးသားရဲ့အဖြစ်အပျက်လေးကို မြင်တွေ့သိရှိပြီး ခဏတာတော့ ရယ်မောမိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Shwe Yaung Myanmar ( Writer – LLA )