သင့်ဘဝမှာ မြင်ဖူးမှာ မဟုတ်တဲ့ ဧရာမ ကြက်ဥကြီး

ပုံမှန်အရွယ်အစားထက် ၃ဆကြီးတဲ့ကြက်ဥကြီးကို သင်တွေ့ဖူးပါသလား။

ဒီလိုကြက်ဥကြီးမျိုး မြင်လိုက်ရရင် တကယ့်ကြက်ဥအစစ်ဟုတ်ပါ့မလားလို့ တွေးထင်မိကြမှာ အမှန်ပါပဲနော်။

လူတစ်ယောက်ရဲ့လက်အရွယ်ပမာဏလောက်ရှိတဲ့ ဒီကြက်ဥကြီးကို သြစတြေးလျနိုင်ငံက ကြက်ခြံတစ်ခြံကနေ ရရှိခဲ့တာဖြစ်ပြီး၊

ကြက်ဥကြီးကိုမြင်တွေ့လိုက်ရချိန်မှာ ပိုင်ရှင်ကိုယ်တိုင်က အံ့အားသင့်သွားခဲ့ပါတယ်။

ထိုကြက်ခြံပိုင်ရှင်ရဲ့အမည်ကတော့ Scott Stockman ဖြစ်ပြီး သူ့ရဲ့ အလေးချိန် 176 g ရှိတဲ့ကြက်ဥကိုဖောက်လိုက်ချိန်မှာတော့၊

နောက်ထပ်ကြက်ဥလေးတစ်ဥထပ်တွေ့ရသေးတဲ့အတွက် ဝိုင်းကြည့်နေကြတဲ့ ကြက်ခြံအလုပ်သမားတွေအားလုံးတအံ့တသြဖြစ်ခဲ့ရပါတယ်။

ဒီလောက်ကြီးတဲ့ကြက်ကို ဘယ်ကြက်မဥတာလဲလို့ မသိလိုက်ရတာကတော့ တကယ့်ကိုစိတ်မကောင်းစရာပါပဲ။

သူ့ရဲ့ခြံထဲမှာ ကြက်အကောင်ရေသုံးထောင်ခန့်ရှိတာကြောင့် ဘယ်ကြက်မရဲ့ဥမှန်းမသိလိုက်တဲ့အတွက် ဒီထူးဆန်းတဲ့ကြက်ဥရဲ့လားရာကို အခုအချိန်အထိ ဝေခွဲမရဖြစ်နေကြရဆဲပါပဲ။

Shwe Yaung Myanmar ( Writer – LLA )