ဖရဲသီး အစေ့တွေကို လွှင့်မပစ်ဘဲ ဘူးထဲဖြစ်ဖြစ် သိမ်းထားပါ

ဖရဲစေ့ အစွမ်း အံ့မခန်းဖရဲသီးအစေ့ထဲမှာ ပရိုတင်း ခန္ဓာကိုယ်အတွက် မရှိမဖြစ် ဖက်တီးအက်ဆစ် ဗီတာမင်နှင့် သတ္ထုဓာတ်တွေ ပြည့်ဝစွာ ပါရှိနေပါတယ်။

ဖရဲစေ့ ၁၀၀ ဂရမ်မှာ ကယ်လိုရီ ၆၀၀ ရှိပါတယ်။

ဖရဲသီးအစေ့ကိုအစိမ်းလိုက်ဝါး၍သော်လည်းကောင်းပြုတ်၍သော်လည်းကောင်း. လှော်၍သော်လည်းကောင်း ဖရဲစေ့ကို အခြောက်လှန်း အမူန့်လုပ်ပြီး၊

ရေနွေးကြမ်းသောက်၍သော်လည်းကောင်း ဆေးဖက်ဝင်အောင် အမျိုးမျိုးစားသုံးလို့ရပါတယ်။

ဖရဲစေ့စားလို့ လူကိုဘေးဥပါဒ် မဖြစ်စေပါဘူး သို့သော် အစေ့ကိုအစိမ်းလိုက်ဝါးစားတဲ့အခါမှာတော့၊

အခွံခွာ၍ညက်ညက်ကျေအောင် ဝါးစားပေးဖို့လိုပါတယ် ဒါမှသာ ဖရဲစေ့ကအစာချေလမ်းကြောင်းက ပြန်ထွက်မလာတော့မှာဖြစ်ပါတယ်။

( ၁ ) – ဆံပင်အတွက် ဖရဲစေ့

ဖရဲစေ့ထဲမှာ ပြည့်စုံလုံလောက်တဲ့ ပရိုတင်းဓာတ်တွေပါရှိနေတာကြောင့် ဆံသားကိုအထောက်အကူဖြစ်စေပါတယ်။

အစေ့ထဲမှာပါတဲ့ သံဓာတ်က ဆံပင်ကိုအားဖြစ်စေပြီးဆံပင်ကိုရှည်ထွက်ခြင်းကို ကောင်းစွာ ထောက်ပံ့ပေးနိုင်ပါတယ်။

သံဓာတ်ကဆံပင်ကျွတ်ခြင်း ဆံပင်ခြောက်၍ အရောင်မွဲခြောက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

အစေ့ထဲမှာ မဂ္ဂနီဆီယမ်ပါရှိ၍ ဆံသားကို ကျန်းမာခိုင်ခန့်စေပါတယ်။

ဖရဲစေ့လှော်ထဲမှာ ကော့ပါးဓာတ်ပါရှိနေပြီး ၄င်းဓာတ်ကမီလာနင် ဓာတ်အဖြစ် ဆံပင်၏အရောင်ကို တောက်ပစေပါတယ်။

ဖရဲစေ့ထဲမှာပါတဲ့ ခန္ဓာကိုယ်အကျိုးပြု အမိုင်နိုအက်ဆစ်က ဆံပင်နှစ်ခွဖြစ်၍ဆံသားများပျက်ဆီးခြင်းမှ ကာကွယ်ပေးပါတယ်။

ဖရဲစေ့မှရရှိတဲ့အဆီက ဦးရေပြားယားယံခြင်းကို ကုသပေးနိုင်ပါတယ်။

( ၂ ) – အသားအရေအတွက်ဖရဲစေ့

အစေ့ထဲမှာ အမြောက်အမြားပါဝင်တဲ့ ဖက်တီးအက်ဆစ်က အသားအရေကိုဝင်းပစေပါတယ်။

အဲဒီလို မပြည့်ဝဆီ ဖက်တီးအက်ဆစ်တွေက အသားအရေကို အစို ဓာတ်ရစေပါတယ်။

ဖရဲစေ့အဆီက အသားအရေခြောက်သွေ့ညစ်ထေးခြင်းမှ ကာကွယ်ပေးတဲ့အပြင် ဝက်ခြံ လည်းမပေါက်စေပါဘူး။

ဖရဲစေ့မှရရှိတဲ့အဆီကို မျက်နာပေါ်လိမ်းပေးခြင်းဖြင့်ဝက်ခြံပေါက်ခြင်း အရေပြားလျော့ရဲခြင်းတွေကို ကုသပေးနိုင်ပါတယ်။

အစေ့ထဲမှာပါရှိတဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်းများက ဦးရေပြားကို ချောမွေ့ကာ အရွယ်တင် နုပျိုစေပါတယ်။

( ၃ ) – ကယ်လိုရီအတွက် ဖရဲစေ့…

လက်တစ်ဆုပ်စာ ပမာဏရှိတဲ့ ဖရဲစေ့ထဲမှာ ကယ်လိုရီ ၆၀၀ ပါရှိနေပါတယ် ၄င်း ကယ်လိုရီ ပမာဏဟာ ဆန်လုံးညိုထက် ၃ ဆမျှပိုပါတယ်။

ဖရဲစေ့၏ အားသာချက်က oleic အက်ဆစ် ၊ linoleum အက်ဆစ်များဖြစ်ကြတဲ့အရေးကြီး ဖက်တီးအက်ဆစ်တွေ အပိုဆောင်း၍ ပါရှိနေပါတယ်။

( ၄ ) – ဆီးချိုရောဂါအတွက် ဖရဲစေ့….

ဖရဲသီးအစေ့က သွေးထဲ က သကြားပမာဏကို လျော့ချပေးနိုင်တဲ့အတွက် ဆီးချိုရောဂါအမှတ် ၂ ကို ကောင်းကျိုးပြုပါတယ်။

အစေ့ထဲမှာပါတဲ့မဂ္ဂနီစီယမ်ဓာတ်ကခန္ဓာကိုယ်တွင်းကဆီဓာတ်တွေ၏လုပ်ငန်းဆောင်တာကို မျှတစေတာကြောင့် သွေးထဲက သကြားပမာဏကို တစ်ဖက်တစ်လမ်းမှ လျော့ချပေးပါတယ်။

ဒါကြောင့် ဆီးချိုသွေးချိုရောဂါသည်များ အနေဖြင့် ဖရဲသီးအစေ့ကို အခြောက်လှန်းအမူန့်ပြုကာ ရေနွေးကြမ်းအဖြစ်သောက်သုံးပေးသင့်ပါတယ်။

( ၅ ) – အဟာရဖြစ်စေတဲ့ ဖရဲစေ့…

အဟာရဗေဒနည်းအရ ခွဲခြမ်းစိတ်ဖြာတဲ့အခါ ဖရဲသီးစေ့ထဲမှာ ပရိုတင်းမရှိမဖြစ်ဖက်တီးအက်ဆစ်နှင့် ဗီတာမင်တို့အပြင်၊

သံဓာတ် မဂ္ဂနီဆီယမ် ပိုတက်ဆီယမ် ဆိုဒီယမ်ဇင့် ကော့ပါး မဂ္ဂနီစ်း စတဲ့ သတ္ထုဓာတ်တွေ ပါရှိနေပါတယ်။

lysine , arginne , tryptophan , glumatic , အက်ဆစ်နှင့် amino အက်ဆစ်များလည်း ပါရှိနေကြပြီး ၄င်း အက်ဆစ်ဓာတ်တွေက ဗီတာမင်ဘီ ဓာတ်ပေါင်းစုအဖြစ် အကျိုးဆောင်ပေးပါတယ်။

( ၆ ) လိင်မူကိစ္စအတွက်ဖရဲစေ့..

ဖရဲသီးကသဘာဝအသီးအနှံမှရရှိတဲ့ viagraအစွမ်းရှိတာကြောင့် လိင်စိတ်ကိုတက်ကြွစေပါတယ်။

ဖရဲစေ့ထဲမှာ arginine lysine နှင့် glutamic အက်ဆစ်တို့လိုအရေးကြီးတဲ့ အမိုင်နိုအက်ဆစ်တွေ ပြည့်ဝစွာပါဝင်နေပါတယ်။

Arginine အက်ဆစ်က လိင်ခွန်အားကို တိုးပွားစေပြီး စိတ်ဆန္ဒဖြစ်ပေါ်စေပါတယ်။Lycopene ကတော့ သုတ်ပိုးဖြစ်တည်မူကို ကူညီပေးပါတယ်။

( ၇ ) – နှလုံးကျန်းမာရေးအတွက် ဖရဲစေ့…

ဖရဲသီးအစေ့ထဲမှာရှိတဲ့ မဂ္ဂနီစီယမ်ဓာတ်က နှလုံးကိုကောင်းစွာ အလုပ်လုပ်စေပြီးသွေးဖိအား မြင့်တက်ခြင်းကို ထိန်းသိမ်းပေးနိုင်တာကြောင့်၊

နလုံးသွေးကြောတွေကိုကျန်းမာစေကာ သွေးတိုးရောဂါကိုလည်း မဖြစ်စေတော့ပါဘူး။ဖရဲစေ့ထဲမှာရှိတဲ့ အိုမီဂါ 6 ဖက်တီးအက်ဆစ်ကလည်း သွေးဖိအားကိုချပေးနိုင်ပါတယ်။

( ၈ ) – အာရုံခံစနစ်အတွက် ဖရဲစေ့…

ဖရဲစေ့ထဲမှာ နီအာစင်း. ဖောလိစ်. သီအာမင်း. ပတိုသနစ်. အက်ဆစ်. ဗီတာမင် ၆စတဲ့ ဗီတာမင် ဘီ ဓာတ်ပေါင်းစုတွေ ပါရှိနေကြပါတယ်။

အထူးသဖြင့်.နီအာစင်.က အာရုံကြောအဖွဲ့အစည်းကိုထိန်းသိမ်းပေးခြင်း အစာချေအဂါင်္များကို ကောင်းကျိုးပြုခြင်း အသားအရေကိုလှပစေခြင်း စသဖြင့်ကောင်းကျိုးပြုပါတယ်။

( ၉ ) – အထွေထွေသုံးဖရဲစေ့

မြန်မာပြည်မှာ ဖရဲစေ့ကို စားသောက်လေ့မရှိသော်လည်း …အထူးသဖြင့်ဖရဲစေ့၏ ဆေးဖက်ဝင်ပုံကို သိရှိပြီးကြသော၊

အနောက်နိုင်ငံတွေမှာ.ဖရဲစေ့ကို အသုပ် ထမင်းကျော် စွပ်ပြုတ် အသားညှပ် မုန့်အမျိုးမျိုး ပေါင်မုန့်ကွက်ကီးတို့မှာ အသုံးပြု စားသုံးသော ဓလေ့ကောင်းတွေ ရှိနေပါတယ်။

Credit ဆောင်းပါးရှင် ပေါက်ပေါက်