
တစ်သက်လုံး ဆင်းရဲနည်း …
( ၁ ) ချောင်ခိုပါ..
သူဌေးမမြင်သောနေရာတွင် ချောင်ခို ပြီးနေပါ ။ အလုပ်ကို ခိုကပ်ပါ ။
စိတ်ရော ခန္ဓာပါ သက်သာအောင် ဖြစ်သလိုနေပါ ။ မန်နေဂျာ ရှေ့မှာ အလုပ် လုပ်ချင် ဟန်ဆောင်ပါ ။
( ၂ ) တွက်ကပ်ပါ…..
ကိုယ့်အလုပ်ကိုသာ ကိုယ်လုပ်ပါ ။ အပို လုံးဝ မလုပ်ပါနှင့် ။
ခိုင်းရင် မကြားဟန် ဆောင်ပါ ။ မဖြစ်မနေ လုပ်ရမည် ဆိုလျင်လည်း အချိန်ဆွဲ လုပ်ပါ ။
ပြဿနာ ဖြစ်အောင်လုပ်ပါ ။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း သူလုပ် ကိုယ်လုပ် ငြင်းခုန်ပါ ။
( ၃ ) အလုပ်သမားစိတ် မွေးပါ….
ရသမျှ တောင်းဆိုပါ ။ အသေးအမွှားက စ မရရအောင်တောင်းပါ ။
ရပိုင်ခွင့် တစ်ဆုံးနှိုက်ပါ ။ မိမိတို့သည် အလုပ်သမားများဖြစ်သည့်အလျောက် အလုပ်ရှင် ရှုံးသည်။
မြတ်သည် ပဓာန မဟုတ် မိမိတို့ အတွက်သည်သာ အဓိကဖြစ်သည် ။ ခွင့်မှန်သမျှ ရနိုင်သမျှ ယူပါ ။
( ၄ ) အလုပ်ခဏ ခဏ ပြောင်းပါ…
ကြာကြာလုပ်နေလျင် ကြာကြာ ဒုက္ခရောက်ပါသည် ။ ထို့ကြောင့် မကြာမကြာ အလုပ် ပြောင်းခြင်းသည် အလွန် ကောင်းပါသည် ။
လစာ ပိုပေးသည့်နေရာသို့ ချက်ချင်း ပြောင်းပါက ချက်ချင်း ငွေပိုရပါသည် ။
( ၅ ) မသင်ယူပါနှင့်….
သင်ယူခြင်းသည်အလွန် အလုပ်ရှုပ် ပါသည် ။ ခေါင်းလည်း ရှုပ်သည် ။ အားလျင် နားပါ ။
မအားလည်း နားပါ ။ ငွေရဖို့ နှင့်မသက်ဆိုင်သော သင်ယူမှုမျိုး ကို ပိုမို ရှောင်ရှားပါ ။
( ၆ ) ရန်အမြဲတိုက်ပေးပါ….
မိမိ လုပ်ဖော်ကိုင်ဖက်များကို အချင်းချင်း သော်လည်းကောင်း မန်နေဂျာဖြင့် သော်လည်းကောင်း၊
သူဌေးဖြင့် သော်လည်းကောင်း မကောင်းကြောင်း အမြဲပြော၍ ရန်တိုက်ပေးပါ ။ ပြီးလျင် မသိသလိုနေပါ ။
( ၇ ) ရသမျှ ဖြုန်းပါ…
ပိုက်ဆံ ရသမျှ ဖြုန်းပြစ်ပါ ။ ချန်ထားရန်များ ကြွက်စားပါသည် ။
သေလျင် ကိုယ့်နောက်ဘာမှ မပါသောကြောင့် စုဆောင်းမထားပါနှင့် ။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website