သရဏဂုံ တည်နေတဲ့ သူဟာ ဒီအကျိုးကျေးဇူးတွေ ခံစားရပါလိမ့်မယ်

သရဏဂုံ သုံးပါး ကို အမြဲမပြတ် ရွတ်ဆို ပွားများသော ပုဂ္ဂိုလ်သည် အောက်ပါ အကျိုးတရား များကို ရရှိနိုင် ပါသည်။

၁။ ဒိသာသု ပူဇိတော ဟောမိ- သွားလေရာ အရပ်တိုင်း ၌ လေးစားမြတ်နိုးခြင်းခံရမည်။

၂။ တိက္ခပညော- ဉာဏ် အလွန် ထက်မြက်မည်။

၃။ သဗ္ဗေ ဒေဝါနုဝတ္တန္တိ- နတ်တို့ ၏ စောင့်ရှောက်ခြင်း ခံရမည်။

၄။ အမိတဘောဂံ လဘာမဟံ- စီးပွားရေး အဆင်ပြေမည်။

၅။ သုဝဏ္ဏ ဝဏ္ဏော သဗ္ဗတ္ထ- ဖြစ်လေရာ ဘဝတိုင်း ၌ ရုပ်အဆင်း အလွန်လှပမည်။

၆။ ပဋိကန္တော ဘဝါမဟံ- ဖြစ်လေရာ ဘဝတိုင်း ၌ လူချစ်လူခင် အလွန်ပေါမည်။

၇။ မိတ္တာနံ အစလော ဟောမိ- ဖြစ်လေရာဘဝတိုင်း ၌ မိတ်ကောင်းဆွေကောင်းခိုင်မြဲမည်။

၈။ ယသော အဗ္ဘုဂ္ဂတော မမံ- ဖြစ်လေရာ ဘဝတိုင်း ၌ လူ အများ၏ လေးစားခြင်း ခံရမည်။ ကောင်းသောစကား များ ကိုသာ ပြောကြမည်။

ကောင်းသတင်း များ သာ ကျောဇော လိမ့်မည် … ဟု တိသရဏ မထေရ် ရဟန္တာ အရှင်မြတ် က ဟောကြားခဲ့သည်။

ဒီဃနိကာယ် (နှာ-၃၃၂) သံယုတ္တနိကာယ် (နှာ-၃၄၁) တို့၌ လာသော သရဏဂုံ ၏ အကျိုးတရား များမှာ-

၁။ ယခုပစ္စုပ္ပန်ဘဝ ၌ ကျရောက်ဆဲ ကျရောက် လတ္တံ့သော အန္တရာယ်များ ရှိခြင်း၊ ကြောက်ရွံ့ခြင်း၊ ထိတ် လန့်ခြင်း၊ ကိုယ် ဆင်းရဲခြင်း၊ စိတ် ဆင်းရဲခြင်း၊ အပါယ်လေးပါးသို့ လားရောက်ရခြင်း စသည် တို့ကို
တားမြစ် ဖျက်ဆီးပေးတတ်၏။

၂။ နောင်ဘဝ နတ်ပြည် သို့ ရောက်သည့် အခါတွင် လည်း သရဏဂုံ တည်သော နတ် သည် သရဏဂုံ မတည်သော နတ်ထက် အသက်ရှည်ခြင်း၊

အဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း၊ အပူဇော်ခံရခြင်း၊ ထက်မြက်သော ဉာဏ်ပညာရှိခြင်း၊ မနှိုင်းယှဉ်နိုင်သော စည်းစိမ် ချမ်းသာကို ရရှိခြင်း၊

ရွှေအဆင်းနှင့် တူသော အဆင်း ရှိခြင်း၊ ချစ်ခင်နှစ်သက်မှု ကို ရရှိခြင်း၊ ကျော်စောထင်ရှားခြင်း၊ အစိုးရခြင်း၊ နတ်တို့၏ အာရုံ ငါးပါး တွင် သာလွန်ခြင်း၊

မိမိ ၏ အလို ကို အခြားသော နတ် များက လိုက်လျောကြရခြင်း၊ မိမိ ၏ အဆွေ ခင်ပွန်း များ ကို မည်သူကမျှ ပျက်စီးအောင် မပြုလုပ်နိုင်ခြင်း စသည့် အကျိုးတရား တို့ဖြင့် ပြည့် စုံ နိုင်ပါသည်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website