
ပုဇွန်ထုပ်ကြိုက်သူများ သတိထားကြပါ….
ပိုးသတ်ဆေးတွေ သုံးပြီး ပုဇွန်ထုပ်ဖမ်းနေကြတာတဲ့… မယုံမရှိကြပါနဲ့၊
မြန်မာတနိုင်ငံလုံးနီးပါး တနိုင်တပိုင် မြစ်ချောင်းထဲမှာ ပိုးသတ်ဆေးသုံးပြီး ပုဇွန်ဖမ်း နေကြတာ…
ပုံပါ စိုက်ပျိူ:ရေးသုံး ရွက်ဖျန်းပိုးသတ်ဆေး ကို ရေ သဲ တို့ဖြင့် စပ်ဖျော်ပြီး ၊
ပုဇွန်ရှိရာ ပွက်ရာ ရေထဲ ချလိုက်ပါတယ် နာရီဝက် ၁နာရီ စောင့်ပါ။
ပုဇွန် ထုပ်လေးတွေ ပုဇွန်ထုပ်ကြီးတွေ ရေပေါ် ပေါလော ပေါ်လာပါလေရောမသေမရှင် ဖြစ်တဲ့ အချိန်၊
ရေပုံးလေးထဲထည့်ပြီး နီးစပ်ရာ ဈေးမှာ ရောင်းကြ ဝယ်သူကလဲ၊
လတ်လတ်ဆတ်ဆတ် ရတယ်ဆိုပြီး နေ့ချင်း ချက်စား၊
ပိုးသတ်ဆေးကြွင်းတွေက ဗိုက်ထဲရောက်နဲ့ ဒီလူတွေမှ ကင်ဆာ မဖြစ်ရင် ဘယ်သူတွေ ဖြစ်တော့မလဲဗျာ။
အပင်တောင်မှ ဆေးဖျန်းပြီး တပတ်နေမှ ခူးဆွတ်ခွင့် ရှိတယ်။
ဆေးကြွင်း ကုန်အောင်လို့ ပုဇွန်က ဒီနေ့ဖမ်း ဒီနေ့ရောင်း ဒီနေ့ဝယ် ဒီနေ့ချက်စားကြတာ။
သမာအာဇီဝ အလုပ်တွေ ရှားလာလေ လူတွေ အသက်တိုလေ ရောဂါထူလေ။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website