အတ္တကြီးတဲ့ သူတွေမှာ ဒီလို အကျင့်စရိုက် (၅)မျိုး ရှိတယ်

လူအများစုက အတ္တကြီးတဲ့အပြုအမူတွေကသာ လူ့အဖွဲ့အစည်းကိုအုပ်ချုပ်နိုင်မယ်လို့ယုံကြည်နေတတ်ကြပါတယ်။

ဘာကိုမှ မကြည့်ဘဲ လုပ်စရာရှိတာကို အာရုံစိုက်ပြီးလုပ်နိုင်တဲ့စိတ်ဓာတ်မျိုးကသာ အောင်မြင်စေတယ်ဆိုတဲ့ယုံကြည်ချက်ပဲဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီလိုယုံကြည်မှုမျိုးဟာ လွန်ကဲသွားရင်တစ်ကိုယ်ကောင်းဆန်တဲ့ အတ္တကြီးတဲ့သူအဖြစ်ပြောင်းလဲသွားတတ်ပါတယ်။

အဲဒီလိုအတ္တကြီးတဲ့သူတွေမှာတော့ ခုပြောပြမယ့် အမူအကျင့်တွေရှိတတ်ကြပါတယ်။

သူတို့ကအမြဲတမ်းမှန်တယ်လို့ခံယူထားကြတယ်။

နာမည်ကြီး Psychoanalyst တစ်ဦးဖြစ်တဲ့ Sigmund Freud ရဲ့ပြောပြချက်အရ အတ္တစိတ်ဟာ လောကဝတ်ကျင့်ဝတ်၊

စည်းမျဉ်းစည်းကမ်းတွေနဲ့ စံသတ်မှတ်ချက်တွေဆုံးဖြတ်တဲ့နေရာမှာ ဘယ်လိုပြုမူရမယ်ဆိုတာကိုထည့်စဉ်းစားတယ်လို့ဆိုပါတယ်။

အမှန်အမှားကိုခွဲခြားနိုင်ပြီးတော့ ဘဝမှာ ဆုံးဖြတ်ချက်တွေချတဲ့အခါဘယ်လောက်အကျိုးများမယ်၊ ဆုံးရှုံးမှုဖြစ်မယ်ဆိုတာကိုကူညီပေးတယ် လို့ဆိုပါတယ်။

ဒါပေမဲ့ အတ္တစိတ်လွန်ကဲသွားရင်တော့ တကယ်လိုအပ်တာနဲ့ လိုချင်တာကိုမခွဲခြားတတ်တော့ဘဲ သူတို့ဟာအမြဲတမ်းမှန်တယ်ဆိုတဲ့ ယုံကြည်မှုကိုဖြစ်စေတယ်လို့ဆိုပါတယ်။

ဒီလို အတ္တကြီးတဲ့သူတွေဟာ များသောအားဖြင့် သူတို့အမှားကိုထောက်ပြရင်၊ သူတို့မှားကြောင်းစွပ်စွဲခံရရင် ဒေါသအိုးပေါက် ကွဲတတ်ကြတယ်လို့ဆိုပါတယ်။

သူတို့ကအမြဲတမ်းအနိုင်ရချင်တယ်။ခပ်ရှင်းရှင်းပြောရရင် အတ္တကြီးတဲ့သူတွေဟာ အရှုံးကိုလက်မခံကြပါဘူး။

သူတို့ဟာအောင်မြင်ဖို့အတွက်ဆိုရင် ဘယ်အရာမဆိုလုပ်ကြမှာဖြစ်ပါတယ်။

သူတို့ရဲ့အောင်မြင်မှုအတွက် အခြားသူတွေနစ်နာမယ်ဆိုရင်တောင် ဂရုစိုက်မှာမဟုတ်ပါဘူး။

အဲဒီလို အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့သူတွေဟာ သစ္စာမရှိကြသလို၊ အခြားသူအပေါ် လေးစားမှုဆိုတာလည်းမထားတတ်ကြပါဘူး။

သူတို့ရဲ့အတွေးက ကမ္ဘာကြီးတောင်သူတို့ကလိုအပ်လို့ လည်ပတ်ပေးနေရတယ်လို့သတ်မှတ်ထားကြတဲ့သူတွေပဲဖြစ်ပါတယ်။

သူတို့က ကိုယ့်ဘက်ပဲကြည့်တတ်တဲ့သူတွေဖြစ်တယ်၊
အတ္တကြီးတဲ့သူတွေကို ခက်ရင်းခွ လိုလူမျိုးလို့ ခိုင်းနှိုင်းပြောလေ့ရှိကြပါတယ်။

အဲဒီလိုလူတွေဟာ စကားပြောရင်ပဲဖြစ်ဖြစ်၊ အတွေးအခေါ်၊ စိတ်ခံစားချက်ကအစ သူတို့အတွက်ပဲထည့်စဉ်းစားကြ တစ်ဖက်တည်းကြည့်တဲ့သူတွေဖြစ်ပါတယ်။

သူတို့ရဲ့ပြောစကား၊ လုပ်ရပ်နဲ့ပတ်သက်ပြီး ထောက်ပြဖို့ဝေဖန်ဖို့ကြိုးစားတဲ့သူတွေကို သဘောမကျတတ်ကြပါဘူး။

သူတို့ကမျှဝေမခံစားတတ်တဲ့သူတွေဖြစ်တယ်၊သာမန်လူတွေက အခြေအနေပေါ်မူတည်ပြီး စိတ်ကူးစိတ်သန်းကိုအမျိုးမျိုးပြောင်းလဲခံစား တတ်ကြပေမယ့်။

အတ္တကြီးတဲ့သူတွေကတော့ တစ်မျိုးတည်းပဲခံစားတတ်ကြပါတယ်။

အခြားလူတွေနဲ့စိတ်ချင်းဆက်သွယ်ဖို့မကြိုးစားကြသလို အတွေးအခေါ်အယူအဆတွေကိုလည်း ဖလှယ်ဆွေးနွေးတာမျိုးမလုပ်ကြပါဘူး။

ဒါကြောင့် သူတို့ရဲ့အတွေးအခေါ်နဲ့ စကားအပြောအဆိုတွေ ကအစ အကျိုးအမြတ်ဖြစ်ထွန်းမှုပေါ်မှာပဲမူတည်ပြီး ပြောလေ့ လုပ်လေ့ရှိကြပါတယ်။

သူတို့ကလောဘကြီးတယ်၊အတ္တစိတ်ဖုံးလွှမ်းနေတဲ့ လူဟာဘယ်တော့မှ ကျေနပ်ရောင့်ရဲတင်းတိမ်ခြင်းမရှိပါဘူး။

သူတို့ဟာ ရည်မှန်းချက်ကြီးလွန်းတယ်လို့ထင်ရပေမယ့် တကယ်တမ်းက “ရလေလိုလေအိုတစ္ဆေ” လို အလိုရမ္မက်ကြီးကြခြင်းဖြစ်ပါတယ်။

သူတို့ရဲ့အလိုလောဘကြောင့် အရာရာတိုင်းကိုအမြဲတမ်း လိုအပ်နေတတ်ကြပါတယ်။

တစ်ယောက်ယောက်က ပစ္စည်းအသစ်ဝယ်ထားရင် ကိုယ့်မှာရှိပြီးသားဖြစ်ရင်တောင် နောက်ထပ်ပိုကောင်းတဲ့အရာတစ်ခုကိုလိုချင်နေတတ်ကြပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website