အိုးနဲ့ ပန်းစိုက်တယ်ဆိုရင် အိုးထဲကို ဒီအရာတွေ ထည့်သင့်တယ်

အိုး အ တွင်း စိုက် ပျိုး ပင် များ အ တွက် မြေရော စပ် နည်း ….

၁။ မြေ ဆွေး ဆို တာ သစ် ရွက် တို့ မြေ နဲ့ အ တူ ဆွေး မြေ့ ရော နှော သွား သော မြေ ဟု ယေ ဘူ ယျ ခေါ် ရင် ရ ပါ တယ်။

အာ့ လို မြေ ဆွေး မ ရ ပါ က သစ် ရွက် များ ဖုံး လွှမ်း ခံ ရ သော မြေ ကို အ ပေါ် ယံသုံးလက်မထုလောက်လွှာ၍ ကီလို ၁၀၀လောက် ယူပါ။

(ဘိလပ်မြေ အိတ်တစ်လုံး ကီလို ၅၀ရှိပါသည်)

၂။ ဆန်ဆေးရည် ပထမဆေးသောရေကို ဗူး (သို့)မြေအိုးတွင် ထည့်၍ အနည်းဆုံး သုံးရက် ထားပါ။၇လီတာမွ၁၀လီ တာ။

၃။ထန်းလျက် အမည်း (အရက်ချက်ရာတွင်သုံး ) အမည်းမရပါက ရေသာ ထန်းလျက်၂၅ကျပ်သားလောက်ကို နှစ်လီတာလောက်ရအောင်ရေစပ်၍ကြိုပါ။

ဗူးထဲထည့်၍ သုံးရက်လောက် သိမ်းထားပါ။မြေ ကီလို ၁၀၀ လောက် အသုံးပြုရပါသည်။

၄။ နွားချေး လင်းနို့ချေး ကြက်ချေး ခိုချေး သင့်ရာ တိရိစ္ဆာန်ချေးကို ခြေထားပါ။ နှစ်ပြည်မှ လေးပြည့်အထိ ထည့်သုံးနိုင်ပါသည်။

အလွယ်မရ မထည့်နဲ့ပေါ့။ဟောင်း/သစ် နှစ်မျိုးလုံး သုံးလို့ရပါသည်။

ထို့ပြင် ပြာ နို့ဆီဗူး ၃ မွ ၅ ဗူး ၊ထုံး နို့ဆီဗူး ၂ မှ ၄ ဗူး ကြက်ဥ ဘဲဥခွံများညှက်စွာထောင်းထားပါ။

၂၀ မွ ၄၀ခြံ သစ်သီး အမှည့်လွန်များလည်း ခြေ၍ ထည့်နိုင်ပါသည် ။

ဥပမာ – သဘောင်္သီး၊ပန်းသီး၊ နာနတ်သီး၊ ငှက်ပျော်သီး စေသာ အမှည့်လွန်သစ်သီး/ပုပ် စသည်များ သင့်သလိုထည့်နိုင်ပါသည်။

မရက မထည့်ရုံသာ။ဆွေးမြေ့နေသော မည်သည့်သစ်ရွက်မြေဆွေးမဆိုရပါတယ်။

၂ပြည်မွ ၅ပြည်ထိ ထည့်နိုင်ပါသည်။ထိုစီမံထားသော အရာတို့ကို နှံ့အောင် သမ၍
ငှက်ပျောရွက်ဆိုလျှင် ပိုကောင်း အုပ်ပေးထားပါ။

မည့်သည့် အရွက်နှင့်မဆိုတစ်ပတ်ဆယ်ရက်ခန့် အုပ်ပေးပါ။ ဆယ်ရက်ပြည့်လျှင် စိုက် ပျိုးရန် မြေရပါပြီ။

ထို သမ၍နှပ်ထားသောမြေအားပြန်လည် ရောမွှေသမ၍ လိုသလို စိုက်ပျိုးနိုင်ပါသည်။ အောင်မြင်ဖြစ်ထွန်းကြပါစေ။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website