ကားပေါ်မှာ ပုံဆွဲနေတဲ့ သမီးကို ဖခင်ဖြစ်သူရဲ့ တုန့်ပြန်ချက်

ငယ်ရွယ်တဲ့ကလေးငယ်ဘဝမှာ လုပ်သင့်မလုပ်သင့်နားမလည်ဘဲ ကိုယ့်စိတ်ထဲရှိရာလျှောက်လုပ်တတ်ကြတာ ကလေးသဘာဝပါပဲ။

အိမ်နံရံတွေမှာ ပုံလိုက်ဆွဲတာ တံခါးတွေကို ဘောပင်တွေနဲ့လိုက်ခြစ်တာတွေက သူတို့အတွက်တော့ မထူးဆန်းလှပါဘူး။

နေ့စဥ်အပြင်ထွက်သွားလာနေတဲ့ ကားပေါ်မှာ အရုပ်တွေလာရေးဆွဲနေရင်တော့ မိဘတော်တော်များများက စိတ်မဆိုးရင်တောင် လက်ကမြင်းတဲ့ကလေးငယ်ကို မလုပ်ဖို့တားမိကြမှာပါ။

ဒါပေမဲ့ ထိုင်ဝမ်က သမီးကိုသိပ်ချစ်တဲ့ဖခင်တစ်ဦးကတော့ သူ့ရဲ့ကားပေါ်မှာ အားရပါးရပန်းချီရေးဆွဲနေတဲ့ကလေးငယ်ကိုမြင်ရတဲ့အခါ ၊

ဆူငေါက်ခြင်းမရှိဘဲ သမီးလေးကြီးလာတဲ့အခါ ဒါလေးတွေပြန်ပြရဦးမယ်လို့ ချိုသာစွာဆိုခဲ့ပါတယ်။

ထိုဖခင်ကတော့ သမီးငယ်ရဲ့ ပန်းချီလေးတွေဟာ သူတို့မိသားစုရဲ့အကြောင်းလေးကို ရေးခြယ်ထားတာဖြစ်ပြီး၊

ဆုံးပါးသွားတဲ့ အဘိုးကိုပါ အမှတ်ရစေရန်ထည့်သွင်းရေးဆွဲထားခြင်းဖြစ်ကြောင်း အကောင်းမြင်စိတ်နဲ့ အင်တာနက်စာမျက်နှာထက်မှာရေးသားဖော်ပြထားတာပါ။

ဖခင်ရဲ့ချီးကျူးခံထားရတဲ့ ကလေးမလေးရဲ့ ဖခင်ကားထက်ရေးဆွဲထားတဲ့ ပန်းချီလက်ရာလေးတွေကိုတော့ ဒီဓါတ်ပုံလေးတွေကနေတစ်ဆင့် ခံစားလိုက်ကြပါဦး ပရိသတ်ကြီးရေ။

Shwe Yaung Myanmar ( Writer – LLA )