
မိခင်အပေါ် ဆက်ဆံပုံကိုကြည့်ပြီး မင်္ဂလာဦးည၌ပင် ကွာရှင်းပြတ်စဲခြင်း….
( မိဘကို ချစ်တတ်သော သားသမီးများအတွက် )
မင်္ဂလာဦးညတွင်မင်္ဂလာဦးမောင်နှံအတွက် ညစာစားဖို့လင်ဗန်းအကြီးတစ်ခု၌ အလွန်ကောင်းပြီးအနံ့အရသာတွေနဲ့ပြည့်နေတဲ့
အစားအသောက်များကို စားသုံးဖို့အခန်းတစ်ခုမှာအဆင်သင့် ပြင်ဆင်ထားပေးတယ်။
သတို့သားက သတို့သမီးကိုစားသောက်ဖို့ခေါ်တော့ သတို့သမီးကမေးတယ်….
ရှင့်အမေကောမစားဘူးလား.…?
ခေါ်လိုက်ပါ အတူတူ တစ်ပေါင်းတစ်စည်းတည်း စားလိုက်ကြရအောင် …
သတို့သားက အမေ အိပ်သွားပြီးထားလိုက်ပါ။ငါတို့နှစ်ယောက်ပဲ စားလိုက်ကြရအောင်…
ဇနီးက ထပ်ပြောတယ်ကျွန်မသိတယ်ရှင့်အမေလည်း ထမင်း မစားရသေးဘူးခေါ်လိုက်ပါ ။။
အတူစားရအောင်ပြောတော့..အိပ်ပါစေ ထားလိုက်ပါကွာဟုပြောတယ်။
ထိုအခါ သတို့သမီးက ထပ်ဖန်တလဲလဲအမေကိုခေါ်ဖို့ ပြောပေမယ့်သတို့သားကလည်း ထပ်ဖန်တလဲလဲငြင်းဆိုရာကနေနောက်ဆုံး သတို့သမီးက သူမကိုကွာရှင်းပေးဖို့ တောင်းဆိုလိုက်တယ်။
နှစ်ယောက်သားအချင်းများရာကနေကွာရှင်းပြတ်စဲ လိုက်ကြတဲ့အခြေသို့ဆိုက်ရောက်ခဲ့တယ်။
လမ်းခွဲကြပြီးနောက် သူတို့နှစ်ဦးဟာကိုယ်စီ နောက်အိမ်ထောင်ထူထောင်လိုက်ကြတယ်။
အမျိုးသမီးက သူမရဲ့သားသမီးတွေနဲ့ပျော်ရွှင်ကြည်နူးစရာ ကောင်းတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ဖြတ်သန်းနေတယ်…။
နှစ် ၃၀ ကြာပြီးနောက်တစ်နေ့မှာ သူမကနေရပ်ကိုပြန်လာတော့သားသမီးတွေကလာရောက်ကြိုဆိုကြပြီး အိမ်ပြန်လာကြတယ်။
လမ်းခုလတ်တနေရာမှာလူတစ်ယောက်ဟာဟောင်းနွမ်းစုတ်ပြတ်တဲ့အဝတ်အစားဝတ်ဆင်လျက်အလွန်ဆာလောင်မွတ်သိပ်စွာတောင်းရမ်းနေတဲ့သူတစ်ယောက်ကိုတွေ့တော့ အမျိုးသမီးက သားတွေကိုပြောတယ်။
အဲ့လူကို ထူလိုက်ပါ .ခြေလက်မျက်နှာဆေးပြီးထမင်းကျွေးလိုက်ပါ။အမျိုးသမီးကအဆိုပါ လူကိုသေချာကြည့်လိုက်တော့ သူမရဲ့ပထမခင်ပွန်းဖြစ်နေတယ်။
အမျိုးသမီးကမေးတယ်။ဘာကြောင့်ဒီလိုဆိုးရွားတဲ့အခြေအနေကို ရောက်နေတာလဲ.…?
ထိုအမျိူးသမီးရဲ့ပထမခင်ပွန်းကပြောတယ်…ငါ့သားသမီးတွေဟာ ငါ့အပေါ်မကောင်းကြဘူး။
ငါ့ကိုဂရုမစိုက်ကြဘူး ငါ့အပေါ်တန်ဖိုးမထားကြဘူး…ငါ့ကို ထောက်ပံ့မှုမပြုကြဘူး .ငါ့ကိုပြစ်ထားကြတယ်.ငါဟာငါ့ဝမ်းစာအတွက် တောင်းရမ်းစားသောက်နေရတယ်။
အခု မင်းမြင်တဲ့အတိုင်းပါပဲ,.အမျိုးသမီးကပြောတယ် အေး… အဲ့ဒါဘာကြောင့်လဲဆိုတာရှင်သိလား.…?
ရှင်ဟာ ရှင့်အဖေ၊အမေအပေါ်မှာမကောင်းခဲ့ဘူး တာဝန်မကြေခဲ့ဘူး.ရှင့်အဖေအမေအပေါ်ရှင်ဘယ်လိုဆက်ဆံလဲ.ရှင့်သားသမီးတွေကလည်း ရှင့်ကိုအဲဒီလိုဆက်ဆံတာပါ….
အသင်တို့ မိမိတိုရဲ့မိဘတွေအပေါ်ကောင်းစွာဆက်ဆံကြကုန်။
သို့မှသာ အသင်တို့ရဲ့
သားသမီးတွေကအသင်တို့ကို ကောင်းစွာဆက်ဆံလိမ့်မည်။
ကျွန်မသိလိုက်တယ်။အဲ့(မင်္ဂလာဦးည)ကတည်းက မိခင်အပေါ်ဆက်ဆံပုံကိုကြည့်ပြီး ကျွန်မကြောက်သွားတယ်။
ရှင့်ဟာမိဘအပေါ်မကောင်းတဲ့အတွက်ရှင်နဲ့ ရတဲ့ကလေးတွေလည်းကျွန်မကိုသိတတ်မှာမဟုတ်ဘူး။
အခုကြည့်ပါ….ရှင့်အရှေ့က ကျွန်မရဲ့သားတွေဟာ အမေရဲ့ ဝေယျာဝစ္စ အရာရာကိုဆောင်ရွက်ပေးရုံမကဘူးအမေဝတ်ပြီးသား ထမိန်ကိုပါ လျှော်ဖွတ်ပြီး မီးပူတိုက်ပေးကြတယ်။
ဒီပို့စ်လေးရေးတဲ့ကျွန်မသတိပေးချင်တာက မိမိသားသမီးတွေရဲ့ပြုစုယုယမှုလိုချင်လျှင် မိမိအဖေ အမေများကို ပြုစုယုယကြပါလို့…..။
အစဉ်လေးစားလျှက်
ဗုဒ္ဓက …… ချစ်သား ချစ်သမီးတို့ အလှူခံပုဂ္ဂိုလ်ကို
အဝေးကြီး မရှာပါနဲ့ မိဘနှစ်ပါးသည် သားသမီးများအတွက်အကောင်းဆုံးအလှူခံပါ။’
မိဘကိုလုပ်ကျွေးသောသားသမီးတိုင်းလက်တွေ့ခံစားရမည့်အကျိုးတရား (၁၂)ပါး
၁။ လူတိုင်းချီးမွှမ်းမှုကိုခံရသည်
၂။ အသိလိမ္မာဉာဏ်ပညာတိုးပွားမယ်
၃။ လူအများတို့၏ ကြည်ငြိုပူဇော်မှုခံရမည်
၄။ အချွေအရံပေါများမည်
၅။ ကျော်ဇောထင်ရှားမည်
၆။ စီးပွားဥစ္စာရတနာမေ့တိုင် တိုးတက်မည်
၇။ ရောဂါဘေးအန္တရာယ်ကင်းမည်
၈။ ကျက်သရေမင်္ဂလာနေ့တိုင်းတိုးမည်
၉။ အသက်ရာကျော်နေရမည်
၁၀။ နတ်တို့ချစ်ခင်စောင့်ရှောက်မည်
၁၁။ လောက၏အမြင့်ဆုံးချမ်းသာကိုခံစားရမည်
၁၂။ တမလွန်ဘဝတွင် နတ်ချမ်းသာကိုခံစားရမည်။
မြတ်ဗုဒ္ဓ.. ….
သားသမီးတိုင်းမိဘကျေးဇူး အထူးဆပ်နှိုင်ကြပါစေ…။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website