အငဲ ရေးသားပြီး လေးဖြူ သီဆိုထားတဲ့ ”မဥ္စူရီ”သီချင်း နောက်ကွယ်မှအဖြစ်မှန်

အငဲ ရေးသားပြီး လေးဖြူ သီဆိုထားတဲ့…

”မဥ္စူရီ”သီချင်း နောက်ကွယ်မှ အဖြစ်အပျက် မဥ္စူရီ ပုံပြင်တစေ့တစောင်း…

လွန်ခဲ့တဲ့ ၁၈ ရာစုနှစ်က ထိုင်းနိုင်ငံ ဖူးကက်ဘက်က နေ မလေးရှားနိုင်ငံ လန်ကာဝီ ကျွန်းလေးသို့ ရောက်ရှိနေထိုင်လာတဲ့ အမျိုးသမီးတစ်ယောက်ရှိပါတယ် ။

ထိုအမျိုးသမီးဟာ အင်မတန်ချောမောလှပတဲ့ မိန်းမပျို တစ်ဦးပါ ။

ထိုအမျိုးသမီးနာမည်ဟာ Mahsuri ဖြစ်ပါတယ် ။

သူမ ဟာ မလေးရှားသူရဲကောင်း Wan Darus နဲ့ အိမ်ထောင်ကျပြီး သားဦး တစ်ယောက်ရရှိခဲ့ပါတယ်။

သူမ ဟာ ထို လန်ကာဝီကျွန်းမှာ ကလေးတစ်ဦး ရသည့် တိုင် အလှမပျက်ပဲ အလှပဆုံးသောအမျိုးသမီးတစ်ဦး ဖြစ်ခဲ့တာမို့ ၊

ထိုကျွန်းမှာနေထိုင်တဲ့ အမျိုးသမီးတိုင်း က မနာလို ဖြစ်ခဲ့ကြပါတယ် ။

လှပတဲ့မိန်းမပျိုလေးတိုင်း မနာလိုဖြစ်ကြ အတင်းပြောခဲ့ ကြတာ ထိုချိန်ကတည်းကရှိနေပါတယ်။

ဒီလိုနဲ့ တစ်နေ့ သူ့ယောက်ကျား Wan Darus စစ်ထွက် ရင်း သူမ သားလေးနဲ့ ကျန်နေခဲ့စဉ် သူတို့ဘက်သို့ အလည်လာသူ Deraman ဆိုတဲ့ ယောင်္ကျား တစ်ယောက် နဲ့ ခင်မင်ရီးနှင်းသွားကြပါတယ် ။

ထိုအကွက်ကို အကြောင်းပြုပြီး သူမကို မနာလို ဖြစ်နေ ကြတဲ့၊

တစ်ရွာလုံးရှိ မိန်းမပျိုလေးများနဲ့ ရွာလူကြီးရဲ့မိန်းမ ရုပ်ဆိုးဆိုးတို့ အပါအဝင်ဟာ…

သူမ( Mahsuri)သူ့ယောင်္ကျားမရှိတုန်း… သူစိမ်း တစ်ယောက် နဲ့ ဖောက်ပြန်တယ်.…ဆိုပြီး အတင်းစွပ်စွဲခဲ့ ကြပါတယ် ။

ဒါကြောင့် Mahsuri ဟာ ပြစ်ဒဏ်ပေးခြင်း ခံခဲ့ရပါတယ် ။သူမကို ကြိုးနဲ့ချည်နှောင်ပြီး နှိပ်စက်ခဲ့ ကြတယ် ။

သူမ မသေနိုင်ခဲ့ဘူး။သူမကို သေစေချင်ရင် သူမအဖေ ရဲ့ ဓါးနဲ့ ထိုးမှ သေနိုင်မည်ဖြစ်ကြောင်း “…သူမကိုယ်တိုင် ပြောခဲ့တယ်။

သူမ အပြစ်မရှိပဲ မတရားနှိပ်စက်သတ်ဖြတ်ခြင်း ခံခဲ့ ရ ပါတယ် ။

ဤစကားမှန်ကန်ပါက ငါ့ကိုယ်ထဲက သွေးများ လည်း လုံးဝမနီပဲ အဖြူရောင်သွေး စီးဆင်းပါစေ”…လို့ သူမ မသေခင် သစ္စာဆိုခဲ့ပါတယ် ။

“သူမကိုမတရား နှိပ်စက်သတ်ဖြတ်ခဲ့သူတွေလည်း ဆွေ ၇ ဆက် မျိုး ၇ ဆက် ဒုက္ခရောက်ကြပါစေ” လို့ လည်း သူမ ကျိန်စာဆိုခဲ့ပါတယ် ။

သူမ သစ္စာဆိုသလို ကျိန်ဆဲခဲ့သလိုပဲ သူမအဖေရဲ့ ဓါးမြှောင် နဲ့ အထိုးခံရင်း သူမ ကိုယ်ထဲက အဖြူရောင် သွေးများ စီးဆင်းခဲ့ပါတယ်။

ထိုနေရာမှာလည်း မျိုး ၇ ဆက် ဆွေ ၇ ဆက်တိုင် စိုက်ပျိုးသီးနှံများ မအောင်မြင်ပဲ ထိုင်းနိုင်ငံရဲ့တိုက်ခိုက်ခြင်းကိုလည်းမကြာခဏကြုံရခြင်း ဒုက္ခခံနေခဲ့ကြပါတယ် ။

သူမသားလေးကို ထိုင်းနိုင်ငံ ဖူးကက်က အမျိုးတွေ ခေါ်ဆောင်သွားကြပြီး…

သူမသားလေးရဲ့ မျိုး ၇ ဆက် မြှောက် Sirintra ခေါ် အမျိုးသမီးက ၂၀၀၀ ခုနှစ် ဝန်းကျင်မှာ ထို လန်ကာဝီကျွန်းလေးကို အလည်လာခဲ့ ပါတယ် ။

သူမ အလည်လာခဲ့တဲ့ချိန်ဟာ Mahsuri ကျိန်ဆဲတဲံ့ မျိုး ၇ ဆက် ဆွေ ၇ ဆက် ပြီးခဲ့တဲ့အချိန်လေး ဖြစ်နေပါပြီ။

ထိုချိန်မှစ၍ ဒီချိန်ထိ ထို လန်ကာဝီကျွန်းလေးဟာ အလည်လာသူ စည်သထက်စည်ကားနေခဲ့ပြီး ၊

ခုချိန်မှာ တော့ ခရီးသွားသူတိုင်း ရင်ထဲအေးမြပျော်ရွှင်စေတဲ့ အင်မတန်သာယာလှပတဲ့ လန်ကာဝီကျွန်းအဖြစ် နာမည်ကျော်ကြားနေခဲ့ပြီ ။

ထိုကျွန်းနဲ့ပတ်သက်ရင် မိန်းမချောလေး မဥ္စူရီ (Mahsuri)ရဲ့သမိုင်းက ကျန်ထင်နေခဲ့ပါတယ်။ထိုကျွန်း ရဲ့ အလှပဆုံးသော အမျိုးသမီး( Mahsuri )ကို ကျွန်တော်တို့ မြန်မာလို(မဥ္စူရီ)”မဥ္စူရီ ကံစီမံရာ တို့ဝေးနေ…..

အိုး အချစ်လေး..ထင်ကျန်နေ နင့်အနမ်းတွေ မဥ္စူရီ…..”ဆိုပြီး ဦးလေးဖြူ ရဲ့ တေးသံလေးက အင်မတန် အဓိပ္ပါယ် ရှိခဲ့ပါတယ်။

💜 သီချင်းရဲ့အဓိပ္ပါယ်ကို သိလိုက်ရတော့…ဒီသီချင်းကို ရေးသားခဲ့တဲ့ ကိုအငဲကို ပိုလေးစားမိပါတယ်။

သီချင်း တစ်ပုဒ်ဖြစ်လာဖို့ ခံစားသက်ဝင်မှုအား ဘယ်လောက် အထိ ရင်းနှီးခဲ့ရလဲဆိုတာကိုလည်း ခံစားမိပါတယ်။

Credit > ThawZinAung