မိဘက သားသမီးကို စိတ်ဒဏ်ရာ ပေးနိုင်တဲ့ စကား (၅) ခွန်း

သားသမီးတွေကို ဆုံးမတဲ့အခါ စိတ်ဒဏ်ရာရသွားစေမယ့် ဒီစကား (၅)ခွန်း မပြောမိပါစေနဲ့….

၁။ စကားလုံးများကို လက်နက်အနေနဲ့ အပြစ်တင်ဖို့ရှက်အောင် အသုံးပြုခြင်း…

ဥပမာ – မင်းအသုံးမကျဘူး၊ ဟဲ မိန်းကလေးဖြစ် ပြီးပျင်း လိုက်တာ စသဖြင့်၊

၂။ အမြဲတမ်း ဆိုတဲ့ စာလုံးကို မကောင်းတဲ့ နေရာမှာ….

အသုံးပြုခြင်း ဥပမာ – မင်းလုပ်လိုက် ရင်တော့ အမြဲတမ်း တလွဲကြီးပဲ၊ မင်းတစ်သက်လုံး ခွေးဖြစ်မယ့် ကောင်ပဲ စသဖြင့်၊

၃။ ကလေးတွေရဲ့ခံစားချက် တွေကို စိတ်နုတယ် ဆိုပြီးပြန် အပြစ်တင် ခြင်း ….

ဥပမာ – ဟယ်ပျော့ညံ့ လိုက်တာ ဒီလောက်တော့ ခံနိုင် ရမှာပေါ့ စသဖြင့်၊

၄။ ကလေး တစ်ယောက်ကို တခြားကလေး တစ်ယောက်နဲ့ နှိုင်းယှဉ်ခြင်း….

ဥပမာ – မင်းအသုံးမကျ လိုက်တာ ဟိုဘက် အိမ်ကကလေး ဆိုရင် ကြည့်ပါအုန်း၊ နင့်အစ်မနဲ့ နင်တခြားစီပဲ စသဖြင့်၊

၅။ ကလေးတွေရဲ့ကိုယ်ပိုင် အချိန်၊ ဝါသနာတွေကို မလေးစားခြင်း…

ဥပမာ – မင်းဘာလို့ ပန်းချီဆွဲနေ တာလဲ ထမင်းဘယ်လို စားမှာလဲ၊ ကလေးရဲ့နေ့စဉ် ဘဝမှာ အလွန်အမင်းခြယ် လှယ်ခြင်း စသဖြင့်၊

ဒီစာ ကိုရေးတာ မိဘများကို အပြစ်ပြောဖို့ မဟုတ် ပါဘူး ။

မိဘလဲ မိဘအလျှောက် သားသမီးလဲ သားသမီး အလျှောက် အခြေအနေ အခက်အခဲ ခံစားချက် ပြဿနာတွေ ကိုယ်စီ ရှိကြ ပါ တယ် ။

ရှုဒေါင့် အ မျိုး မျိုး ရှိ တဲ့ အ နက် မိ ဘ ကောင်း များဖြစ် စေ ရန် အ တွက် သား သ မီး ရှု ဒေါင့် က နေ ရေး သား လိုက် ပါ တယ် ။

“5 Things a Loving Parent Never Says” by Peg Streep ကိုကိုးကားရေးသားလိုက်ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website