
အောင်မြင်တဲ့လူတွေရဲ့ဘဝကိုကြည့်ရင် ကြွယ်ဝပြည့်စုံပြီး ၊
အားကျစရာကောင်းပေမယ့် သူတို့ရဲ့အောင်မြင်ဖို့သွားရတဲ့ခရီးလမ်းကတော့မလွယ်လှပါဘူး။
ပညာရေးကိုပဲဦးစားပေးတဲ့ ဒီနေ့လိုခေတ်ကြီးမှာ ကျောင်းပညာရေးတပိုင်းတစနဲ့ ၊
ကိုယ့်အိပ်မက်နောက်ကိုတစိုက်မက်မက်လိုက်နိုင်သူဆိုတာကလည်း လောကကြီးမှာ ခပ်ရှားရှားရယ်ပါ။
Lo Quy Thuan လို့အမည်ရတဲ့ ဗီယက်နမ်နိုင်ငံကကောင်လေးကတော့ အသက်၁၂နှစ်အရွယ်မှာ ၇တန်းနဲ့ကျောင်းထွက်ခဲ့ပြီး ၊
မိဘလုပ်ငန်းတွေကိုကူညီရင်း သူဝါသနာပါရာ Streamer အလုပ်ကိုလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
သူဟာပညာရေးကိုလက်လျှော့ခဲ့ပေမယ့် ကိုယ်စိတ်ဝင်စားရာ ဂိမ်းstreamer အဖြစ် တစိုက်မတ်မတ်လုပ်ကိုင်ရင်းနဲ့ ၊
၃နှစ်အကြာမှာတော့သူဟာ နာမည်ဂိမ်းstreamerတစ်ဦးဖြစ်လာခဲ့ပါတယ်။
ဒီနောက်မှာတော့ သူ့ရဲ့ကြိုးစားမှုကြောင့် ယူကျု့ပ်မှာလည်းအောင်မြင်လာခဲ့ပြီး၊
follower များလာတာနဲ့အမျှ ငွေတွေသန်းချီဝင်လာပြီးချမ်းသာလာခဲ့ပါတယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့ အိပ်မက်တွေအကောင်အထည်ဖော်နိုင်ခဲ့တဲ့ကောင်လေးဟာ၊
ချစ်သူကောင်မလေးကိုလည်း တန်ဖိုးကြီးတဲ့ပစ္စည်းတွေ ဝယ်ပြီးလက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
သူ့ကောင်မလေးအတွက် ဝယ်ပေးခဲ့တဲ့ပစ္စည်းတွေရဲ့တန်ကြေးကမြန်မာငွေနဲ့ဆိုသိန်း၁၀၀နီးပါး တန်ဖိုးရှိတယ်လို့သိရပါတယ်။
ဆယ်ကျော်သက်အရွယ်နဲ့အောင်မြင်ချမ်းသာလာတဲ့သူ့ဘဝကတော့ တကယ့်ကိုအားကျစရာပါပဲနော်။
Shwe Yaung Myanmar ( Writer – LLA )