
ဆေးလိပ်အသောက်များပြီး မဲသွားတဲ့ နုတ်ခမ်းကိုဖြူ အောင် လုပ်နည်း …
လုပ်နည်းကသိပ်မခက်လှပါဘူး။
လိုအပ်တာကသကြားရယ် ၊ သံပရာသီးတစ်ခြမ်းရယ် ၊vasaline ရယ်ပေါ့၊
လုပ်ပုံလုပ်နည်းလေးကိုတစ်ဆင့် ခြင်းမပြောသွားမှီ၊
ဆေးလိပ်မသောက်သူတွေလည်းလုပ်လို့ရလားဆိုရင် ရပါတယ်။
အားလုံးအတူတူပါပဲနုတ်ခမ်းဟာလည်းလူတစ်ယောက်မှာအရေးပါလှပါတယ်။
တစ်ချို့ကပြောကြတယ်ရုပ် လှစရာမလိုဘူးစိတ်လှဖို့ကအဓိကပါတဲ့။
ဒါပေမဲ့ ပြောပြမယ် ဥပမာ လူတစ်ယောက်အလုပ် သွားလျောက်ပြီဆိုပါစို့ ။
သင့်အလုပ်ရှင်ကလူကို စတွေ့တာလားရုပ်ကိုအရင်စတွေ့တာလား။
ရုပ်ကိုအရင်စတွေ့တာလေပြီးမှသင့်ရဲ့ကြိုးစားမှု နဲ့ ရိုးသားမူ့ကို သူတို့တွေ့တာဖြစ်ပါတယ် ။
ဒါကြောင့်ရုပ် ကအင်မတန်အရေးပါတယ်လို့ ဆိုချင်ပါတယ်။
ရုပ် မှာတောင်စတွေ့ရတာက မျက်နှာဗျာ ဒါကြောင့် အပစ်ပြောစရာမရှိအောင် လှပဖို့နုတ်ခမ်းလေးကလဲလိုအပ်ပါတယ်။
ဒါကြောင့် မဲနေတဲ့နုတ်ခမ်းကို ပြန်ဖြူ အောင်လုပ်နည်း လေးတင်ပေးလိုက်တာဖြစ်ပါတယ်။
ပထမဆုံးအနေ နဲ့ ခွက်တစ်လုံးထဲသို့ သကြားလက် ဖက်စားဇွန်း၂ဇွန်းခန့်ထည့်ပါ ။
သင်လိုအပ်သလောက်ပေါ့ ပြီးရင် သံပရာတစ်ခြမ်းကိုညှစ်ထည့်ပါ။
ထိုသို့ပြီးပါက vaseline လက်ဖက်စားဇွန်းတစ်ဇွန်းခန့် ထည့်ပါပြီးပါက မွှေပါတစ်မိနစ်လောက်မွှေပြီးပါက၊
သင့်နုတ်ခမ်းပေါ်သို့သုတ်လိမ်းနိုင်ပါသည်ထိုသို့လုပ် ပေးခြင်းအားဖြင့်၊
ဆေးလိပ်သောက်ခြင်းကြောင့် မဲနေတဲ့သင့်နုတ်ခမ်းပြန်ဖြူ လာမှာ ဖြစ်ပါတယ်။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website