သင့်ဖုန်း အားအမြန်ပြည့်ချင်ရင် ဒီနည်းလမ်းတွေသုံးလိုက်ပါ

သင့်ဖုန်း အားအမြန်ပြည့်ချင်ရင် ဒီနည်းလမ်းတွေသုံးလိုက်ပါ…

ဖုန်းတစ်လုံး လက်ထဲမှာ ပိုင်ထားပြီဆိုရင် အဲဒီလူရဲ့စိတ်ထဲမှာ မသိမသာ စိုးရိမ်စိတ်လေးတစ်ခု တိုးပွားလာပါတယ်။ အဲဒါကတော့ ကိုယ့်ရဲ့ဖုန်း အားကုန်သွားမှာ စိုးတာပါ။

ဖုန်းအားသွင်းတဲ့အခါမှာလည်း ကိုယ့်ရဲ့ဖုန်းကို အလျှင်အမြန် အားပြည့်စေချင်ကြပါလိမ့်မယ်။

ဒီလျှို့ဝှက်ချက် (၇)ခုကတော့ ဖုန်း အမြန်အားသွင်းလိုသူတွေအတွက် အသုံးဝင်ပါလိမ့်မယ်။

(၁) ဝိုင်ယာလက်စ် (Wireless) အားသွင်းတဲ့စနစ်ကို အသုံးမပြုပါနဲ့။

မျက်မှောက်ခေတ်မှာ ဖုန်းတွေကို Wireless အားသွင်းတဲ့စနစ်တွေ တပ်ဆင်လာကြပါတယ်။

ဒါပေမယ့် ပညာရှင်တွေရဲ့ အဆိုအရတော့ ဒီနည်းဟာ သာမန်ရိုးရိုး အားသွင်းတဲ့ပုံစံထက် (၂)ဆလောက် အားဝင်မှု ပိုနှေးစေပါတယ်တဲ့။

ဒီတော့ အားအမြန်သွင်းချင်ရင် ယခင်နည်းဟောင်းကိုပဲ သုံးတာ အဆင်ပြေဆုံးပါ။

(၂) အားသွင်းစက်ကောင်းကောင်း သုံးပါ။

တချို့သူတွေက အားသွင်းတဲ့ Adopter ဝယ်ယူတဲ့အခါ သုံးလို့ရရင် ပြီးတာပဲဆိုပြီး ပိုက်ဆံချွေတာကာ အရည်အသွေးညံ့တဲ့အရာတွေကို ဝယ်ယူတတ်ပါတယ်။

သိထားရမှာက သာမန် USB Adopter တစ်ခုဟာ Power output 2.5W သာရှိပါတယ်။

ဒီထက်ပိုပြီး အရည်အသွေးကောင်း၊ ဈေးလည်းမြင့်တဲ့ အားသွင်းစက်တွေဟာ Power output မှာ 18W ကနေ 100W ထိရှိနိုင်ပါတယ်။

ပိုကောင်းတဲ့ အားသွင်းစက်က ဖုန်းအားအမြန်ပြည့်စေဖို့ ကူညီမှာပါ။

(၃)Power-saving mode ကို ဖွင့်ထားပါ…

ဖုန်းတစ်လုံး ပိုင်ဆိုင်ပြီဆိုတဲ့အခါ Setting ထဲကို တတ်သလောက်မှတ်သလောက် ကလိဖို့ လိုပါတယ်။

အခု Power-saving mode ဖွင့်ထားဖို့ ပြောတဲ့အခါ တချို့တော့ သိပ်သိမှာ မဟုတ်ပါဘူး။

ကလိနေကျလူတွေကတော့ ဘယ်နေရာမှာ သွားလုပ်ရမယ်ဆိုတာ သိပါတယ်။ အဓိကကတော့ အားချွေတာဖို့ လုပ်ဆောင်တာဖြစ်ပါတယ်။

ဖုန်းအားသွင်းတဲ့အခါ အဲဒီ Mode ကို ဖွင့်ထားရင် အားပြည့်တာ မြန်ပါတယ်။

(၄) App တွေကို စီမံခန့်ခွဲပါ

ဖုန်းဘက်ထရီ သက်သာစေဖို့အတွက် အခြားနည်းလမ်းတစ်ခုကတော့ မလိုအပ်တဲ့ App တစ်ချို့ကို Background မှာ Run နေတာမျိုးတွေ မဖြစ်အောင် ပိတ်ထားဖို့ လိုပါတယ်။

နောက်ပြီး မလိုအပ်ဘဲ ဖုန်းရဲ့အလင်းကို အများကြီး တင်ထားတာကိုလည်း ရှောင်သင့်ပါတယ်။

ဒါဟာ မျက်လုံးအတွက်လည်း ကောင်းသလို၊ ဖုန်းဘက်ထရီအတွက်လည်း ကောင်းပါတယ်။

(၅) သန့်ရှင်းရေး

အားသွင်းတဲ့ Port အပေါက်လေးတွေကိုလည်း မကြာခဏ သန့်ရှင်းရေး လုပ်သင့်ပါတယ်။

အလွန်နုနယ်တဲ့ သန့်ရှင်းရေးပစ္စည်းတွေနဲ့ အထဲမှာ ကပ်နေတဲ့ ဖုန်တွေ၊ အညစ်ကျေးတွေကို ပွတ်တိုက်ဖယ်ရှားပေးရပါမယ်။

ဒါမှသာ အားသွင်းတဲ့အခါ အနှောက်အယှက်ကင်းကင်းနဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

(၆) ဖုန်းအပူမခံပါနဲ့..

အားသွင်းတဲ့အခါ ဖုန်းဟာ ခဏလေးနဲ့ ပူလာတယ်ဆိုရင် ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ပြသသင့်ပါတယ်။

ဖုန်းဘက်ထရီ မကောင်းတော့တာလား၊ ဒါမှမဟုတ် အားသွင်းတဲ့ Adopter မှာ ချို့ယွင်းချက်ရှိနေသလား၊

ဖုန်းကနေ လက်ခံနိုင်တဲ့ input ပါဝါထက် ပိုပြီးလွှတ်နေသလား၊ ဒါမှမဟုတ် လိုပြီး လွှတ်နေတာလား၊ ဖုန်းရဲ့ ချို့ယွင်းချက်လားဆိုတာ စစ်ဆေးသင့်ပါတယ်။မဟုတ်ရင် အန္တရာယ် ရှိနိုင်လို့ပါ။

(၇) အရည်သွေးမြင့် ဘက်ထရီကို အသုံးပြုပါ

ဘက်ထရီလဲဖို့ လိုအပ်တဲ့အခါ လမ်းဘေးမှာ ဖြန့်ခင်းတဲ့လူတွေဆီမှာတော့ ၊

သင့်ဖုန်းထဲမှာ ထည့်သွင်းအသုံးပြုတဲ့ ဘက်ထရီရဲ့ပုံစံအတိုင်း ဆင်တူယိုးမှား ဝယ်လို့ရနိုင်ပါတယ်။

ဈေးကလည်း တကယ့် အစစ်အမှန်ဈေးနဲ့ အလွန်ကွာခြားနေမှာပါ။

ခဏလောက်သုံးရ ပြီးရောဆိုပြီး ဖြစ်ကတတ်ဆန် ဘက်ထရီကို ဝယ်ထည့်တာမျိုး မလုပ်သင့်ပါဘူး။

တကယ့် အော်ရီဂျင်နယ်ဘက်ထရီမျိုးကိုသာ သုံးသင့်ကြောင်း အကြံပြုပါရစေ။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website