လိပ်ကလေးတွေဆီက ရတဲ့ သင်ခန်းစာ

မိခင် လိပ်မကြီး တစ်ကောင်ဟာ လိပ်ငယ် ကလေးတွေ အကောင် ပေါက်စေဖို့ လှိုင်းနဲ့ ဝေးတဲ့ သဲသောင်ပြင်ကြီးပေါ်မှာ ဥတွေကို ဥချပေးနေပါတယ်။

နောက်ပီးတော့ သဲတွေနဲ့ သူ့ရဲ့ ဥတွေကို ဖုံးထား ခဲ့ပြီး ပင်လယ်ထဲကိုပဲ ပြန်ဆင်းလို့ လာခဲ့တယ် ။

Close
ဥတွေကနေ တဆင့် အကောင်ငယ် လေးတွေ ပေါက်ဖို့အတွက် ကိုတော့ မိခင် လိပ်မကြီးက အဝေးက နေပဲ မေတ္ထာ ပို့ပြီး နေရှာတယ်။

ဥခွံထဲကနေ အကောင် အဖြစ် ထွက်လာပီဆိုတာနဲ့ လိပ်ကလေးတွေဟာ သူတို့ရဲ့ ဘဝမှာ တစ်ကောင်ထဲ ရပ်တည် ရှင်သန်ရတော့မယ် ။

သူတို့ကို ကူညီပေးမယ့်သူ ဆိုတာ လောကမှာ မရှိကြဘူး။

သူတို့ ဘဝရဲ့ ရပ်တည် ရှင်သန်မှု အခက်အခဲဟာ သူတို့ရဲ့ ဘဝအစမှာ ကတည်းက စတင်ခဲ့ ကြရတယ်။

အပေါ်ကို ရောက်နှိုင်ဖို့ သဲတွေကို စတင် ထိုးဖောက် ခဲ့ရတယ်။

ပင်လယ်ထဲ ကို ရောက်နှိုင်ဖို့ ကိုလဲ သဲသောင်ပြင် ကနေ တဖြေးဖြေး ခြင်း ဖြတ်သန်း သွားလာ ခဲ့ကြ ရတယ် ။

အဲဒီလို သွားလာ နေတဲ့ အခိုက်မှာ သူတို့ကို ထိုးချီပြီး စားသောက်ဖို့ ဌက်တွေကလဲ အရံသင့် စောင့်မျှော်လို့ နေကြလေ ချေရဲ့။

ဌက်တွေရဲ့ ဘေးအန္တရာယ် ကို ကြောက်ရလို့ သူတို့ တတွေဟာ နောက်ကြောင်းကို လုံးဝလုံးဝ ပြန်လို့ မလှည့်ကြဘူး ။

သူတို့ တတွေ ပေါက်ဖွားခဲ့တဲ့ တွင်းထဲ မှာလဲ ပုန်းအောင်းလို့ မနေကြဘူး။ သူတို့ အလိုအပ်ဆုံး ပန်းတိုင် ဖြစ်တဲ့ ပင်လယ်ကြီး ရှိရာ အရပ်ဆီ ကို ဦးတည်ပြီး ” ဇွဲ လုံ့လ ဝီရိယ ” အပြည့်နဲ့ သွားနေကြ တုန်းပဲ ။

အောင်နိုင်သူတွေ မှန်သမျှ ကတော့ သူတို့ လိုရာခရီး ပင်လယ်ကြီးထဲကို ရောက်ရှိလို့ သွားကြတယ်။

ပိုပြီး ကြိုးစား ပိုပြီး တော်တဲ့သူတွေက ဧရာမ လိပ်ကြီးတွေ အဖြစ် စာရင်းဝင် လို့ သွားကြရ တာပေါ့။

ဘဝမှာ တစ်ယောက်ထဲ ဆိုပြီး စိတ်ပျက်အားငယ် လို့ဖြင့် မနေပါနဲ့။ လိပ်ကလေးရဲ့ ဘဝကို အတုယူပြီး ကြိုးစားပါ ၊ ရုန်းကန်ပါ ၊ ရှင်သန် နေထိုင်ပါ ။

လက်ရှိ ဘဝ စိတ်ဖိစီးမှုနဲ့ အရာရာက ဖိနှိပ် ခံရခြင်း ကနေ လွတ်မြောက်ဖို့ ကြိုးစား ရုန်းကန် ထွက်လိုက်ပါ။

အပေါ်ကနေ ဖိနှိမ်လို့ ထားလေတဲ့ သူတွေကို ရှိသမျှ သင့်ရဲ့ ခွန်အား အစွမ်းအစတွေနဲ့ အားအင် ရှိသမျှ တွန်းလှန် ထုတ်လိုက်ပါ။

မနာလို ဝန်တိုစိတ် ရှိတဲ့သူတွေ အားလုံးက သင့်ကို ချောက်တွန်းဖို့ ချောင်းကာ နေတတ်တယ်။ အဲ့ဒီလို လူတွေကို သတိထားလို့ ရှောင်ကျဉ်ပါ ။

သူတို့ကို ကြောက်ပြီးတော့ ပုန်းအောင်း လို့တော့ မနေပါနဲ့ ။ သတ္ထိရှိရှိ ရင်ဆိုင်ပါ။

သူတို့ကြောင့် သင်သွားမဲ့ ဦးတည်ချက်ကို မပြောင်းလဲ လိုက်ပါနဲ့ ။ မဆုတ် မနစ်သော ” ဇွဲ လုံ့လ ဝီရိယ ” အပြည့် အဝနဲ့ ကြိုးစားလိုက်မယ် ဆိုရင် ဧရာမ ကြီးမြတ်သော မဟာ လူသားတွေလဲ ဖြစ်လို့ လာနိုင်ပါတယ် ။

Credit to ဓမ္မအလင်းရောင်