
စားတော်ပဲပြုတ်နည်း…
လွယ်လွယ် ကူကူ ရိုးရိုးရှင်းရှင်း ပါပဲ။ အရင်ဆုံး ရေနွေးနဲ့ ရေအေးကို ကြက်သီးနွေးလေး ရောစပ်ပါ။
ရေထဲလက်နှစ်ကြည့်လိုက်ရင် ကိုယ့်လက် အပူခံနိုင်တဲ့ အနေအထားလေးပေါ့။
ပြီးရင် အဲ့ဒီရေထဲ စားတော်ပဲကို ၃နာရီကြာအောင် ရေစိမ်ပေးပါ။
၃နာရီပြည့်ရင် ဆယ်ပြီး စကာလေးနဲ့ ရေစစ်ပြီး အပေါ်က အဝတ်ပါးလေး အုပ်ထားပါ ။
မနက်တကြိမ် ညတကြိမ် ရေလောင်းပေးထားပါ။ နောက်နေ့ဆို ပဲညှောင့်လေးတွေ ပေါက်လာပါပြီ ။
အညောင့်လေးများ ရှည်မှကြိုက်ရင်နဲနဲထပ်စောင့်လိုက်ပေါ့နော်။ ဒါဆို ပဲပြုတ်လို့ ရပါပြီနော် ။
ရေနွေးကို အရင်ဆုံး ဆူအောင်တည်ပါ။ မုန့်လုပ်ထန်းလျက်အညို ၂ခဲ ရေနွေးထဲပျော်သွားအောင် မွှေပေးပြီးရင် ပဲထည့်ပြုတ်ပါ ။
ဆားဆော်ဒါ လဖက်ရည် ဇွန်းတဝက် ထည့်ပါ သကြား ဟင်းစားဇွန်း တဝက်ထည့်ပါ ။
ဆီ ဟင်းစားဇွန်း ၁ဇွန်းလောက် ထည့်ပါ ။ ဆား ဇွန်းဖျားနဲ့ နည်းနည်းထည့်ပါ ။ ပဲနဲ့ရေကို အတိဖြစ်အောင် ထည့်ပါ။
ရေပို မထည့်မိပါစေနဲ့ ။ ရေခမ်းလာရင် တချို့က ပဲကို စကာနဲ့စစ်ပြီး ရေနွေးငွေ့နဲ့ ပြန်တည်ကြတယ်။
ရေခမ်းသွားရင် ထမင်းအိုးနှပ်သလို မီးအေးနဲ့ ရေခမ်းအငွေ့ ထွက်အောင် ထားပါတယ်။ စိတ်ထဲ ပိုမွှေးတယ်လို့ ထင်တယ်။
ပဲကို ပေါင်းအိုးခွက်နဲ့ ၂ခွက်ဆို အများကြီးရပါတယ်။ ပဲပြုတ်နေစဉ် ဇွန်းနဲ့ မမွှေနဲ့နော် ။
ပဲက မကျက်ပဲ ဆတ်တောက်ကြီး ဖြစ်တတ်ပါတယ်။
အရိအရွဲလေးများကင်းစင်ပြီး ပြောင်တင်းနေသော ပဲပြုတ်နူးအိအိလေးရပါပြီ။
အဆင်ပြေကြပါစေနာ်။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website