ကားအရောင်တွေထဲမှာ ဘယ်အရောင်တွေက အန္တရာယ်ပိုရှိသလဲ

ကားထုတ်လုပ်သူတွေဟာ သူတို့ရဲ့ဝယ်ယူသူတွေကို စွဲဆောင်တဲ့နည်းလမ်းတစ်ခုအနေနဲ့ အရောင်အမျိုးမျိုးနဲ့ကားတွေကို ထုတ်လုပ်ပေးလေ့ရှိပါတယ်။

ဝယ်ယူသူအများစုကလည်း ကားဝယ်ယူတဲ့အခါမှာ သူတို့ရဲ့စတိုင်လ်နဲ့လိုက်ဖက်မှုရှိမယ့်ကားအရောင်မျိုးကိုသာ ရွေးချယ်ပြီးဝယ်ယူလေ့ရှိပါတယ်။

ယခုတစ်ခါမှာတော့ ကျွမ်းကျင်သူတွေရဲ့လေ့လာတွေ့ရှိချက်တွေအရ ဘယ်အရောင်တွေက အန္တရာယ်ဖြစ်စေနိုင်တဲ့ရာခိုင်နှုန်း ပိုများသလဲ ဆိုတာ ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အနက်ရောင်…

Monash University က လေ့လာသူတွေရဲ့ တွေ့ရှိချက်အရ အနက်ရောင်ဟာ ယာဉ်တိုက်မှုအများဆုံးဖြစ်လေ့ရှိတဲ့ ကားအရောင်ဖြစ်ပြီး၊

အန္တရာယ်အရှိဆုံးကားအရောင်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင်အနက်ရောင်ကားတွေဟာ အဖြူရောင်ကားတွေထက် ယာဉ်တိုက်မှုဖြစ်နိုင်ချေ ၁၂ ရာခိုင်နှုန်းပိုများပါတယ်။

အထူးသဖြင့် ညဘက်တွေဆိုရင် အနက်ရောင်ကားကို အလွယ်တကူမမြင်နိုင်တာကြောင့် အဲ့ဒီ့အချက်ကပဲ အနက်ရောင်ကားတွေကို ယာဉ်တိုက်မှုပိုမိုဖြစ်စေနိုင်တာပဲဖြစ်ပါတယ်။

မီးခိုးရောင်နဲ့ ငွေရောင်….

မီးခိုးရောင်နဲ့ ငွေရောင်တို့ဟာ ကားဝယ်ယူသူတွေကြားများ အတော်လေးလူကြိုက်များတဲ့အရောင်တွေဖြစ်နေပေမဲ့လည်း ၊

လေ့လာတွေ့ရှိချက်တွေအရ အနက်‌ရောင်ပြီးရင် ယာဉ်တိုက်မှုကိုအများဆုံးဖြစ်ပေါ်‌စေနိုင်တဲ့ အရောင်တွေထဲမှာပါဝင်လို့နေပါတယ်။

မီးခိုးရောင်နဲ့ ငွေရောင်တို့ကတော့ အဖြူရောင်ကားတွေထက် ယာဉ်တိုက်မှုဖြစ်နိုင်ချေ ၁၀/၁၁ ရာခိုင်နှုန်းပိုများပါတယ်။

အကြောင်းကတော့ မီးခိုးရောင်နဲ့ ငွေရောင်ကားတွေဟာ တစ်ခါတရံမှာ လမ်းအရောင်နဲ့ရောထွေးနေလေ့ရှိပြီး ကားသမားတွေအလွယ်တကူမမြင်နိုင်တာကြောင့်ပဲဖြစ်ပါတယ်။

အပြာရောင်….

အပြာရောင်ဟာလည်း ကားဈေးကွက်ထဲမှာ ရွေးချယ်မှုများတဲ့ ကားအရောင်တစ်ခုဖြစ်ပါတယ်။

အပြာရောင်ကတော့ အထက်မှဖော်ပြခဲ့တဲ့အန္တာရာယ်အများဆုံးကားအရောင်တွေထက် ယာဉ်တိုက်မှုဖြစ်နိုင်ချေနည်းပါးပေမဲ့လည်း၊

အဖြူရောင်ကားတွေထက်ယာဉ်တိုက်မှုဖြစ်နိုင်ချေ ၇ ရာခိုင်နှုန်းပိုများပါတယ်

လေ့လာသူတွေရဲ့ပြောကြားချက်‌တွေအရ မိုးပြာရောင်လိုမျိုး အပြာရောင်အဖျော့တွေဟာ နက်ပြာရောင်နဲ့အပြာရင့်ရောင်တို့ထက် ယာဉ်တိုက်မှုဖြစ်နိုင်ချေနည်းပါးပါတယ်။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အပြာရောင်ကားတွေဟာ နေ့ဘက်မှာ နောက်ခံကောင်းကင်အရောင်နဲ့ရောထွေးနေတတ်တာကြောင့် ၊

ကားသမားတွေအနေနဲ့ အဝေးကအပြာရောင်ကားကို သေသေချာချာမြင်ရဖို့အတွက် ခက်ခဲပါတယ်။

အနီရောင်….

လေ့လာသူတွေရဲ့တွေ့ရှိချက်အရ အနီရောင်ဟာလည်း ယာဉ်တိုက်မှုတွေမှာ ပါဝင်နှုန်းများတဲ့ကားအရောင်ပဲဖြစ်ပါတယ်။

အနီရောင်ကားဟာ မိုးရွာသည်ဖြစ်စေ၊ နှင်းထူသည်ဖြစ်စေ နေ့ဘက်‌တွေမှာအလွယ်တကူမြင်နိုင်စေပေမဲ့ ညဘက်ဆိုရင်တော့ အခြားကား‌အရောင်တွေလောက် ထင်ထင်ရှားရှားမမြင်ရနိုင်တော့ပါဘူး

ထို့အတူ ကားမီးရောင်တွေ၊ ရောင်ပြန်တွေနဲ့ လမ်းမီးရောင်အမျိုးမျိုးကြားမှာ အနီရောင်ကား‌တွေဟာ အလိုလိုရောထွေးသွားတတ်ကြပါတယ်။

အစိမ်းရောင်…..

အစိမ်းရောင်ကားတွေဟာ အရောင်တောက်ပေမဲ့လည်း အ‌ရောင်ပိုင်းဆိုင်ရာမှာတော့ ထင်သလောက်မလုံခြုံပါဘူး။

အစိမ်းရောင်ကား‌တွေကိုသာမန်နေရာတွေမှာဆိုရင်‌တော့ ထင်းခနဲမြင်တွေ့နိုင်ပေမဲ့ နောက်ခံမှာသစ်ပင်တွေပေါ်များတဲ့နေရာမျိုး၊

အစိမ်းရောင်အပင်တွေရောထွေးနေတဲ့နေရာမျိုးတွေမှာဆိုရင် သိပ်မသဲကွဲပဲဖြစ်နေတတ်ပါတယ်။

Credit – ကားသတင်းစုံ

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website