စားမိရင် ရူးတတ်တယ်ဆိုတဲ့ ပဒိုင်းသီးအကြောင်း သိစရာများ

ပဒိုင်းသီးကို Datura metel/Jimson weed/devil’s trumpet စသည်ဖြင့် အမျိုးမျိုးခေါ်တွင်ကြတယ်။

ဒီအပင်ဟာ သဘာဝအလေ့ကျပေါက်တဲ့အပင်ဖြစ်သည့်အလျောက် တစ်ပင်လုံးဟာ လူနှင့်အခြားသော တိရိစ္ဆာန်တွေကို သေစေနိုင်တဲ့( tropane alkaloids) အဆိပ်ရှိပါတယ်။

အယ်လ်ကာလွိုက်(alkaloid)ဆိုတာက သဘာဝအလျောက်ဖြစ်ပေါ်နေသော အဆိပ်တစ်မျိုးဖြစ်ပြီး သူ့ကို အပင်တွေကနေတဆင့် ထုတ်ယူရရှိပါတယ်။

ဒါ့ကြောင့် ကျွန်တော်အခုဖော်ပြပေးထားတဲ့ ပဒိုင်းသီးမှာ အယ်လ်ကာလွိုက် အဆိပ်များစွာ ရှိပါတယ်။

It is prohibited to buy, sell, or cultivate Datura plants. အိန္ဒိယနိုင်ငံမှာဆိုရင် စိုက်ပျိုးခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းများကို တားမြစ်ပိတ်ပင်ထားပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ၁၉၅၀ ခုနှစ် နှင့် ၁၉၆၅ ခုနှစ်အတွင်း၌ ပဒိုင်းသီးကို စားသုံးကြခြင်းကြောင့် လူပေါင်း(၂၇၀၀)ကျော်ခန့် အသက်သေဆုံးခဲ့တဲ့ မှတ်တမ်းတွေ ရှိခဲ့ပါတယ်။

ဆုပ်ရင်ဆူးမယ်၊ နမ်းရင်လည်းမူးမယ်၊ စားမိပြန်ရင်လည်းရူးတယ်လို့ ဆိုရိုးစကားလေးရှိပါတယ်။

မှန်ပါတယ်…သို့ပေမဲ့ မှားတာက ဘာလဲဆိုရင် ဒီအပင်ဟာ အဆိပ်ပင် ဘာမျှအသုံးမဝင်ဘူးဟု ယူဆထားတာတွေဟာ အလွန်မှားပါတယ်။

တကယ်တော့ ပဒိုင်းပင်ဟာ သဘာဝဆေးဖက်ဝင် အပင်တစ်မျိုးထဲမှာပါဝင်ပြီး ပဒိုင်းအစေ့နဲ့အရွက်ဟာ ဆေးဖက်အရမ်းဝင်ပါတယ်။

သူ့အစေ့နဲ့အရွက်ဟာ Datura seeds and leaves are used as antiasthmatic(ပန်းနာ) antispasmodic(ချောင်းဆိုး) တိုက်ဖျက်တဲ့ ဆေးဝါးအဖြစ် အသုံးပြုပြီးတော့ Hypnotic (အိပ်ငွေ့ချခြင်း)နှင့် Narcotic (မူးယစ်ဆေး၊ စိတ်ကိုပြောင်းလဲစေသော ဆေး)အဖြစ် အသုံးပြုကြပါတယ်။

ခန္ဓာကိုယ် နာကျင်ကိုက်ခိုက်ခဲခြင်း၊ အရိုးအက်ခြင်း၊ အရိုးကျိုးခြင်းများ ဖြစ်ပေါ်ပါကလည်း ပဒိုင်းအရွက်ကို မီးကင်ပြီး ၎င်းနေရာများ၌ ကပ်ပေးထားခြင်းဖြင့် သက်သာပျောက်ကင်းပါတယ်။

ဒီအပင်ကနေတဆင့် Hyopscyamine/Atropine နှင့် Scopolamine လို့ခေါ်တဲ့ ဓာတုဆေးဝါး (၃)မျိုးကို ထုတ်ယူရရှိပါသေးတယ်။

Hyopscyamine”ဆိုတဲ့ဆေးက အစာအိမ်၊အူ၊ကျောက်ကပ်နှင့်အစာချေဖျက်တဲ့ ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။

Atropine “ဆိုတာက ထိုးဆေး(Injection)တစ်မျိုးဖြစ်ပြီး အရေးပေါ် ထိုးသွင်းဆေး တစ်မျိုးပါ။ အဓိကက နှလုံးခုန်မမှန်၊နှလုံးနဲ့သက်ဆိုင်တဲ့ အသက်ကယ်ဆေးတစ်မျိုး ဖြစ်ပါတယ်။

Scopolamine”ဆိုတာကလည်း ထိုးဆေးတစ်မျိုးဖြစ်ပြီး မအီမသာဖြစ်ခြင်း၊ အန်ခြင်းနှင့် ဖျားခြင်း၊ နာခြင်းတွေအတွက် ထုတ်လုပ်ထားတဲ့ ဓာတုဆေးတွေ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပဒိုင်းပင်ဟာ (သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေး)ဆိုတာ အားလုံးနားလည် သဘောပေါက်သွားပြီးလို့ ကျွန်တော် ယုံကြည်ပါတယ်။

ဒီထက်အကျယ်တဝင့် ရေးသားဖော်ပြပေးလို့ရပါတယ်။

သို့ပေမဲ့ ကျွန်တော်လည်း အချိန်သိပ်မရဘူး မိတ်ဆွေတို့ကိုလည်း စာတွေအများကြီး ပေးမဖတ်ဘူး လိုရင်းနဲ့တိုရှင်း သိသွားဖို့သာ အရေးကြီးပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website