
အိမ်ထဲမှာ အဝတ်လှန်းခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကြောက်မက်ဖွယ် ကျန်းမာရေး ဆိုးကျိုးများ….
လျှော်ပြီးသားအဝတ်တွေကဖြစ်စေတဲ့ ရေငွေ့ပြန်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက်….
အိမ်ထဲမှာ အဝတ်မလှန်းဖို့ကို ပညာရှင်များက တိုက်တွန်းထားပါတယ်။
အသက် ၄၃ နှစ်အရွယ်ရှိ ကလေး ၃ ယောက်အဖေဖြစ်သူ Craig Mather က အိမ်ထဲမှာ အဝတ်မလှန်းဖို့ သတိပေးချက်တွေကိုသတိမမူမိဘဲ၊
အဝတ်လှန်းတဲ့အကျင့်ကြောင့် အဆုတ်ကူးစက်ရောဂါဖြစ်လာပါတယ်။
အိမ်ထဲမှာ အဝတ်လှန်းခြင်း….
အခန်းထဲမှာ အဝတ်လှန်းခြင်းကြောင့် စိုထိုင်းထိုင်းဖြစ်ခြင်းက၊
မှိုပေါက်ပွားစေပြီး ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ဖြစ်စေပါတယ်။
Craig Mather က နာတာရှည် အဆုတ်ရောဂါ ဖြစ်ပွားနေတာကို တွေ့ရှိခဲ့ပြီး၊
မှိုပိုးကြောင့်ဖြစ်တဲ့ကူးစက်ပိုးဖြစ်တယ်လို့ ဆရာဝန်များက သတ်မှတ်ခဲ့ပါတယ်။
ဆရာဝန်ဖြစ်သူက သူ့ကို အိမ်ထဲမှာအဝတ်လှန်းတာကို မရပ်ဘူးဆိုရင်တော့ ရောဂါပိုဆိုး လာနိုင်တယ်လို့ သတိပေးစကားပြောကြားခဲ့တဲ့အတွက်၊
အိမ်ထဲမှာအဝတ်မလှန်းတော့ဘဲ ၁၂ လလောက်အကြာမှာ ရောဂါလုံးဝပျောက်ကင်းသွားတာကို တွေ့ရှိရပါတယ်။
ဒီလိုအခြေအနေမျိုးကြုံတွေ့ရတာက သူတစ်ယောက်တည်းမဟုတ်ပါဘူး။
ပညာရှင်တွေရဲ့အဆိုအရ အခန်းထဲမှာအဝတ်စိုများကိုလှန်းခြင်းကြောင့်ပြင်းထန်တဲ့ရောဂါတွေဖြစ်စေနိုင်ပါတယ်။
အိမ်ထဲမှာ အဝတ်လှန်းခြင်း..
အဝတ်စိုတွေကြောင့် အခန်းတွင်း စိုထိုင်းမှုကို ၃၀%အထိတိုးစေပြီး
မှိုပေါက်ပွားဖို့အတွက် အကောင်းဆုံးအခြေအနေကို ဖန်တီးပေးသလိုဖြစ်စေပါတယ်။
လျှော်ပြီးသားအဝတ်တစ်ဇလုံက ထွက်တဲ့ရေငွေ့က နှစ်လီတာကျော်လောက်ရှိပါတယ်။
ဒီနှုန်းက မှိုတွေကို ပေါက်ပွားမှုမြန်စေပြီး ရောဂါဖြစ်ဖို့အလားအလာတွေကို ဖန်တီးပေးနိုင်ပါတယ်။
လူအများစုရဲ့ခုခံအားစနစ်က ဒီမှိုကြောင့်ဖြစ်တဲ့ ကူးစက်ပိုးတွေကို ခံနိုင်ရည်ရှိတတ်ပါတယ်။
ဒါပေမဲ့ ပန်းနာရင်ကြပ်ရောဂါရှိသူတွေ၊ အသက်ရှူလမ်းကြောင်းရောဂါနဲ့ ချောင်းဆိုးရောဂါရှိသူတွေအတွက် ပိုဆိုးတဲ့အခြေအနေတွေဖြစ်စေနိုင်ပါတယ်။
ခုခံအားစနစ်အားနည်းသူတွေ၊ အေအိုင်ဒီအက်စ်ရောဂါဝေဒနာရှင်တွေ၊ ကင်ဆာရောဂါကုထုံး ခံယူနေသူတွေက မှိုပိုးကြောင့်ဖြစ်တဲ့အဆုတ်ရောဂါကို ခံစားရဖို့ပိုလွယ်ပါတယ်။
ဒီရောဂါက ပြင်းထန်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး အဆုတ်ပျက်စီးပြီးသေစေနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ပညာရှင်များက လျှော်ပြီးသားအဝတ်တွေကို
အိမ်ခန်းတွင်းမှာ မလှန်းဘဲ အပြင်မှာလှန်းဖို့အကြံပြုထားတာ ဖြစ်ပါတယ်။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website