ခြင်မကိုက်စေမယ့် ထူးထူးဆန်းဆန်း နည်းလမ်းတွေ မျှဝေပေးလိုက်ပါတယ်….

သင့်အိမ်မှာ ခြင်တွေ အရမ်းပေါနေလာ ခြင်မကိုက်စေမယ့် ထူးထူးဆန်းဆန်း နည်းလမ်းတွေ မျှဝေပေးလိုက်ပါတယ်…..

ခြင်မကိုက်ရအောင် ခြင်ကိုက်တဲ့အခါ ယားယံတာ၊ ယောင်ရမ်းတာတွေအပြင် များစွာသောရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် လွယ်ကူရိုးရှင်းတဲ့ ခြင်မကိုက်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကြက်သွန်ဖြူစားပါ….

ကြက်သွန်ဖြူအနံ့ကို ခြင်တွေအပြင် တခြားအငး်ဆက်ပိုးမွှားတွေက မခံနိုင်ဘူးလို့ သိရပါတယ်။

ဒါကြောင့် ကြက်သွန်ဖြူစားပေးခြင်းဖြင့် သင့်ရဲ့ ခံတွင်းမှာ ကျန်နေတဲ့အနံ့ကြောင့် ခြင်တွေက သင့်အနားကို လာတော့မှာ မဟုတ်ပါဘူး။

(၂) ပန်းသီးရှာလကာ…

ပန်းသီးရှာလကာရည်ကို ချဉ်တာမကြိုက်လျှင် ပျားရည်အနည်းငယ်ရောပြီး ရေတစ်ဖန်ခွက်နှင့် ဖျော်သောက်လိုက်ရင် သင်သတိမထားမိခင်မှာ သင့်ခန္ဓာကိုယ်ကနေ အဲ့ဒီ့အနံ့ထွက်လာမှာပါ။

သင်ကတော့ အဲ့ဒီ့အနံ့ကိုရမှာမဟုတ်ပေမယ့် ခြင်တွေကတော့ အနံ့ရတဲ့အတွက် သင့်ကိုကိုက်တော့မှာ မဟုတ်ပါဘူး။

(၃) သံပုရာနှင့်လေးညှင့်ပွင့်…

သံပုရာကို တစ်ခြမ်းခြမ်းလိုက်ပြီး လေးညှင်းပွင့် (၆) ပွင့်ခန့်ကို စိုက်လိုက်ကာ သင့်အနီးအနား ပတ်ဝန်းကျင်မှာ ထားလိုက်ရုံပါပဲ။

ခြင်တွေ လုံးဝ မလာတော့ပါဘူးနော် ပြန်လည်မျှဝေပါတယ်ရှင်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website