
သင်တို့သတိမပြုမိတဲ့ ကြက်သွန်ဖြူအခွံ၏ အစွမ်းပကားများ
ဟင်း ချက်တိုင်းမှာမရှိမဖြစ်လိုအပ်ပြီးတော့မီးဖိုချောင်တိုင်းမှာအမြဲရှိတဲ့ကြက်သွန်ဖြူ တွေမှာ
ကျန်းမာရေးအတွက်အစွမ်းသတ္တိတွေအများကြီးရှိနေတယ်ဆိုတာအားလုံးနီးပါးသိ ထားပြီးဖြစ်မှာပါ။
ဒါပေမယ့်လူအများစု သေ ချာမသိ သေးတဲ့နောက်ထပ်တစ်ချက်က တော့၊
အမြဲလွှင့်ပစ်လေ့ရှိတဲ့ကြက်သွန်ဖြူအခွံ တွေ ရဲ့အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။
ရု ရှားလူ မျိုး တွေဟာဆိုရင်ကြက်သွန်ဖြူအခွံတွေကိုဘယ်တော့မှလွှင့်ပစ်ခြင်းမရှိဘဲ၊
အမြဲသိမ်းဆည်းထားကာကျန်းမာရေးအတွက်ပြန်လည်အသုံးပြုလေ့ရှိပါတယ်။
အအေးခံပြီးတော့ သောက်သုံးပေးခြင်းဟာခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။
တစ်ခါသောက်တစ်ဇွန်းကို တစ်နေ့လျှင် သုံးကြိမ်အနေနဲ့ တစ်လသောက်သုံးပေးပါ။
ပြီးရင်တော့ ဆယ်ရက်နားပေးပါ။အအေးမိဖျားနာခြင်းတွေကို ကာကွယ်ပေးခြင်းကြက်သွန်ဖြူခွံတွေကို လက်တစ်ဆုပ်စာ အပြည့်ယူလိုက်ပြီးတော့ ၊
အပူပေးထားတဲ့ ဒယ်အိုးပေါ်ကို တင်ပေးလိုက်ကာ ထွက်လာမယ့် အငွေ့ကို ရှူရှိုက်ပေးလိုက်ပါ။
နေထိုင်မကောင်းဖြစ်နေတဲ့ တစ်ပတ်လုံးမှာ နေ့တိုင်းလုပ်ပေးရမှာဖြစ်ပြီးတော့၊
အအေးမိဖျားနာခြင်း၊ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးမှာဖြစ်ပါတယ်။
ဝမ်းလျောမှုကို သက်သာစေခြင်းအကယ်လို့ ဝမ်းက မထိန်းမရပ်နိုင်လောက်အောင် သွားလွန်းနေတယ်ဆိုရင်တော့ ၊
မှုန့်မှုန့်ညက်ညက်ဖြစ်အောင် ကြိတ်ခြေထားတဲ့ ကြက်သွန်ဖြူအခွံမှုန့် ဇွန်းအသေးတစ်ဇွန်းစာကိုရေနဲ့ဖြစ်ဖြစ် ရေနွေးနဲ့ဖြစ်ဖြစ် သောက်သုံးပေးပါ။
နှစ်ရက်သောက်သုံးပေးပါက ဝမ်းပျက်တာကို အရှင်းမပျောက်စေရင်တောင်မှ သက်သာစေမှာဖြစ်ပါတယ်။
စိတ်လက်ပေါ့ပါးစေခြင်းကြက်သွန်ဖြူငါးမြွှာကို အသားကြိတ်စက်ထဲထည့်ကြိတ်ပြီးတော့ ပျားရည် လီတာတစ်ဝက်၊ သံပုယိုသီးငါးလုံးအရည်တို့နဲ့ နှပ်ထားလိုက်ပါ။
တစ်ပတ်ကြာကြာ လေလုံအောင် စိမ်ပေးထားပြီးနောက်မှာ တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း ၄ ဇွန်း သောက်သုံးပေးပါ။
စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Credit-Thiri