လူတော်တော်များများ မသိသေးတဲ့ ထောပတ်သီးရဲ့ အသုံးဝင်ပုံများ

လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်တုန်းက ကမ္ဘာတစ်ဝှမ်းမှာ အာဟာရအပြည့်ဝဆုံးသော အသီးတစ်မျိုးအဖြစ် ထောပတ်သီးဟာ ဂင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။

ထောပတ်သီးဟာ စားလို့ရရုံသာမက အဖက်ဖက်မှလည်း အသုံးဝင်ပြီးတော့ ဖျော်ရည်အဖြစ်လည်း သောက်သုံးနိုင်ပါတယ်။

စားဖူးတော့ ဖျော်ရည်သောက်ဖူးပေမယ့်လည်း နေ့စဥ်ဘဝမှာတော့ ထောပတ်သီးကို ဘယ်လိုမျိုး အကျိုးရှိအောင် အသုံးပြုနိုင်မလဲဆိုတာကို မသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါပဲ။

၁။ မုတ်ဆိတ်ရိတ်ခရင်မ်…

စတိုးဆိုင်တွေကနေ ဝယ်လာတဲ့ မုတ်ဆိတ်ရိတ်ခရင်မ်တွေမှာ ဓာတုပစ္ဏည်းတွေ အများအပြားပါဝင်ပါတယ်။

ဒါကြောင့် ဘေးထွက်ဆိုးကျိုးမရှိတဲ့ မုတ်ဆိတ်ရိတ်ခရင်မ်ကို အိမ်မှာလုပ်ဖို့အတွက် ထောပတ်သီးကို အသုံးပြုလိုက်ပါ။

ထောပတ်သီးမှည့်တစ်လုံးကို အခွံခွာပြီး အလယ်ကထက်ခြမ်းခြမ်းကာ အစေ့ကိုဖယ်လိုက်ပါ။

အနှစ်ကို ကြိတ်စက်ထဲထည့်ကြိတ်ပြီးတော့ ပျစ်နှစ်တဲ့အနေအထားရလာပြီဆိုရင် ပုံမှန်ခရင်ခ်လိမ်းသလိုမျိုးပဲ မုတ်ဆိတ်မရိတ်ခင် အသားအရေမှာလိမ်းပေးလိုက်ပါ။

အားလုံးပြီးပြီဆိုရင်တော့ ကျန်နေသေးတာကို ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားလိုက်ပါ။

၂။ နှုတ်ခမ်းအတွက် ခရင်မ်
….
နှုတ်ခမ်းအသားအရေက အင်မတန်ပါးလွှာတဲ့အတွက်ကြောင့် နှုတ်ခမ်းပတ်ပတ်လည်မှာ အရေးအကြောင်းတွေ အလွယ်တကူဖြစ်ရတာပါ။

ထောပတ်သီးမှာ Oleic Acid ပါဝင်တာကြောင့် နှုတ်ခမ်းသားကို နူးညံ့စေပြီး ပြည့်ပြည့်ဖောင်းဖောင်းလေး ဖြစ်နေစေပါတယ်။

ထောပတ်သီးအမှည့်တစ်ခြမ်းရဲ့ အနှစ်ကို သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ရောကာ သေချာမွှေပေးပါ။

ရလာတဲ့အနှစ်ကို နှုတ်ခမ်းသားတစ်ဝိုက်မှာ လိမ်းပေးပြီးတော့ ၂၅ မိနစ်ထားပါ။

အချိန်ပြည့်ပါက ရေနွေးနွေးလေးနဲ့ သန့်စင်နိုင်ပါတယ်။ ဒီနည်းလမ်းကိုတော့ တစ်ပတ်လျှင် ၂ ကြိမ်ပြုလုပ်ပေးပါ။

၃။ မျက်နှာချေးချွတ်မယ်…

မျက်နှာအသားအရေလေး စိုပြေလှပပြီးတော့ ငယ်ရွယ်တဲ့အသွင်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ဆဲလ်သေတွေကို အမြဲဖယ်ရှားပေးရမှာဖြစ်ပါတယ်။

ထောပတ်သီးဟာဆိုရင် Niacin နှင့် ဗီတာမင်အီးပါဝင်တာကြောင့် ချေးချွတ်ဖို့အတွက် အကောင်းဆုံးအမျိုးအမယ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

ထောပတ်သီးမှည့်တစ်လုံးအနှစ်ကို အုတ်ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပျားရည်အစိမ်း စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့အတူရောကာ မျက်နှာအသားအရေမှာလိမ်းပြီးတော့ ချေးချွတ်ပေးပါ။

အသားအရေပေါ်မှာ အနှစ်ကို ၁၀ မိနစ်လောက်ထားပေးကာ ရေနွေးနွေးလေးနဲ့ သန့်စင်နိုင်ပါတယ်။ တစ်ပတ်လျှင် တစ်ကြိမ်လုပ်ပေးရပါမယ်။

၄။ အကြောပြတ်ရာတွေအတွက် ခရင်မ်အဖြစ် အသုံးပြုနိုင်ခြင်း…..

ခန္ဓာကိုယ်ပေါ်က အကြောပြတ်ရာတွေကိုမြင်ရတာ စိတ်ကုန်နေပြီဆိုရင် ထောပတ်သီးခရင်မ်ကိုသုံးပြီးတော့ ဖယ်ရှားပစ်နိုင်ပါတယ်။

ဗီတာမင်စီနှင့်အီးတို့ပါဝင်တာကြောင့် အသားအရေကိုတင်းရင်းစေကာ အကြောပြတ်ရာတွေကို လျော့နည်းစေမှာဖြစ်ပါတယ်။

ထောပတ်သီးမှည့်တစ်လုံးရဲ့အနှစ်ကို ဗာဒံစေ့အဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ နှံ့အောင်ရောစပ်ကာ လက်ချောင်းလေးကိုသုံးပြီးတော့ ဆန္ဒရှိတဲ့နေရာတွေမှာလိမ်းပြီးနှိပ်ပေးပါ။

ခရင်မ်ကို ၃၅ မိနစ်ထားပြီးပါက ရေနွေးနွေးလေးနဲ့ သန့်စင်ပေးလိုက်ပါ။ တစ်ပတ်လျှင် ၂ ကြိမ် ၃ ကြိမ်လုပ်ပေးရုံနဲ့ လုံလောက်ပါတယ်။

၅။ မျက်လုံးတစ်ဝိုက်အတွက်…

မျက်ကွင်းညိုတာတွေ၊ မျက်အိတ်ဖောင်းတာတွေက သွေးလေလည်ပတ်မှုမမှန်တာကြောင့် ဖြစ်လာရတာပါ။

ထောပတ်သီးရှိ ဗီတာမင် A, D, C နှင့် B3 တို့က ထိုပြဿနာများကို ဖြေရှင်းပေးနိုင်ပါတယ်။

ထောပတ်သီးတစ်ခြမ်းကို သခွားသီး ၄ အဝိုင်း လေးခြမ်းနဲ့အတူရောကာ ကြိတ်စက်ထဲထည့်မွှေပါ။

ရလာတဲ့အနှစ်ကို ရေခဲသေတ္တာထဲထည့်ပြီးတော့ ၁ နာရီအအေးခံပါ။ ၁ နာရီပြည့်ပါက အနှစ်ကို မျက်လုံးအောက်မှာ လိမ်းပြီးတော့ ၂၅ မိနစ်ထားကာ သန့်စင်လိုက်ပါ။

မနက်မိုးလင်းတိုင်း ဒီနည်းလမ်းလေးကို ပြုလုပ်ပေးနိုင်ပါတယ်။

၆။ ဆံပင်အုံထူစေရန်အတွက်…..

ထူထဲနက်မှောင်ပြီး နူးညံ့တောက်ပြောင်တဲ့ ဆံကေသာကို ပိုင်ဆိုင်ချင်တယ်ဆိုပါက ဒီနည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။

ထောပတ်သီးမှည့်တစ်လုံးအနှစ်ကို ဗာဒံစေ့အဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကိုရောကာ ဆံပင်အမြစ်မှာလိမ်းပြီးတော့ ညှင်သာစွာနှိပ်နယ်ပေးပါ။

ပြီးရင် အနှစ်ကိုဆံပင်တစ်လျှောက်နှံ့အောင်ဖြန့်ပေးပြီး ၂၅ မိနစ်ထားပေးပါ။ ရေနွေးနွေးလေးနဲ့ သန့်စင်ပေးပါ။ တစ်ပတ်လျှင် ၃ ကြိမ်လုပ်ပေးလို့ရပါတယ်။

Credit >Lifestyle