ဆေးရုံ ရှေ့မှာ ရောင်းတဲ့ အသုပ်ဆိုင်ကိုဆေးရုံအုပ်ကြီးက သွားရောက် စစ်ဆေးလိုက်သောအခါ

အသုပ် သုပ်တဲ့ အမျိုးသမီးက အသုပ်ကို နယ်တဲ့အခါ လက်အိတ် မစွပ်ပဲ နယ်တာ တွေ့တော့

” ခင်ဗျားတို့ ဒီပုံစံ အတိုင်းသာ ဆက်ပီး ရောင်းမယ် ဆိုရင် ဒီမှာ ရောင်းချခွင့် မပြုနိုင်ပါဘူး ”

” ရှင် .. ဘာဖြစ်လို့လဲ ရှင် ”

” ဟာ …. ဘာ ဖြစ်ရမှာလဲ ”

” ခင်ဗျားတို့ အသုပ် နယ်တာ လက်အိတ်လည်း မစွပ်ဘူး ”

” ဒီလိုမျိုးတာ လူနာတွေ စားမိရင် ရောဂါတွေ ပိုဆိုးတော့ မှာပေါ့ ”

” အဲ့တော့ ကျမတို့ ဘာလုပ်ရမလဲ ရှင် ”

” အဲ့တော့ အသုပ် သုပ်ရင် လက်အိတ်စွပ်ပြီးမှ သုပ်ပါ ”

” ဒါမှ ဒီမှာ ဆက်ရောင်းခွင့် ပြုနိုင်မယ် ”

” ဟုတ်ကဲ့ပါ ဆရာ ကျမတို့ လိုက်နာပါ့မယ် ”

” ပြီးရော ”

ဒီလိုနဲ့ နောက်နေ့ကြတော့ ဆေးရုံအုပ်ကြီးက သူ့စကားကို လိုက်နာမှု ရှိမရှိ အသုပ်ဆိုင်ကို တဖန် သွားကြည့်တော့

အသုပ် နယ်တဲ့ အမျိုးသမီးက လက်အိတ်စွပ်ပြီး အသုပ် နယ်နေတာကို တွေ့လိုက်ရတယ်…။

ဒါ့ကြောင့် ဆေးရုံအုပ်ကြီးလည်း သဘောကျ သွားပြီး ….

” အေး … ဒီလိုမှ ပေါ့ကွာ ကောင်းတယ် ကောင်းတယ် ”

” ဟုတ်ကဲ့ဆရာ … ကျမ ဆရာမှာတဲ့ အတိုင်း လက်အိတ် စွပ်ပြီးပဲ နယ်ပါတယ် ဆရာ ”

” အေးအေး ကောင်းတယ် ကောင်းတယ် ”

” ဒါနဲ့ဆရာ အသုပ် တပွဲလောက် ကျမတို့ ဧည့်ခံပါရစေ သုံးဆောင်ပါနော် ”

” အေး မြည်းကြည့်တာပေါ့ကွာ ”

ဆေးရုံအုပ်ကြီးက ထိုင်ခုံမှာ ဝင်ထိုင်ပြီး ဆိုင်ရှင် သုပ်ပေးတဲ့ အသုပ်ကို စားကြည့်လိုက် ပါတယ်။

” အံမယ် လက်ရာက တယ်ကောင်းပါလား ဟ ”

” ကေ်းဇူးပါ ဆရာ ”

ထိုစဉ် ကလေးငယ် တစ်ယောက်က ရောက်လာပြီးဆိုင်ရှင် အမျိုးသမီးကို ဒီလို ပြောလိုက်ပါတယ် …။

” အမေရေ ဒီနေ့ ဆေးရုံ အမှိုက်ပုံးထဲက လက်အိတ် ၅ ခုပဲ ရခဲ့တယ် ရော့ ”

” တိန် ”

Credit:လူချွန်တော်