
အိမ်မှာဖောက်စားမလား စီးပွားဖြစ်ဘဲရောင်းမလား ပဲပင်ပေါက်ဖောက်နည်း…….
ယခု ပဲပင်ပေါက် ဖောက်နည်းမှာ အိမ်တွင်း စိုက်ပျိုးရုံသာမက စီးပွားဖြစ် စိုက်ပျိုးလိုသူများအတွက်ပါ စိုက်ပျိုးနိုင်ပါသည်။
ရိုးရှင်းပြီး လွယ်လွယ်ကူကူ ပြုနိုင်သဖြင့် ကိုယ်တိုင်ပြုနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
အောက်ဖော်ပြပါ အဆင့်များကို တစ်ဆင့်ချင်း သေချာဖတ်ပြီး လုပ်ဆောင်စေလိုပါတယ်။
၁။ မျိုးရွေးချယ်ခြင်း….
ပဲအမျိုးအစား အားလုံးနီးပါးက အပင်ဖောက်လို့ရပါတယ်။
.ဒါပေမယ့် အစေ့သေးတဲ့ ပဲအမျိုးအစားကတော့ ကျန်းမာရေးအတွက် သင့်တော်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ။
အစေ့ကြီးတဲ့ မျိုးတွေမှာ ဆိုရင်တော့ စိုစွတ်မှု အချိန်ကြာလာတာနဲ့ အမျှ မှိုတက်ဖို့ အလားအလာများပါတယ်။
အသုံးပြုမည့် ပဲကို ရေ(၈) နာရီခန့် ကြိုတင် စိမ်ထားဖို့ လိုအပ်ပါတယ်။
v
ပဲတီစိမ်းက အညှောင့်ဖောက်ဖို့အတွက် အသုံးအများဆုံး ပဲမျိုးဖြစ်ပါတယ်။
အခြား အစေ့သေးတဲ့ ပဲမျိုးတွေလည်း အသုံးပြုနိုင်ပါတယ်။
၂။ အသုံးပြုမည့် ပုံ….
မိသားစု တစ်နိုင်တစ်ပိုင် မှ စီးပွားဖြစ်စိုက်ပျိုးသည်အထိ လုပ်ဆောင်နိုင်သည့်အတွက် အသုံးပြုမည့် ပုံးအရွယ်ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။
ကော်ပုံး၊ ခြင်းတောင်း၊ ကွန်ကရစ်ခွေ စသဖြင့် အသုံးပြုနိုင်ပါတယ်။
အသုံးပြုမည့် ပုံးက အလင်းရောင် အဖောက်ဖို့ လိုအပ်ပါတယ်။
ပုံးက အလင်းရောင်ဖောက်(အကြည်ပုံး) ဖြစ်နေရင်တော့ ပဲစေ့ထည့်ပြီး အလင်းရောင်မဖောက်နိုင်တဲ့ ပုံးကြီး အဝတ်တို့နဲ့ အုပ်ထားဖို့ လိုအပ်တယ်။
ပုံးတွေရဲ့ အောက်ခြေမှာ ရေစစ်ကျနိုင်ဖို့ ပေါက်လေးတွေဖောက်ထားဖို့ လိုအပ်ပါတယ်။
၃။ လိုအပ်သော ပစ္စည်းများ-
ပဲတီစိမ်း၊ ကော်ဇကာ(ပုံတွင် ပြထား)၊ ဂုံနီအိတ်၊
. ကျောက်စရစ်ခဲပုံတွင် ဖောက်ထားသော ပိုက်ဇကာကို အိမ်ဆောက်ပစ္စည်းဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။
မရှိပါက ဝါးဇကာ အသုံးပြုနိုင်ပါတယ်။ အပေါက်အရွယ်အစားမှာ ပဲတီစိမ်း အစေ့များ အောက်ကို မကျနိုင်တဲ့ အရွယ်ဖြစ်ဖို့ လိုပါတယ်။
၄။ ပြုလုပ်နည်း အဆင့်ဆင့်….
(က) ပုံးရဲ့ အောက်ခြေကို ရေသေချာဆေးထားတဲ့ ကျောက် စရစ်ခဲလေးတွေကို ခင်းပေးပါ။
ဒါမှ ပုံးထဲမှာ ရေအိုင်မနေဘဲ အလွယ်တကူ ထွက်သွားနိုင်မှာ ဖြစ်ပါတယ်။
ကွန်ကရစ်ခွေ အသုံးပြုပါက အောက်ခြေတွင် စက်ဘီးတာယာ ခင်းပြီး အပေါ်ကနေ သံဇကာကွက်စိပ်ကို ပုံမှာ ပြထားသလို ခင်းပြီး အသုံးပြုနိုင်ပါတယ်။
(ခ) ပြီးနောက် ဂုံနီအိတ်ကို အသုံးပြုမည့် ပုံး၊ တောင်း၊ ကွန်ကရစ်ခွေ အဝိုင်းအတိုင်း ဖြစ်ထားပါ။
လေးထောင့်ပုံးများဖြစ်ပါက ဂုံနီအိတ်ကိုလည်း ပုံးအတိုင်း လေးထောင့် ဖြတ်ဖို့ လိုအပ်ပါတယ်။
ဖြတ်ထားသော ဂုံနီအိတ်အစ(၂) စကို ကျောက်စရစ်ခဲရဲ့ ပေါ်မှာ ခင်းပါ။
အစ(၂) စ အသုံးပြုရခြင်းမှာ အောက်ခံ မျက်နှာပြင် တောင့်တင်းစေရန်နှင့် ရေအစိုဓာတ်ကို ထိန်းထားနိုင်ရန် ဖြစ်ပါတယ်။
(ဂ) ကော်ဇကာကိုလည်း ဂုံနီအိတ် အရွယ်အတိုင်း ဖတ်ထားပါ။ ကော်ဇကာ ကို ဂုံနီအိတ် ပေါ်မှာ(၁)ထပ် ထပ်တင်ပါ။
(ဃ) ကော်ဇကာပေါ်မှာ ရေ(၈) နာရီစိမ်ထားသော ပဲတီစိမ်းကို ပါးပါးလေး ထည့်ပေးပါ။
ထူထူထည့်လိုက်ပါက အပင်ပေါက်များ ကျပ်လာရုံသာမက မှိုများ အလွယ်တကူ ကျရောက်နိုင်ပါတယ်။
(င) အခုဆို အလွှာတစ်လွှာအတွက် လိုအပ်တဲ့ အဆင့်တွေ ပြီးသွားပါပြီ။
နောက်တစ်လွှာအတွက် ဖြတ်ထားသော ဂုံနီအိတ် အစ(၂) စ ကို ပဲတီစိမ်းအစေ့တွေရဲ့ အပေါ်မှာ ထပ်ခင်းပါ။
(စ) ဂုံနီအိတ်ပေါ်မှာ ကော်ဇကာ ထည့်ပြီးနောက် ပဲတီစိမ်း ကို ပါးပါးထည့်ပေးပါ။
ဤနည်းဖြင့် အလွှာ(၄) လွှာအထိ ပြုလုပ်နိုပါတယ်။
(ဆ) ၄ လွှာ ပြီးထည့်ပြီးနောက် အပေါ်ဆုံးကနေ ဂုံနီအိတ်(၂) စ ထပ်တင်ထားပေးပါ။
ပြီးနောက် ရေကို စိုရွဲသွားအောင် များများ လောင်းထည့်ပေးပါ။
ပြီးနောက် အပေါ်ကနေ ငှက်ပျောက်ရွက် သို့မဟုတ် တစ်ခုခု ဖြင့် ဖုံးအပ်ထားပေးပါ။
(၅) ပြုစုနည်း…
(က) ပြုလုပ်သည့် နေရာဒေသနှင့် ရာသီဥတုပေါ် မူတည်၍ ရေကို သုံးနာရီခြား တစ်ခါ လောက် လောင်းပေးဖို့ လိုအပ်ပါတယ်။
လောင်းတိုင်းမှာ ရေကောင်းစွာ စိုစွတ်နေစေရန် များများ လောင်းပေးဖို့ လိုအပ်ပါတယ်။
ည မအိပ်ခင်မှာလည်း နောက်ဆုံး တစ်ကြိမ်လောက် လောင်းပြီးမှ အိပ်ပါ။ ဒီနည်းအတိုင်း ပဲပင်ပေါက် ရလာသည့်အထိ ရေလောင်းပါ။
(ခ) ၃၆ နာရီလောက် ကြာရင်တော့ ပဲပင်ပေါက်များ ရရှိလာပါပြီ။
(ဂ) ပဲပင်ပေါက်များကို ဆွဲထုတ်လိုက်ပါက အလွှာလိုက် ထွက်လာမှာ ဖြစ်ပါတယ်။ ထိုအလွှာကို ကြည့်လိုက်ပါက အပေါ်မှာ ပဲစေ့ အခွံလေးတွေ ကပ်နေမှာ ဖြစ်ပါတယ်။
အဲဒါတွေကို ခါချဖို့ ရေဇလုံထဲမှာ ပဲပင်ပေါက်အလွှာကို မှောက်လျက်ထားပြီး ရေဆေးလိုက်ပါက အစေ့ခွံများ ကျသွားမည် ဖြစ်ပါ။
(ဃ) ပဲပင်ပေါက်ရဲ့ အမြစ်တွေကို ကော်ဇကာကို ဖောက်ပြီး ဂုံနီအိတ်ထဲမှာ ဝင်ရောက်နေတဲ့အတွက် ဇကာနားကို ကပ်ပြီး ဓားနဲ့ ခြစ်ခလိုက်ပါက အမြစ်မပါတဲ့ ပဲပင်ပေါက်များ ရရှိမည် ဖြစ်ပါတယ်။
အထက်ဖော်ပြပါနည်းမှာ ရိုးရှင်းလွယ်ကူပြီး လိုက်လုပ်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါတယ်။
ဒါကြောင့် ဒီနည်းလေးအတိုင်း လိုက်လုပ်၍ မိမိအိမ်မှာ သန့်ရှင်းလတ်ဆက်တဲ့ ပဲပင်ပေါက်များကို ကိုယ်တိုင် လုပ်ဆောင်နိုင်ပါပြီ။
ဗဟုသုတအနေဖြင့် ပဲတီစိမ်း တစ်ပိဿာ ဖောက်ပါက ပဲပင်ပေါက်(၄) ပိဿာ ရရှိမည် ဖြစ်ပါတယ်။
Credit with respect