
အုန်းဆီကို အသုံးပြုပြီး ဆံပင် အရှည်မြန်စေမယ့် နည်းလမ်း (၃)ခု….
ဆံပင်ဆိုတာ ဒုတိယ မျက်နှာပါ။ ဆံပင်ရှည်ရှည်လေးနဲ့ လှနေချင်တာကလည်း “မိစံ”တို့ မိန်းကလေးတိုင်းရဲ့ စိတ်ကူး အိပ်မက်ပါနော်။
ဆံပင်ရှည် ဘယ်လောက်ပဲကြိုက်ကြိုက် ဆံပင်က ရှည်မလာတဲ့အခါ စိတ်ညစ်ရပါတယ်။
ဒီတော့ ဆံပင်အရှည်မြန်ချင်တဲ့ မိန်းကလေးတိုင်း အတွက် အခုပြောပြပေးမယ့် နည်းလမ်းလေးတွေက အရမ်းကို အဆင်ပြေပါတယ်။
(၁) အုန်းဆီ ၂ဇွန်းကို အပူပေးလိုက်ပါ။ ရလာတဲ့ အုန်းဆီနွေးထဲကို သံပုယိုသီး တစ်ခြမ်း အရည်ညှစ်ပြီး ပျားရည်တစ်ဇွန်း ရောမွှေလိုက်ပါ။
ရလာတဲ့ ဆီကို ဆံပင်နဲ့ ဦးရေပြားမှာ လိမ်းပြီး တစ်နာရီလောက် ထားလိုက်ပါ။
ပြီးရင်တော့ သုံးနေကျခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။
(၂) အုန်းဆီကို ငှက်ပျော်သီးမှည့် တစ်လုံးနဲ့ သမသွားအောင် ရောမွှေလိုက်ပါ။
ရလာတဲ့အနှစ်ထဲကို အုန်းနို့အနည်းငယ် ရောလိုက်ပါ။
ပြီးရင်တော့ ဆံပင်နဲ့ ဦးရေပြားပေါ်မှာ လိမ်းပြီး နာရီဝက်လောက် ထားကာ ခေါင်းလျှော်လိုက်ပါ။
(၃) ကြက်ဥတစ်လုံးထဲကို ပျားရည်နဲ့ အုန်းဆီ ၁ဇွန်းဆီ ထည့်လိုက်ပါ။
ရလာတဲ့ အနှစ်နဲ့ ဆံပင်၊ ဦးရေပြားကို နှိပ်နယ်ပေးလိုက်ပါ။
ပြီးရင်တော့ တစ်နာရီခန့် ထားပြီး လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးလိုက်ပါ။
အခုပြောပြတဲ့ နည်းလမ်းတွေက ပျိုမေတွေအတွက် အိမ်မှာ လွယ်လွယ်ကူကူ လုပ်လို့ရတော့ အဆင်ပြေစေမှာပါ..။
ကိုယ်ကြိုက်တဲ့ နည်းလမ်းတစ်ခုကို ရွေးသုံးပေးပါနော်..။
Credit with Respect to မိစံ