
ခြေစွယ်ငုတ်ခြင်းက ခံရခက်ပြီး ကုသလို့ အမြစ်မပြတ်ပဲ ပြန်ဖြစ်တတ်ပါတယ်။
တစ်ချို့တွေဆို မျက်ရည်ကျသည်ထိ လှီးဖြတ်ပြစ်ကြပြီး ဆီချက်ပူ လောင်းထည့်တာမျိုးလည်း မြင်ဘူးပါတယ်နောက်တော့ ပြန်ဖြစ်တာပါပဲလေ။
ခု ပြောပြမယ့်နည်းလေးက မနာမကျင်ပဲခြေသဲတစ်ဖြေးဖြေး ပြန့်လာပြီး နောက်ထပ် ခြေစွယ်မငုတ်တော့ပါဘူး။
ခြေသဲလေးကလည်း နူးညံ့ချောမွတ်ပြီး လှပလာပါလိမ့်မယ်နော်။
ဆေးက အဝေးကြီး ရှာစရာမလိုတဲ့တွက် အားလုံးအလွယ်တကူ ပျောက်ကင်းသက်သာနိုင်ပါတယ်။
အိမ်သုံးဆား ဟင်းအိုးထဲ ခတ်တဲ့ဆားပါ ။ဆားအနည်းငယ်ကိုခြေစွယ်ငုတ်နေတဲ့နေရာမှာပုံထားပေးပါ။
ရေအနည်းငယ်ကို လက်ညိုးနဲ့ဆွတ်၍ တစ်စက်တည်း သာချပါ။ဆားပုံထားတဲ့ပေါ်မှာ ချရမှာ ဖြစ်ပါတယ်။
ဆားအရေပျော်ပြီး ဘေးကို စီးကျသွားရင် နဲနဲထပ်ပုံပါ။ ခဲခဲပုံပုံလေး ဖြစ်နေရင် ရပါပြီ။တစ်ခုခုနဲ့ မစည်းရပါဘူး။
ပြည်တည်နေလျှင်လည်း မဖောက်ရပါဘူး။တစ်နေ့ကို ၅ကြိမ်လောက် ပုံပေးပါ။
၃ရက်နေလျှင် ဆားပုံထားတဲ့နေရာက အရေခွံ ကွာကျ လာပါလိမ့်မယ်။မနာကျင်တော့တာကိုလည်း အံ့ဩစွာ တွေ့ရမှာပါ။
အရေခွံ ကို လက်သည်းညှပ်နဲ့ ညှပ်ပစ်လို့ ရပါတယ်။ လုံးဝမနာကျင်ပါဘူး။
ခြေသည်းလေး ပြန့်လာချင်ရင်တော့ တစ်ပတ်တစ်ခါလောက် ခြေသည်းထောင့်ကကုပ်နေတဲ့ နေရာလေးတွေမှာဆားပုံပေးပါ။
အထူးသဖြင့် တောင်သူ ဦးကြီးတွေ ၊ ဒေါ်ကြီးတွေအသုံးတည့်မယ်ထင်ပါတယ်။
စမ်းသုံးကြည့်လိုက်ပါဦး။ဘေးထွက်ဆိုးကျိုး မရှိလို့ ယုံကြည်စွာ စမ်းကြည့်ပါ။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website