လူတိုင်းနားမလည်ကြတဲ့ ရွှေစွန်ညို ကဗျာရဲ့ အနက်အဓိပ္ပါယ်

ခုမှဘဲသိတော့တယ် ရွှေစွန်ညို ကဗျာရဲ့ အနက်အဓိပ္ပါယ်…

ရှေးဆရာကြီးတွေက တက်စဉ်အနေနဲ့ ဒီကဗျာလေးပေးလေ့ရှိတယ်။ ထွက်ရပ်ပေါက်မလား.နိဗ္ဗာန်ရောက်အောင်သွားမလား။

ဒီကဗျာလေးက လမ်းညွှန်မြေပူံပဲ။

ရွှေစွန်ညို ဘာလိုလို့ဝဲ မဒွေးလိုလို့ဝဲ

မဒွေးမပါ ဒို့ဆီလာ

ပါ ပါရဲ့သားနောက်ကထား

မဒွေးအသားခါးလှတယ်

ပင်လယ်ရေနဲ့ဆေးပါ့မယ်

ပင်လယ်ရေကုန်ခမ်း

မြစ်ရေနဲ့ဆေးပါ့မယ်

မြစ်ရေကုန်ခမ်း

ချောင်းရေနဲ့ဆေးပါ့မယ်

ချောင်းရေကုန်ခမ်း

တွင်းရေနဲ့ဆေးပါ့မယ်

တွင်းရေကုန်ခမ်းမှ ဘုံနန်းပြန်ပါ့မယ်

ရွှေစွန်ညို ဘာလိုလို့ဝဲ ဘာကိုရှာနေသလဲ။

မဒွေးလိုလို့ဝဲ မဒွေး=၅+၇=၁၂ သိဒ္ဓိ ၁၂ပါးကိုရှာတာပဲ။

မဒွေးမပါ ဒို့ဆီလာ သိဒ္ဓိ လိုချင်လို့ ဒို့ဆီလာရှာတယ်။ ဒို့ဆီလာတောင်းတယ်။

ပါ ပါရဲ့သားနောက်ကထား ပါရမီ က မင်းတို့မှာပါ ပြီးသား။

မဒွေးအသားခါးလှတယ် ဒါပေမယ့် သိဒ္ဓိ ကမ္မဇဒ္ဓိက ရဖို့သိပ်ခက်တယ်။

ပင်လယ်ရေနဲ့ဆေးပါ့မယ် လောဘကိူ ဒါနနဲ့ခွာချပါ။

မြစ်ရေနဲ့ဆေးပါ့မယ် ဒေါသကို သီလနဲ့ခွာချပါ။

ချောင်းရေနဲ့ဆေးပါ့မယ် မောဟကို သမထနဲ့ဆေးကြောပါ။

တွင်းရေနဲ့ဆေးပါ့မယ် ဝိပဿနာနဲ့ အလင်းဓာတ်ရအောင်ယူပါ။

တွင်းရေကုန်ခမ်းမှ ဘုံနန်းပြန်ပါ့မယ်။လုပ်နိုင်မှ ဝိဇ္ဇာဖြစ်မယ်။

ထွက်ရပ်ပေါက်မယ်.နိဗ္ဗာန်ရောက်နိုင်မယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website