
အဖွားအိုတစ်ဦး ဘဏ်တွင်ငွေလာအပ်သည်။
ငွေပမာဏက အလွန်များသဖြင့် ဘဏ်မန်နေဂျာကမေးသည်။
“အဘွားအဲ့လောက်ငွေအများကြီး ဘယ်လိုရှာလာတာလဲ” “ေဩာ်လောင်းကစားလုပ်လို့ နိုင်လာတာပါ”
“အာမဖြစ်နိုင်ပါဘူး လူတစ်ယောက်က အမြဲကံကောင်းပါ့မလား”
“မယုံရင်မင်းနဲ့ငါနဲ့လောင်းမလား တနင်္လာနေ့ဘဏ်ဖွင့်ချိန်ရောက်ရင် မင်းဖင်မှာ tattoo ထိုးပြီးသားဖြစ်နေရမယ်”
“အာဘာလို့ tattoo ထိုးရမလဲ လောင်းမယ်ဗျာဘာကြေးလဲ”
“ဒေါ်လာ ၅၀၀ ကြေးလောင်းမယ်” “ရတယ်စိန်လိုက်” တနင်္လာနေ့မနက်စောစော အဖွားအိုဘဏ်သို့ရောက်လာသည်။
မြို့မျက်နှာဖုံး လူကြီး ၂ ယောက်ခန့်လည်းပါလာသည်။
“ကဲမန်နေဂျာ မင်းဖင်မှာတက်တူးထိုးထားတယ်မဟုတ်လား” “ဘာမှ မထိုးထားဘူးဒီမှာကြည့်”
မန်နေဂျာက ဘောင်းဘီကိုချွတ်ပြရင်းပြောသည်။ ထိုစဉ်အဖွားအိုနှင့် အတူပါလာသည့်လူတစ်ဦး မူးလဲကျသွားသည်။
“ကဲအဖွားရှုံးပြီ ဒေါ်လာ ၅၀၀ ပေးတော့ ဒါနဲ့ဟိုလူကဘာလို့ မူးလဲသွားရတာလဲ”
“ရော့ဒီမှာငါရှုံးတဲ့အတွက် ဒေါ်လာ ၅၀၀ ဟိုလူက ဘာလို့မူးလဲသွားတာလဲဆိုတော့၊
ဘဏ်မန်နေဂျာကြီး ဖင်လှန်ပြမယ်ဆိုတာကို မယုံဘူးဆိုလို့ ဒေါ်လာတစ်သောင်းကြေးလောင်းထားမိလို့လေ” ‘ ဟိုက် ‘
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website