ဘယ်လောက်လှူလှူ ရဟန်းလက်မခံသောအလှူ

တစ်နေ့မနက် ရဟန်းတစ်ပါးဟာ လမ်းလျှောက်ပြီး ရွာထဲက အိမ်တွေမှာ ဆွမ်းခံကွလာတယ်။

စောစောစီးစီး အရက်သောက်ပြီး အတော်လေး မူးနေတဲ့ အရက်သမား တစ်ယောက်ဟာ အဲဒီရဟန်းကိုမြင်တာနဲ့ ဘေးနားက အတူလိုက်ပါသွားရင် ရဟန်းကို‌ ‌ အော်ဟစ်ဆဲဆို ပါတော့တယ်။

အမူးသမားဟာ ရွာမှာ အဆိုးဆုံး လူမိုက် တစ်ယောက်မို့ ရွာသူရွာသားတွေဟာ ကြောက်ပြီး ဘာမှမပြောရဲ ကြဘူး။

ရဟန်းဟာ လူမိုက် ဆဲဆိုသမျှကို ဘာတစ်ခွန်း မှပြန်မပြော တစ်ချက် လှည့်မကြည့်ဘဲ အိမ်တွေမှာ ဆက်လက်ဆွမ်းခံနေတယ်။

လူမိုက် ကလည်း ရဟန်းနာက လိုက်ပါရင်း မမောမပန်း ဆက်လက်ဆဲဆို‌‌ နေတယ်။

ရွာအစွန်ကိုရောက်လာကြပြီး နေလည်း အတော်ပူပြင်းလာပြီး။

အခု အရက်မူးသမားဟာ အမူးပြေလာပြီး သူလည်းတစ်လမ်းလုံး ဆဲဆိုနေခဲ့လို့မောနေပြီး။

ဒီအခါမှာ အမူးသမားက ရဟန်းကို စလျှောက်တင်တယ်။

အမူးသမား အရှင်ဘုရား တပည့်တော်တစ်လမ်းလုံး ဆဲဆို နေတာကို အရှင်ဘုရား တစ်ခွန်း မှပြန်မပြော စိတ်လည်းမဆိုးဘူး။

အဲဒါ ဘာကြောင့်ပါလဲ ဘုရား။ သူ အမူးပြေ ပြီမို့ အရှင်တွေ၊ ဘုရားတွေခေါ်လာပြီ။

ရဟန်းဒကာတစ်ယောက်က ဘုန်းကြီးကိုပစ္စည်း လာလှူလို့ ဘုန်းကြီးက လက်ခံလိုက်ရင် အဲဒါဘယ်သူ့ ပစ္စည်းဖြစ်သွားမလဲ။

အမူးသမား – ဘုန်းကြီးက လက်ခံမှတော့ အဲဒါ ဘုန်းကြီးပစ္စည်းဖြစ်သွားပြီးပေါ့ ဘုရား။

ရဟန်း = ဒါဆို အဲဒီပစ္စည်းကို ဘုန်းကြီးက လက်မခံရင်ကောကွာ။

အမူးသမား = ဘုန်းကြီးလက်မခံရင် အဲဒီပစ္စည်းဟာ လှူတဲ့သူရဲ့ပစ္စည်းပဲဖြစ်နေမှာပါပဲ။

ရဟန်း = အေး၊ မင်း လမ်းတစ်လျှောက်လုံးမှာ အဆဲအလှူကြီးပေးနေတာကို ဘုန်းကြီး လက်မခံဘူး။

ဒါကြောင့် အဲဒီ အဆဲတွေ အာလုံး ကို မင်းပိုင်သွားပြီး။ အိမ်ကိုပြန်ယူသွားပေတော့။ အမူးသမား = တင်ပါ့ဘုရား။

ဖေ့စ်ဘုတ် မှာ ဆဲလိုက် ရလို့ ကျေနပ်မနေကြပါနဲ့။ အဆဲတွေကို တစ်ဖက်သားက မယူ ဘူးဆိုရင် ဆဲသူထံ ပြန်ရောက် လာပါ လိမ့်မယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website