အရက်ကိုအနံ့ကိုတောင် မခံချင်တော့ဘူးလို့ဆိုတဲ့ လွယ်ကူတဲ့အရက်ဖြတ်နည်း

ပိန္နဲသီးအစေ့ တစ်ဆယ်ကျပ်သားကို အခွံနွှာ၊ ရေဆေးပါ ရေကိုအကြမ်းပန်းကန်လုံး ၅လုံးထည့်၊ ၂လုံးကျန်အောင် ကြိုပါ

သောက်တဲ့အခါ နံနက်အကြမ်းပန်းကန် ၁လုံး၊ ညအကြမ်းပန်းကန်တစ်လုံး သောက်ပေးပါ။ အရက်နာကျတာ သက်သာပျောက်ကင်းစေပါတယ်။

ဒီပိန္နဲသီးအစေ့ပြုတ်ရည်ကိုပဲ နေ့စဉ် နံနက်၊ ည ပုံမှန်သောက်သွားရင် အရက်သောက်ခြင်စိတ် မရှိတော့ပါဘူးတဲ့လေပြိုတဲ့အချိန်မှာ ပိန္နဲသီးအရည်ကို သောက်၊

ထမင်းကို အဝသာ စားထားလိုက်ပါအရက်ကိုအနံ့ကိုတောင် မခံချင်တော့ဘူးလို့ ဆိုပါတယ်။

လွယ်ကူတဲ့ အရက်ဖြတ်နည်းလေးကို မျှဝေပေး လိုက်ပါတယ်ဗျာ

နောက်တစ်နည်း….

အရက်ရဲ့ကျေးကျွန်ဖြစ်ပြီး ငယ်ရွယ်စဉ်မှာပဲ အသက်ပေးသွားကြသူတွေ များပြားလှပါပြီ ၊

အရက်သောက်သုံးသူဦးရေကလည်း များသထက် များလာနေပါပြီ မကောင်းတဲ့ လက္ခဏာပါ

အရက်စွဲနေသူများအတွက် အရက်ပြတ်စေမည့် ဆေးနည်းလေးကို ရှာဖွေပြီး ရေးသားမျှဝေပေးလိုက်ပါတယ်။

အကျိုးရှိစွာ အသုံးချနိုင်ကြပါစေ…

၁ “မိုးမှာ ပိတ်ချင်း၊ နွေမှာ ဂျင်း၊ ဆောင်းတွင်း ငရုတ်ကောင်း” ဆိုတဲ့ တြိကဋုတ် ၃ ပါး ပိတ်ချင်း၊ ဂျင်း၊ ငရုတ်ကောင်း တို့ကို အခြောက်လှမ်း၍ ဆတူကြိတ်ထားပါ

၂ ၎င်းဆေးမှုန့်ကို မနက်တိုင်း လက်ဖက်စားဇွန်းတစ်ဇွန်း သောက်ပါ။

၃ ဆေး ၃မျိုးစလုံးဟာ အပူတွေဖြစ်တာကြောင့် ရေများများ ချိုးပေးနိုင်ရပါမယ်။

ပိတ်ချင်းကို အင်္ဂလိပ်လို Long Pepper လို့ခေါ်ပါတယ်။

ပရဆေးဆိုင်များမှာ မေးဝယ်နိုင်ပါတယ်။ ဆေးကို တစ်ပတ်လောက် သောက်ပြီးတာနဲ့ အရက်သောက်နိုင်စွမ်းလည်း နည်းလာပါမယ်။

သောက်ချင်စိတ်လည်း လျှော့နည်းလာပါမယ်။ သွေးတိုး၊ ဆီးချိုတို့ကိုလည်း ကျစေပြီး ကျန်းမာရေးကိုလည်း ပိုမိုကောင်းမွလာစေပါတယ်။

အဲဒီအချိန်မှာကိုယ့်စိတ်ကိုနိုင်ပြီးထိန်းလိုက်နိုင်ရန်တကယ်ပြတ်ပါတယ်။စိတ်ကိုတော့နိုင်အောင်ထိန်းပေးရပါမယ်။

လူသားအားလုံးကျန်းမာချမ်းသာကြပါစေ။ လူကြီးလူငယ်မရွေး လူ့သက်တမ်းပြည့်အောင် နေသွားနိုင်ကြပါစေ။

စာနွဲ့နေဆိုင် – ပူတာအို