(ဘုန်းကြီး)=ဟဲ့ အသုဘ သွားကြတာ ဘာတရားတွေများရခဲ့ကြလဲ?”
မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
(၁။)တင်ပါ့ဘုရား’သူရှေ့က သွား ကိုယ္်ကနောက်က လိုက်ရမှာပါဘုရား”
(ဘုန်းကြီး)=နောက်တစ်ယောက်က–
(၂။)တင်ပါ့ အနိစ္စ မမြဲခြင်း’ဒုက္ခ ဆင်းရဲ ခြင်း’အနတ္တ အစိုးမရ ခြင်း ကို ဆင်ခြင် မိပါတယ်ဘုရား”
(ဘုန်းကြီး)=ဒကာမကြီးကကော—
(၃။)မှန်ပါ့ဘုရား အပုပ်ကောင် ရုပ်ဆောင်နေတာ လို့ ဆင်ခြင်ပါတယ်ဘုရား”
(ဘုန်းကြီး)= တော်တော်လေး တရားရ ကြတာပါလား” ဒါ့ထက် မနေ့က ဥပုဒ်နေ့ သင်တို့ မမြင်မိကြပါလား”
မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
(၃။)တပည့်တော်မ က ကျောင်းသားတွေတဖက် အိမ်မှုကိစ္စ တဖက်မအားရပါဘူးဘုရား အဲဒါကြောင့်ပါ။
(၂။)တပည့်တော်က ခရီးထွက်သွားလို့ပါဘုရား။
(ဘုန်းကြီး)=တော်ပါပြီ သင်တို့ ဆင်ခြေဆင်လက်တွေ ကုန္် မကုန်နိုင်ဘူး’ မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ဆိုတွာွးဖူးလား?”
(၁။)တင်ပါ့ ကြားဖူးပါတယ်ဘုရာ့ မသာတစ်ခေါက်လိုက်ရင် ကျောင်းဆယ်ခေါက်လိုက်တာနဲ့အတူတူပါ ဘုရား?”
*(ဘုန်းကြီး)=အောင်မယ် သူ့ခွင်ထဲရောက် ပြီဆိုပြီး”အဲဒီ အယူလွဲတွေနဲ့ ကြားဖူးနားဝ တွေကို သင်တို့ တရားရလာတယ်မထင်နဲ့။
မြဲမြဲမှတ်ထား’မသာတစ်ခေါက်ပို့လျှင် သတိ သံဝေဂ ရပြီး ကျောင်းဆယ်ခေါက်လောက် လိုက်ဖြစ်တယ်။လိုက်သင့်တယ် လို့ပြောတာ။
မသာပို့ပြီး လူကြားကောင်းအောင် ကြားဖူးနားဝ တွေနဲ့ သူရှေ့ကသွား ကိုယ်နောက်ကလိုက်”တကယ်လိုက်ရဲလား’
အနိစ္စမမြဲတဲ့ခန္ဓာကြီး ဥပုဒ်နေ့လေးတောင် သီလ မစောင့်ဘဲခိုင်းစားနေရလား’
အပုပ်ကောင်ရုပ်ဆောင်ဆိုပြီး ကိုယ့်တွက်ကိုယ်မလုပ်ဘဲ သားသမီး လင်သား မယားအတွက် ချည်း အားကို မအားရဘူး”
ဘယ်မှာလဲ ရခဲ့တဲ့တရား- သေချာစဉ်းစား’ငါ တရားရ ခဲ့တာလား ကြားဖူးနားဝ တွေ ရှောက်ပြောနေတာ လားလို့။
မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
နာရေးတစ်ခုမှာ ဒကာမတယောက် “တရားနဲ့ဖြေပေါ့ဟာ’သေမျိုးတွေဘဲ သူရှေ့ကသွား ကိုယ် နောက်က လိုက်ရမွာ’ကိုယ့်ကိုယ် ကိုယ် ဒုက္ခမပေးနဲ့”
ဖြေသိမ့်ပုံလေးတော့ကောင်းပါတယ် သူခင်ပွန်းသည်လည်း မကြာခင်ဆုံး သွားတော့’အငိုလွန်ပြီး တက်သွားလို့ မနည်း ကုနေရသေး။
တကယ်တမ်း(အနိစ္စ=မမြဲခြင်းသိရင်) (အပုပ်ကောင် ရုပ်ဆောင်နေတာသိရင်) (သူရှေ့ကသွား ကိုယ် နောက် လိုက်ရမှာသိရင်)
နာရေးတစ်ခုလိုက်ပို့တိုင်း “ငါလည်း သူ့လိုမသေခင် တရားလုပ် သင့်ပြီ”
ဆိုပြီး ကျောင်းကို ဆယ်ခေါက် ရောက်အောင် ကုသိုလ်ပြုနိုင်လျှင်သေချာပြီ ထိုသူ တရားရတယ် ပြောလို့ ရပြီ။
ဒါ့ကြောင့် အပြောနဲ့တင်ပြီးမနေဘဲ’ဆင်ခြေ ဆင်လက်တွေ လျှော့ သင့်ပြီ’ကိုယ့်နောက်တကယ်ပါမည့် ကုသိုလ်တွေ ကျိုးစား အားထုတ်သင့်ပြီ။
မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
ကြပ်ကြပ် သတိထားကြ” သေမင်းက ကိုယ့်ကိုအချိန်မပေးဘူး။စောင့်မနေဘူး။
ဓမ္မမိတ်ဆွေ