
ဘိိတ်ချဉ် လုပ်နည်း မေးသူများအတွက်ပါ
၁။ ကြက်သွန်ဖြူ ဥတစ္လုံး
၂။ ငရုတ်သီးစိမ်း
၃။ ရှာလကာရည်
၄။ ငံပြာရည်
၅။ အချိုမှုန့်
အားလုံးရောပီး စိမ်ထားရုံပါပဲ။ အကြာကြီးလည်း အထားခံပါတယ်။အချိုးအစားကတော့ ပုံပါအတိုင်းပါပဲ။
ဒါကြောင့် အိမ်မှာ အဆင်သင့် အမြဲလုပ်ထားပါတယ်။ထမင်းပေါင်း,ထမင်းကြော်,ကြာဇံကြော်,ကြက်ကင်ဘာပဲလုပ်စားစား ဘိတ်ချဉ်ရှိတော့ အဆင်သင့်စားရုံပါပဲ။
Hot Pot နဲ့ စားရင်တော့ ခုစိမ္ထားတဲ့ ဘိတ်ချဉ်ထဲကိုသကြား ထပ်ထည့်ပီး စားပါတယ်။အရောင်ပါတဲ့ အချဉ်တွေထက် ဘိတ်ချဉ်ကို ပိုကြိုက်ပါတယ်။
ကော်ဗူးက ကြာရင် ကော်နံ့ထွက်တတ်တာမို့ပုလင်းနဲ့စိမ်တာက ပိုကောင်းပါတယ်။ခုလို စိမ်ထားတော့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းထဲကိုအရသာစိမ့်ဝင်နေပီး ပိုစားကောင်းပါတယ်။
ကင်းမွန် ငံပြာရည်ထည့်ထည့်, ဗမာငံပြာရည်ထည့်ထည့် ရပါတယ်။ရေမရောရပါဘူး။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website