
လွန်ခဲ့တဲ့ ၉ နှစ် လောက်က နက္ခတရောင်ခြည် မဂ္ဂဇင်း စာအုပ့်ကို လစဉ် ထွက်တာနဲ့ ဝယ်ပြီးဖတ်တယ်။
အဲထဲမှာက ဗဟုသုတ မှတ်သားဖွယ်ရာတွေ အကိုးကားနဲ့ ပါလေ့ရှိတယ် ။
မှတ်ထားမိတာလေး ပြန်လည်မျှဝေတာပါ ကိုယ်ကိုတိုင်လည်း သောက်သုံးဖူးတယ်။
အရသာကတော့ တော်တော် ခါးတယ်ဗျ အဲ့လိုလွယ်လွယ်ကူကူနဲ့ မှီဝဲရတာလည်း ဝါသနာပါတယ် ။
လိပ်စာ အတိကျတော့ မမှတ်မိတော့ပါဘူး။ မုံရွာနယ်က ကျေးရွာ တစ်ရွာက တောကျောင်း ဘုန်းတော်ကြီးတစ်ပါးရဲ့ ဆေးနည်းလေးပါ။
ဖြစ်စဉ်ကတော့ မုံရွာ-မန္တလေး ကားမောင်းသမား တယောက်ဟာ နေဓူဝ ကားမောင်းရတဲ့ အဖြစ်ကနေ ကိုယ်တချမ်းသေပြီး လေဖြတ်တယ် ဆိုပါတော့ ။
ဆေးရုံ ဆေးခန်း ပေါင်းများစွာ ဆေးကု့တာပဲ။ သို့သော်လည် အကောင်းတိုင်း ပြန်မဖြစ့်တော့ပါဘူး ။
ဒီလိုနဲ့ တစ်ယောက်စကား တစ်ယောက်နား ဆိုသလို ထိုဘုန်းတော်ကြီးရှိတဲ့ တောကျောင်းကို မျှော်လင့်ချက် များစွာနဲ့ ရောက်သွားချိန်မှာတော့
ဆရာတော်ကြီးပေးတဲ့ ဆေးနည်းကိုမယုံတဝက် ယုံတဝက်နဲ့ ဖော်စပ်ပြီး ဝေဒနာရှင်ဟာ သုံးဆောင်ပါသတဲ့ နှစ်လလောက် သောက်ပြီးချိန်မှာ ထူးခြားစွာ လမ်းလျှောက်နိုင်ပီး ရောဂါ ပျောက်သွားပါသတဲ့။
ဆေးနည်း…
ဆေးနည်းကတော့ ဒီလို အချိုးကျ ဖော်စပ်ယုံပါပဲ။
ဆင်တုံးမနွယ်အစို လက်တညို တဆစ်ဖြတ် (ငါးကျပ်သား)
ရေချက်အေး ငှက်ပျောဖူးပုလင်း နှစ်ပုလင်း ( မန္တလေး ဘီယာပုလင်း ပုံစံမျိုးကို ငှက်ပျောဖူး ပုလင်းဟုခေါ်သည်။)
ထန်းလျက် (ငါးကျပ်သား)
ဆားတဇွန်းရှောက်နူသီး နှစ်လုံး ရှောက်ဘီလူးသီးဟုလည်း ခေါ်ကြသည်။
ရှမ်းပြည်နယ်မှာ ပေါပါတယ် ။ထိုင်းနိုင်ငံမှာ ထိုရှောက်ဘီလူသီးများ အိမ်တိုင်ရှိကြသည် ။ ဟင်လျာထည်မှာ ထည့်၍ ချက်ကြသည် ။
ထိုသုံးမျိုးကိုဆတူရောပြီးတစ်ပတ်တိတိ_အဖုံးလုံသောဗူးဖြင့်ပိတ်ကာထားပြီး ။
တစ်နေကိုညမအိပ်ခင်_ရေနွေးအကြမ်းပုဂံစတီဇွန်း ၂ ဇွန်းစာလောက် နေ့စဉ် သောက်သုံးရင်းဖြင့် မျက်စိမှုံခြင်း အကြောတက်ခြင်း ခြေလက်ညောင်းညာခြင်း မလန်းဆန်း၍ စိတ်မအီမသာဖြစ်ခြင်း အိပ်မပျော်၍ ထိုင်းမှိုင်းခြင်း တို့ကို လက်တွေ့ပျောက်ကင်းပါတယ် ။
သွေး လေ လည်ပတ်မျှတမှု ကောင်းတာကြောင့် သုံးဆောင်နေခြင်းဖြင့် ဒီတစ်သက် လေဖြတ်တဲ့ ရောဂါ မဖြစ်ကြောင်း ထိုဆရာတော်ကြီးက အာမခံပါသတဲ့။
ဝေဒနာ ရှင်ဟာ ၆လ လောက် စွဲပြီးသောက်လိုက်ရာ အရင်တိုင်းဘဲ ကားမောင်တဲ့ အလုပ်ကို အကောင်းပကဓိအတိုင်း ပြန်လုပ်နိုင်ပြီး မိသားစုနှင့် ပျော်ရွှင်စွာ ဝင်ငွေမပျက် ရှာနိုင်ပါသတဲ့ ။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website