ရွာတရွာဖြစ်ပေါ်ဖို့ စုန်း (၇) ယောက်ရှိဖို့လိုတယ်ဆိုတဲ့ဓလေ့

ရွာတရွာဖြစ်ပေါ်ဖို့ စုန်း (၇) ယောက်ရှိဖို့လိုတယ်လို့ တလွဲအတွေးတွေနဲ့ ကြားဖူးနားဝရှိခဲ့တာကို ဗဟုသုတအနေနဲ့ တင်ပါရစေ။

ယောဒေသမှာ ရွာသစ်တရွာတည်ဖို့ စုန်း( ၇ )ယောက်လိုတယ် တဲ့လားငယ်စဉ်က

ကြားဖူးနားဝစကားလေးပါ။စုန်းအကြောင်းတွေက အိပ်ယာဝင်ပုံပြင်တွေလို အထူးထူး အခြားခြား အများများအပြားပြား။

တကယ်တွေ့ဖူးသည်ဆိုသည့်ပုဂ္ဂိုလ်ထံ မေးမြန်းပြန်တော့လည်း စေ့စေ့ငငဖြေနိုင်သူဟူ၍ မတွေ့ရသေးပါ။

မိမိလက်လှမ်းမီသလောက် ရှာဖွေကြည်တော့ ရွာတရွာတည်ဖို့လိုအပ်တဲ့ စုန်း (၇) ယောက်ကစုန်း=> စု

န္နော=>ဖြောင့်မှန်သောသူ ( စုန္နောတိဥဇုကတော-ဖြောင့်မတ်မှန်ကန်သည့် ပညာရှင်ခုနှစ်ဦး ) ဋီကာကျမ်း ထိုခုနှစ်ဦးမှာ

( ၁ )မြေပညာရှင်ရွာသစ်တည်မည့်နေရာသည် မြေအနေအထားသင့်မသင့် မြေဆီမြေလွှာကို သိရှိကျွမ်းကျင်သူ

(၂)ရေပညာရှင်သောက်သုံးရေ/ရေချို/စိုက်ပျိုးရေးလုပ်ငန်းသုံးရေ ရမရကို သိရှိကျွမ်းကျင်သူ

(၃)လေပညာရှင်လေကြောင်းသင့်မသင့် လေငြိမ်အရပ် ဟုတ်/

မဟုတ် စသည့် လေသဘောသဘာဝကို ကျွမ်းကျင်ပါးနပ်သူ

(၄) စီးပွါးရေးပညာရှင်

(၅)ပညာရေး စီမံနိုင်သူ

(၆)ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သူ

(၇)ဆက်သွယ်ရေး ကျွမ်းကျင်သူရွာတည်မည့်နေရာသည် ရွာ၏လိုအပ်ချက်များအတွက် ၊

ဆက်သွယ်သွားလာရန် လွယ်ကူမည့်အချက်အလက် လမ်းကြောင်းကိုသိသောသူအစရှိသဖြင့် တွေ့ရှိမှတ်သားမိပါတယ်။

ယခုစာကိုဖတ်မိသူအနေနဲ့ မှတ်သားမိသမျှလေးတွေ ပြန်ဝေမျှတာပါခင်ဗျ။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website