
အဆင့်တန်းမရှိသူများ၏ လက္ခဏာ ( ၁၈ ) ရပ်….
၁။စကားကိုလိမ်ညာပြောတတ်ခြင်း။
၂။လိုတစ်မျိုးမလိုတစ်မျိုးပြောတတ်ခြင်း။
၃။အခုတစ်မျိုးနောက်တစ်မျိုးပြောတတ်ခြင်း။
၄။ကိုယ်တဖက်ထဲကြည်၍ပြောတတ်ခြင်း။
၅။ငြင်းခုံ၍အမှားများကိုပြောတတ်ခြင်း။
၆။မရှိဘဲကြွားဝါး၍ပြောတတ်ခြင်း။
၇။ရိုင်းစိုင်းစွာဆဲဆိုတတ်ခြင်း။
၈။ကိုယ့်ကိစ္စကိုတာဝန်မယူခြင်း။
၉။ကတိသစ္စာမတည်ခြင်း။
၁၀။အမှန်တရားကိုလက်မခံခြင်း။
၁၁။ကိုယ့်အမှားကိုဝန်မခံခြင်း။
၁၂။ဘာသာတရားကိုလေးစားမူမရှိခြင်း။
၁၃။အမှန်အမှားကိုခွဲခြားမသိခြင်း။
၁၄။မတော်လောဘဖြင့်စီးပွားရှာခြင်း။
၁၅။ငွေကြေးချမ်းသာမူကိုအထင်ကြီးခြင်း။
၁၆။ကိုယ်ကျင့်သိက္ခာဣန္ဒြေမရှိခြင်း။
၁၇။မထိုက်တန်တယ်ရာထူးနေရာယူခြင်း။
၁၈။သီလသမာဓိမတည်ကြည်ခြင်း။
စိတ်နေသဘောထားနဲ့ အသိဉာဏ် အဆင့်အတန်းမြင့်မားလာလေလေ၊
သဘောထား ကြီးလာလေလေဖြစ်လာတာဟာသဘာဝဖြစ်ပါတယ်။
“ကုသိုလ် အကုသိုလ်ဆိုတာ ဘာကို ပြောတာလဲ?”
အဆင့်အတန်းနိမ့်တဲ့ စိတ်ကို အကုသိုလ်လို့ ပြောတာ။အဆင့်အတန်း မြင့်တဲ့စိတ်ကို ကုသိုလ်လို့ ပြောတာ။
စိတ်ကို ပြောတာနော်။စိတ်ရဲ့ အရည်အသွေးကို ပြောတာ။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website