ပျောက်ကွယ်လုနီးပါး မြန်မာ့ ရှေးထုံး အစဥ်အလာ စကားများ

၁ ။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။

၂ ။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။

၃ ။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။

၄ ။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။

၅ ။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ၀င်ကာမခိုသင့် ။

၆ ။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။

၇ ။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး ၃ ခုလုံး ကုန်းကွ၀င်လို့ မလျှိုနှင့် ။

၈ ။ သားတစ်သီဖို့ မဲတံစို့ ထောင်လို့ မထားနှင့် ။

၉ ။ ခရီးရောက်ခါ အိပ်ရာထစ ဒေါသမျက်ပွား ဤသူများ စကားလိုရာ မမေးနှင့် ။

၁၀ ။ မသန့်ပြန့် တစ်ခန်း လမ်းလယ်တစ်ရပ် သူမြတ်နေရာ ဤ ၃ ဖြာ တက်ကာ မနေနှင့် ။

၁၁ ။ နှုတ်ပိုက်ရှိငြား မိန်းမများ သွား၍ မချီနှင့် ။

၁၂ ။ မိန်းမမွေးနေ့ သီတင်းနေ့ နေ့လယ်အခါ ဤ ၃ ဖြာ ကာမမြူးထူး မကျူးနှင့် ။

၁၃ ။လိုမရှိခါ အင်္ဂါမှန် (ကျောင်းကန်ဘုရား)သွားရင်း တစ်ထွေ သန္ဓေရင့်မာ ဤအခါ ကာမမြူးထူး မကျူးနှင့် ။

၁၄ ။ဆရာမိဘ ကိစ္စတစ်ထွေ မီးနှင့်ရေ မထီလေးစား မပြုနှင့်။

၁၅ ။ စလောင်းတစ်တန် ပန်ကန်တစ်သီး ဤမြေကြီး ခတ်တီး မပြုနှင့် ။

၁၆ ။ ထမင်းဟင်းအိုး မွှေထိုးယောက်မ လက်ကိုင်က မီးမှာ ပြန်ကာ မထိုးနှင့် ။

၁၇ ။ မီးမတောက်လျှင် စားဖိုခွင် ပြိုင်ယှဉ် နှစ်ယောက် မမှုတ်နှင့် ။

၁၈ ။ ခေါင်းပေါင်းတစ်မျိုး ပုဆိုးတဘက် သစ်ရွက်နားပန် ဆံပင်တစ်လက် ဤ ၄ ရပ် ဖြတ်တိ မပြုနှင့် ။

၁၉ ။ လက်ဆုံစားလူ အိမ်နေသူ ကိုယ်မူ နှုတ်ပိုက်ရှိ ဆင်၊မြင်း၊ကျွဲ၊နွား စသည်များ ၀ယျမှားဘေးဒဏျထိ ။

၂၀ ။ အဦးသီးသစ်ဦး ဖလမိန်းမ မဆွတ်ကောင် ၊ မိန်းမဆွတ်ငြား သစ်သီးများ ပျက်ပြားသိမ်ဖျင်းကြောင်း ။

၂၁ ။ သန္ဓေရင့်မာ မိတ်သဟာ မင်္ဂလာလက်ဖွဲ့ မပြုနှင့် ။ဘာပဲဖြစ်ဖြစ် လိုက်နာရင် ကိုယ်အတွက်ကောင်းတာတွေ အများကြီးပါတယ်လို့ ယူဆနိုင်ပါတယ် ။

အခုခေတ် မြန်မာတွေကတော့ ဒါတွေဟာ လောကီအယူအဆတွေပါ နိဗ္ဗာန်ရောက်ကြေင်း မဟုတ်ဘူးလို့ ပြောချင် ပြောနေပါ လိမ့်မယ် ။

ဒါပေမယ့် ဗဟုသုတအနေဖြင့် လေ့လာသင့်ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website