
၁။ ကောင်းကွက်ရှိလျှက်နဲ့ မကောင်းကွက်ကိုမှ ရွေးပြီးကြည့်တတ်တဲ့….လူ။
၂။ သူတစ်ပါးရဲ့ ဂုဏ်သတင်းကိုအခြားလူတစ်ယောက်ကိုဖွင့်ဟပြောရမှာဝန်လေးတတ်တဲ့..လူ။
၃။ ကိုယ်နဲ့မထိုက်တာသိရဲ့သားနဲ့ သူတစ်ပါးရမှာကြောက်လို့ မကောင်းကြံတတ်တဲ့..လူ။
၄။ ကိုယ်မလုပ်နိုင်မှန်းသိလျှက်နဲ့သူတစ်ပါးလုပ်နိုင်တာကို မနာလိုဝန်တိုတတ်တဲ့..လူ။
၅။ အခြားလူဘက်မှာအမှန်တရား ရှိတာသိလျှက်နဲ့ငွေကြေးရှိတဲ့သူဘက်ကရပ်တည်တတ်တဲ့..လူ။
၆။ ငါသာဗိုက်ဝရင်ပြီးရော သူတစ်ပါးငတ်ငတ်ဆိုတဲ့ စာနာစိတ်မရှိတဲ့..လူ။
၇။ ပိုက်ဆံမျက်နာတစ်ခုအတွက်နဲ့ အကုသိုလ်ကိုပြုလုပ်ရဲတဲ့..လူ။
၈။ သူတစ်ပါးကိုအပေါ်ယံကြည့်ပြီးအထင်သေးတတ်တဲ့..လူ။
၉။ ငွေကြေးချမ်းသာတဲ့သူနဲ့ကြတော့တစ်မျိုး ငွေကြေးဆင်းရဲတဲ့ သူတွေနဲ့ကြတော့တစ်မျိုး..လိုတစ်မျိုး မလိုတစ်မျိုးဖြစ်တတ်တဲ့..လူ။
၁၀။ ရိုးသားတဲ့ လူတွေအပေါ်မှာလိမ်ညာကောက်ကျစ်ကြပြီး ဖိနှိပ်ဆက်ဆံတတ်တဲ့..လူ။
(အဲ့သလို လူမျိုးတွေထဲ ကိုယ်လဲ မပါစေနဲ့…တွေ့ကြုံခဲ့ရင်လဲအပေါင်းအသင်း မလုပ်ပါနဲ့)
Credit – (လောကဓမ္မ)