ဒီလိုလူ သုံးမျိုးကို ပေါင်းသင်းမယ်ဆိုရင် သင့်ဘဝက အပေါ်ရောက်ဖို့ခဲယဥ်းသွားပြီ

ဒီလိုလူ သုံးမျိုးကို ပေါင်းသင်းမယ်ဆိုရင် သင့်ဘဝက အပေါ်ရောက်ဖို့ခဲယဥ်းသွားပြီ၊

၁။အလိုက်သင့်ပေါင်းပြီး အတွင်းကျိတ် မကောင်းကြံလေသူ

၂။ရလျှင်တစ်မျိုး မရလျှင်တစ်မျိုး ပြောင်းလဲဆက်ဆံတတ်သူ

၃။တစ်ဖက်သားကို ချောက်တွန်းပြီးမှ မိမိကောင်းစားရေးကို လုပ်ဆောင်တတ်သူ ထိုသူတွေက ဂဏန်းနဲတူတဲ့ လူတွေဖြစ်တယ်။

ဂဏန်းတွေဟာ သူတို့ကိုယ်တိုင်သာ အပေါ်မရောက်ဘဲရှိမယ် “ဆွဲချ” တဲ့နေရာမှာ အင်မတန် အားသန်ကြပါတယ်။

တစ်ခါက လူငယ်တစ်ယောက် ကမ်းခြေတစ်ခုကို သွားရင် အဖုံးမပါတဲ့ ပလိုင်းနဲ့၊

ဂဏန်းကောက်နေတဲ့လူကြီး တစ်ယောက်ကိုတအံံ့တသြံ ဖြစ်ခဲ့ဘူးတယ်။

ဒီကောင်းလေးက “အကိုကြီး၊ ခင်ဗျား ပလိုင်းပေါက်နဲ့ဖားကောက်တယ် ဆိုတဲ့ စကားပုံလို၊

အဖုံးမပါ ဟာလာဟင်းလင်း ပလိုင်းကြီးနဲ့ ဂဏန်းတွေ လိုက်ကောက်နေရသလား၊ ထွက် မကျ ကုန်ဘူးလား”လို့ ပြောတယ်။

လူကြီးက “ညီ။ မင်း ဂဏန်းတွေ အကြောင်း မသိပဲကိုးကွ။

ဂဏန်းတွေ ဆိုတာ ထွက်ပေါက် တစ်ခုရလို့ တစ်ကောင်ကစတက်ရင် နောက် တစ်ကောင် ကလည်း လိုက်ပြီး အလုအယက် လိုက်တက်တယ်။

လုတက်တယ် ဆိုကတည်းကအောက်တစ်ကောင်က အပေါ် တစ်ကောင်ကို သူ့လက်တွေနဲ့ ချိတ်ယူ ပစ်တယ် ဆွဲချပစ်တယ်။

တစ်ကောင်နဲ့ တစ်ကောင် တက်ရင်း၊ ချိတ်ရင်း ကြိုးပမ်းရင်းက တစ်ကောင် ကို တစ်ကောင်က ဆွဲချနေကြ ပါရော။

ဒါကြောင့် တစ်ကောင်မှ ထွက်မလာနိုင်ဘူး။ ပလိုင်းဖုံးကို အေးဆေး ဖွင့်ထားနိုင်တယ် ငါ့ညီ။

ဂဏန်း ဆိုတဲ့ အမျိုးဟာသူတို့ ကိုယ်တိုင်သာ အပေါ်မရောက်ဘဲ ရှိမယ် –“ဆွဲချ” နေရာမှာ အင်မတန် သန်ကြတယ်။

”စာဖတ်မိတ်ဆွေတွေအားလုံးကိုလည်း မိမိကိုယ်ရော တစ်ပါးသူကိုရော ကောင်းကျိုးမပေးတဲ့ ဂဏန်းလို မဖြစ််ကြဖို့၊ထိုလူမျိုး မတွေ့ဆုံကြဖို့ကိုပါ ဆုတောင်းပေး လိုက်ပါ တယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website