ဘဝကို (သုည)က စပါ…

တစ်ခါတုန်း ဘီလျှံနာသန်းကြွယ်သူဌေးတစ်ယောက်ဆီမှာ အလုပ်သမားလူငယ်နှစ်ယောက်ရှိသတဲ့ ၊

ဘီလျှံနာသန်းကြွယ်သူဌေးဟာ အလွန်ဉာဏ်ကောင်းပြီး ရိုးသားကြိုးစားတဲ့လူတစ်ယောက်ဖြစ်တယ်။

သန်းကြွယ်သူဌေးဆီမှာ ဒီလူငယ်နှစ်ယောက်ဟာ အလုပ်လုပ်လာတာဆယ်နှစ်ရှိခဲ့ပါပြီ။

တစ်နေ့တော့ သန်းကြွယ်သူဌေးက သူ့ရဲ့အလုပ်သမား နှစ်ယောက်ကိုခေါ်မေးသတဲ့..”

ကဲ အခုမင်းတို့နှစ်ယောက်ငါ့ဆီမှာ အလုပ်လုပ်လာတာဆယ်နှစ်ရှိပြီ မင်းတို့ဘာတွေပိုင်ဆိုင်ပြီးပြီလည်း”တဲ့တစ်ယောက်ကတော့ ဘာမှမစုမိသေးပါဘူးလို့ဖြေတယ်။

နောက်တစ်ယောက်ကတော့ မြေလေတစ်ကွက်ပဲပိုင်ပါသေးတယ်လို့ဖြေတယ်။သူဌေးက ဆက်ပြောတယ်။

”မင်းတို့ငါ့ဆီမှာအလုပ်လုပ်တာဆယ်နှစ်ရှိပြီ နင့်တို့ရဲ့ကြိုးစားမှုကြောင့် ငါဟာ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ခဲ့တယ်။

မင်းတို့ရဲ့ကြိုးစားမှု့ကိုငါ အသိအမှတ်ပြုတဲ့အနေနဲ့ မင်းတို့ကို အဆုချီးမြှင့်ချင်တယ်။

ဒါကြောင့် ငါမင်းတို့ကို ရွေးချယ်စရာ နှစ်ခုပေးမည်။ မင်းတို့ကြိုက်တာယူပါ”ဟုဆိုကာသူဌေးက ရွေးချယ်စရာနှစ်ခုပေးလိုက်ပါတယ်။

”ရွေးချယ်စရာနှစ်ခုမှာ တစ်ခုက ပိုက်ဆံ မင်းတို့ဘဝပြောင်းလဲနိုင်လောက်တဲ့အထိငွေပမာဏကိုတောင်းပါ။

နောက် တစ်ခုက ငါချမ်းသာအောင်မြင်လာတဲ့နည်းလမ်းကို သင်ပေးမည် မင်းတို့ကြိုက်တာယူပါ”

ဒါနဲ့.. လူငယ်တစ်ယောက်က ”ကျွန်တော်ကို ငွေသိန်းငါးထောင်ပေးရင်ကျွန်တော်ဘဝအတွက်ပြောင်းလဲနိုင်ပါတယ်”တောင်းလိုက်တယ်။

နောက်တစ်ယောက်ကတော့ ”ကျွန်တော်ငွေမလိုပါဘူး။ ကျွန်တော့်ကို ချမ်းသာအောင်မြင်နိုင်မယ့်နည်းလမ်းကိုပဲ သင်ပေးပါ။

ကျွန်တော်ဘဝအတွက်ပြောင်းလဲနိုင်ပါတယ်”လို့ပြောပါတယ်။

ဘီလျှံနာသန်းကြွယ်သူဌေးကလည်း ”အေ ဟုတ်ပြီ..ငွေတောင်းတဲ့လူကို ငွေပေးမယ်။

ချမ်းသာအောင်မြင်ချင်တဲ့လူကိုချမ်းသာအောင်မြင်နိုင်မယ့်နည်းလမ်သင်ပေးမည်”ဟုဆိုကာ၊

နောက်ငါးနှစ်ကြာရင် ငါ့ဆီကို မင်းတို့နှစ်ယောက်ပြန်လာခဲ့ဆိုပြီးလူငယ်နှစ်ယောက်ကို အတန်တန်မာလိုက်ပါတယ်။

ဒီလိုနဲ့ နောက်ငါးနှစ်ကြာတဲ့အခါ ငွေတောင်တဲ့လူ နဲ့ ချမ်းသာတဲ့နည်းလမ်းကိုတောင်တဲ့ လူငယ်တို့ သူဌေးဆီကိုပြန်လာခဲ့ပါတယ်။

သူဌေးက..”ကဲ အခုငါးနှစ်ဆိုတဲ့အချိန်ကာလမှာ မင်းတို့ဘဝတွေ ဘာဖြစ်သွားပြီလည်း”

ချမ်းသာအောင်မြင်ရေးနည်းလမ်းတောင်းတဲ့လူက”ဟုတ်ကဲ့ပါ သူဌေးမင်း ကျွန်တော်က သူဌေးသင်ကြားပေးလိုက်တဲ့နည်းလမ်းအတိုင်း ကြိုးစားခဲ့ပါတယ် ရိုးလည်းရိုးသားခဲ့ပါတယ်။

ကျွန်တော်ကိုယ်ကျွန်တော်အောင်ကိုအောင်မြင်စေရမယ်လို့လည်းအကြွင်းမဲ့ယုံကြည့်ခဲ့ပါတယ်။

မလျော့သော ဇွဲလုံ့လ ဝိရိယ တို့နဲ့ကျွန် တော်အားစိုက်ခဲ့တာကြောင့် အခု တိုက်တစ်လုံးနဲ့ကားတစ်စီးအပြင်ကုမ္ပဏီတစ်ခုကိုလည်း တည်ဆာင်နိုင်ခဲ့ပါပြီ”ဟုသူဌေးဆိုသူကို ပြောပါတယ်။

ငွေတောင်းတဲ့လူငယ်ကလည်း သူ့ရဲ့ငါးနှစ်ကာလကိုဖြတ်ကျော်ခဲ့တဲ့အကြောင်းကိုသူဌေးကိုပြောပြပါတယ်။

”ဟုတ်ကဲ့ သူဌေး သူဌေးပေးတဲ့ငွေတွေကိုကျွန်တော်ဘဝပြောင်းလဲနိုင်မယ့် ကုမ္ပဏီတွေမှာ ရှယ်ယာဝင်တယ်။

နောက်ပြီး အိမ်နဲ့ကားဝယ်တယ်ကျန်တဲ့ အပိုငွေတွေကို ခရီးသွားရင်းနဲ့အချိန်ကုန်ခဲ့ပါတယ်။

ရှယ်ယာဝင်ငွေတွေက အစပိုင်းမှာတော့ ဟုတ်သလိုလိုနဲ့နောက်တော့ ကျွန်တော်ဝင်ထားတဲ့ ကုမ္ပဏီဟာအရင်းရှုံးသွားလို့နှံလံမထူးနိုင်ခဲ့ပါဘူး။

သူဌေးဆီမှာ အလုပ်လုပ်ခဲ့တဲ့ ဆယ်နှစ်မှာလည်းအလုပ်ငန်းအတွေ့ကြုံကို သင်ယူချင်းမရှိတဲ့အတွက်ပေါ့ပေါ့နေပေါ့ပေါ့စားနဲ့လုပ်နေမိတယ်။

ဒါကြောင့်အခု ကျွန်တော်မှာ အိမ်လေးတစ်လုံးကလွဲပြီး အလုပ်လက်မဲ့ဖြစ်နေပါပြီလို့ သူ ဌေးကို ပြောလိုက်ပါတယ်။

ဒါနဲ့ သူဌေးက ”အေးမင်းတို့ နှစ်ယောက်လုံးမှတ်ထားကြပါ။အပင်ကြီးတဲ့သစ်ပင်ဟာ အမြက်မခိုင်ရင်ပြိုလဲမြန်တယ်။

အပင်မကြီးပေမယ့် အမြက်ခိုင်တဲ့ သစ်ပင်ဟာ ကွဲအက်နေတဲ့မြေတွေကြားမှာ ဘယ်လောက်ပင်ကြီးမားတဲ့မုန်းတိုင်းတွေရှိနေပါစေ ထိခိုက်ဒဏ်ရာရရုံကလွဲလို့ဘယ်တော့မှ ပြိုလဲပျက်စီးခြင်းမရှိဘူး။

ဘယ်လိုရှင်သန်နေထိုင်ရမလဲ့ဆိုတာ စဉ်းစားတွေးတတ်ပါတယ်။ ဒီလိုနေတတ်တာကြောင့်အမြဲတန်းလှပရှင်သန်နေလိမ့်မယ်။

ဘဝဆိုတာ သုညကစရတယ်. မင်းတို့ကိုယ်သင်ယူ အားစိုက်မှုမရှိဘဲသူများခြေ ထောက် နဲ့ရပ်တည်ချင်တဲ့ လူတွေဟာဘဝမှာ ဆုံးရှုံးမှုအများဆုံးပဲ။

ငါးနှစ်ဆိုတဲ့ အချိန်ကာလဟာ လူတစ်ယောက်ရဲ့ဘဝကိုကောင်းကောင်းပြောင်းလဲနိုင်တယ်ဆိုတာ မင်းတို့သိထားပါလို့ ပြောဆိုလိုက်ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website